Connect with us

China

တင်းရွှဲရှန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi တို့ ပေကျင်းမြို့၌ ၂၀၂၅ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယ ဝန်ကြီးချုပ် တင်းရွှဲရှန်သည် ဧပြီ ၂၃ ရက်တွင် ပေကျင်းမြို့၌ အီရန် နိုင်ငံခြားရေးဝန်ကြီး Seyed Abbas Araghchi နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တင်းရွှဲရှန်က တရုတ်-အီရန် နှစ်နိုင်ငံသည် အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးကြပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင်လည်း အောင်မြင်မှုရလဒ် များစွာ ရရှိခဲ့ကြောင်း၊ ယမန်နှစ် အောက်တိုဘာတွင် သမ္မတ ရှီကျင့်ဖိန်သည် သမ္မတ Masoud Pezeshkian နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-အီရန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာလမ်းညွှန်မှုပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အီရန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးပါသည့်သဘောတူညီချက်ကို ကောင်းမွန်စွာဖော်ဆောင်ပြီး အဆင့်မြင့်အလွှာဆက်ဆံမှုကို အနီးကပ်ဆောင်ရွက်ကာ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ ခိုင်မာအောင် လုပ်ဆောင်သွားလိုကြောင်း၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ကာ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ရေရှည်တည်ငြိမ်စွာ ရှေ့ဆက်လျှောက်လှမ်းနိုင်ရန် တွန်းအားပေးခြင်းဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Seyed Abbas Araghchi က အီရန်-တရုတ် ဆက်ဆံရေးသည် ရေရှည်ခိုင်မြဲမှုရှိကြောင်း၊ အီရန်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အထူး အလေးထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံခေါင်းဆောင်များ သံတမန်ဆက်ဆံရေးကို လမ်းညွှန်မှုအဖြစ် ထားရှိကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်ပြီး ဘက်စုံ ညှိနှိုင်းဆက်ဆံမှုကို မြှင့်တင်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းနိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————–
(Chinese Version)
丁薛祥会见伊朗外交部长阿拉格齐
新华社北京4月23日电 中共中央政治局常委、国务院副总理丁薛祥23日在北京会见伊朗外交部长阿拉格齐。
丁薛祥表示,中伊两国传统友好,各领域合作取得丰硕成果。去年10月,习近平主席同佩泽希齐扬总统举行会见,为中伊关系发展提供了战略引领。中方愿同伊方一道,落实好两国元首重要共识,密切高层交往,夯实政治互信,拓展务实合作,加强国际和地区事务协作,推动中伊全面战略伙伴关系行稳致远,更好造福两国和两国人民。
阿拉格齐表示,伊中友谊长久牢固,伊方高度重视两国全面战略伙伴关系,愿同中方以元首外交为引领,深化互利合作,增强多边协调互动,更好维护共同利益。(完)
图说:4月23日,中共中央政治局常委、国务院副总理丁薛祥在北京会见伊朗外交部长阿拉格齐。 新华社记者 殷博古 摄