မြန်မာ-中文
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက် လျှော့ချပြီး ကုန်သွယ်ရေးစစ်ပွဲ အန္တရာယ် သတိပေး

ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဧပြီ ၂၂ ရက်တွင် နောက်ဆုံးထုတ် “World Economic Outlook (WEO)” အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကို ၂.၈ ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ ခန့်မှန်းတန်ဖိုးထက် ၀.၅ ရာခိုင်နှုန်းပွိုင့် လျော့နည်းမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီလတွင် “World Economic Outlook (WEO) အစီရင်ခံစာ” အကြောင်းအရာကို အသစ်ဖြည့်စွက် ထုတ်ပြန်ပြီးသည့်အချိန်မှစ၍ အမေရိကန်နိုင်ငံ အစိုးရသည် စည်းကြပ်ခွန်အစီအမံများစွာကို ကြေညာပြီး အကောင်အထည်ဖော်ခဲ့ရာ ၎င်း၏ ကုန်သွယ်ရေးမိတ်ဖက်များကလည်း တန်ပြန်အစီအမံများ ချမှတ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ အစိုးရက ကုန်သွယ်ရေးမိတ်ဖက်အားလုံးနီးပါးအပေါ် ကျင့်သုံးနိုင်သော စည်းကြပ်ခွန်များကို ဧပြီ ၂ ရက်တွင် ကြေညာခဲ့ပြီး လက်တွေ့စည်းကြပ်ခွန်အဆင့်ကို ရာစုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်အထိရောက်အောင် တွန်းအားပေးမြှင့်တင်ခဲ့ကြောင်း၊ ယင်းအစီအမံများ ကိုယ်တိုင်ကပင် ကမ္ဘာ့စီးပွားရေးအတွက် “အပျက်သဘောဆောင်သော ကြီးမားသည့် ရိုက်ခတ်မှု” တစ်ခုဖြစ်သလို ယင်းအား ဖော်ဆောင်စဉ်အတွင်း မသေချာမှုသည်လည်း စီးပွားရေးလှုပ်ရှားမှုနှင့် စီးပွားရေးအလားအလာအတွက် အပျက်သဘောဆောင်သော သက်ရောက်မှုများရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဖွံ့ဖြိုးပြီး စီးပွားရေးအစုအဖွဲ့ တိုးတက်မှု ခန့်မှန်းချက်မှာ ၁.၄ ရာခိုင်နှုန်း၊ ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲ စီးပွားရေးအစုအဖွဲ့ တိုးတက်မှုမှာ ၃.၇ ရာခိုင်နှုန်းဖြစ်ပြီး ဇန်နဝါရီလ ခန့်မှန်းတန်ဖိုးထက် ပျမ်းမျှအားဖြင့် ၀.၅ ရာခိုင်နှုန်းပွိုင့် ကျဆင်းလာခဲ့ကြောင်း၊ ယင်းအနက် အမေရိကန် စီးပွားရေး တိုးတက်မှုသည် ၁.၈ ရာခိုင်နှုန်းအထိ နှေးကွေးမည်ဖြစ်ပြီး ဇန်နဝါရီလ ခန့်မှန်းတန်ဖိုးထက် ၀.၉ ရာခိုင်နှုန်းပွိုင့် လျော့ကျခဲ့ရာ ဖွံ့ဖြိုးပြီး စီးပွားရေးအစုအဖွဲ့များအနက် ကျဆင်းမှု အတိုင်းအတာ အများဆုံးဖြစ်ကြောင်း၊ မူဝါဒ မသေချာမရောရာမှု ပြင်းထန်လာခြင်း၊ ကုန်သွယ်ရေးကျပ်တည်းမှု အခြေအနေနှင့် ဝယ်လိုအား လျော့နည်းလာမှုတို့သည် အမေရိကန် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက် ကျဆင်းလာခြင်း၏ အဓိက အကြောင်းရင်းများဖြစ်ကြောင်း အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှု ခန့်မှန်းချက်မှာ ၃ ရာခိုင်နှုန်းဖြစ်ပြီး ဇန်နဝါရီလ ခန့်မှန်းတန်ဖိုးထက် ၃.၃ ရာခိုင်နှုန်း လျော့နည်းသွားသလို ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း သမိုင်းပျမ်းမျှအဆင့်ဖြစ်သော ၃.၇ ရာခိုင်နှုန်းထက်လည်း လျော့နည်းသွားကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြခဲ့သည်။
စဉ်ဆက်မပြတ် ဆုတ်ယုတ်လာခြင်း အန္တရာယ်က စီးပွားရေးအလားအလာကို လွှမ်းမိုးခဲ့ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်တက်လာခြင်းနှင့် ကုန်သွယ်ရေးမူဝါဒ မသေချာမရေရာမှု ဆိုးရွားလာခြင်းက ရေတိုနှင့် ရေရှည်တိုးတက်မှု အလားအလာကို တစ်ဆင့်တိုး ဆုတ်ယုတ်စေနိုင်ကြောင်း၊ ထို့အပြင် မူဝါဒ၏ ကြားခံ စွမ်းဆောင်ရည် အားနည်းမှုက အနာဂတ် ရိုက်ခတ်မှုများကို ရင်ဆိုင်ရန် ခံနိုင်ရည်အားကို လျော့ကျစေလိမ့်မည်ဟု အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။
ထို့အပြင် မူဝါဒဆိုင်ရာ ရပ်တည်ချက်များ ကွဲလွဲမှုနှင့် လျင်မြန်စွာ ပြောင်းလဲမှုစသည့် အကြောင်းရင်းများက အထူးသဖြင့် ကြွေးမြီ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသော စီးပွားရေးအစုအဖွဲ့များတွင် ပိုင်ဆိုင်မှုများကို တန်ဖိုးပြန်လည်သတ်မှတ်ခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့် အရင်းအနှီး စီးဆင်းမှုကို အပြင်းအထန် ညှိနှိုင်းခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ပိုမိုကျယ်ပြန့်သော ငွေကြေးဆိုင်ရာ မသေချာမရေရာမှုများ နောက်ဆက်တွဲဖြစ်လာနိုင်ပြီး နိုင်ငံတကာ ငွေကြေးစနစ်အပေါ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
IMF下调全球经济增速预期 警示贸易战风险
新华社华盛顿4月22日电(记者熊茂伶)国际货币基金组织(IMF)22日发布最新一期《世界经济展望报告》,将2025年全球经济增长预期下调至2.8%,较今年1月预测值低0.5个百分点。
报告说,自1月《世界经济展望报告》更新内容发布以来,美国政府宣布并实施了一系列新的关税措施,其贸易伙伴也采取了反制措施。美国政府4月2日宣布了几乎适用所有贸易伙伴的关税,将实际关税水平推升至一个世纪以来最高水平。这些措施本身就是对全球经济的一次“重大负面冲击”,其实施过程中的不确定性也对经济活动和经济前景产生负面影响。
报告显示,2025年发达经济体增速预计为1.4%,新兴市场和发展中经济体增速为3.7%,均较1月预测值下调0.5个百分点。其中,美国经济增速将放缓至1.8%,较1月预测值低0.9个百分点,在发达经济体中下调幅度最大。政策不确定性加剧、贸易紧张局势以及需求势头减弱是下调美国经济增长预期的主要原因。
报告还说,2026年全球经济增速预计为3%,低于1月预测的3.3%,也低于2000年至2019年间3.7%的历史平均水平。
报告指出,不断加剧的下行风险主导了经济前景。贸易战升级以及贸易政策不确定性加剧,可能会进一步削弱短期和长期增长前景,而政策缓冲能力减弱则会降低应对未来冲击的韧性。
此外,政策立场的分歧和快速变化等因素,可能引发资产重新定价,以及外汇汇率及资本流动剧烈调整,尤其是在已经面临债务困境的经济体中。更广泛的金融不稳定可能随之而来,对国际货币体系造成损害。(完)
图说:4月22日,国际货币基金组织(IMF)在美国华盛顿举行《世界经济展望报告》新闻发布会。新华社记者 谢锷 摄