China
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ်တို့ တွေ့ဆုံဆွေးနွေး

ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသည့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ အလီယက်ဗ်နှင့်အတူ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များက တရုတ်-အဇာဘိုင်ဂျန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း ကြေညာခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က စိတ်တူကိုယ်တူ ရည်ရွယ်ချက်တူသူတို့သည် တောင်နှင့် ပင်လယ်ပြင်ကြီးကိုပင် ဝေးလံလှသည်ဟု မမှတ်ယူကြကြောင်း ထောက်ပြခဲ့သည်။ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲနေသည့်တိုင်အောင် တရုတ်-အဇာဘိုင်ဂျန်ဆက်ဆံရေးသည် မိုင်ပေါင်းများစွာကွာဝေးသော်လည်း စိတ်တူကိုယ်တူရှိပြီး နှစ်ကာလကြာလသည်နှင့်အမျှ ပို၍ ခိုင်မာလာကြောင်း၊ နှစ်နိုင်ငံသည် သံတမန်ဆက်ဆံရေးထူထောင်သည့် မူလရည်ရွယ်ချက်ကို အစဉ်အမြဲ မှတ်သားကာ အပြန်အလှန်လေးစားမှု၊ တရားမျှတမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖြစ်ထွန်းမှုကို လက်ကိုင်ထားပြီး မဟာဗျူဟာအမြင်နှင့် ရေရှည်ရှုထောင့်မှ တရုတ်- အဇာဘိုင်ဂျန်ဆက်ဆံရေးကို ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်ခဲ့ကြကြောင်း၊ နှစ်ဖက်အနေဖြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို စဉ်ဆက်မပြတ် တိုးမြှင့်ရမည် ဖြစ်သလို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေပြီး နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်များကို အနီးကပ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်- အဇာဘိုင်ဂျန် ဘက်စုံပူးပေါင်းဆောင်ရွက်မှု စာမျက်နှာသစ်ကို စတင်ဖွင့်လှစ်ကာ နှစ်နိုင်ငံ ဖွံ့ဖြိုးစည်ပင်ရေးကို အထောက်အကူပြုပြီး နှစ်နိုင်ငံ ပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
တစ်ဦး၏ အဓိက အကျိုးစီးပွားနှင့် စပ်လျဉ်းသော ကိစ္စရပ်များတွင် အပြန်အလှန် ခိုင်မြဲစွာ ထောက်ခံခြင်းသည် တရုတ်-အဇာဘိုင်ဂျန် နှစ်နိုင်ငံ၏ ကောင်းမွန်သော အစဉ်အလာဖြစ်သကဲ့သို့ မဟာဗျူဟာမြောက် မိတ်ဖက်များအနေဖြင့် ရှိသင့်သော စိတ်ဓာတ်လည်းဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးပေးပြောကြားခဲ့သည်။ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ သီးခြားရပ်တည်မှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုတို့ကို ထိန်းသိမ်းကာကွယ်ခြင်း၊ မိမိနိုင်ငံအခြေအနေနှင့်လျော်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်အား ဆက်လက်လျှောက်လှမ်းခြင်းတို့ကို တရုတ်နိုင်ငံက ထောက်ခံအားပေးကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ကာ “အကြမ်းဖက်အင်အား၊ လူမျိုးရေးခွါပြဲမှုအင်အား၊ ဘာသာရေးအစွန်းရောက်အင်အား ဟူသောအင်အားစု ၃ ရပ်” ကို အခိုင်အမာ တိုက်ဖျက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်-အဇာဘိုင်ဂျန်က “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရာတွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့ကျသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ထိပ်တန်းအလွှာ အစီအမံများကို ပိုမိုကောင်းမွန်စေခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမြောက်ချိတ်ဆက်မှုကို အားဖြည့်ဆောင်ရွက်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရေးယန္တရား ပြည့်စုံကောင်းမွန်စေခြင်း၊ ပူးပေါင်းဆောင်ရွက်မှု အလားအလာကို နက်နက်ရှိုင်းရှိုင်းဖော်ဆောင်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေး နက်ရှိုင်းမှု၊ လက်တွေ့ကျမှုရှိစေရန် တွန်းအားပေးကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွား၊ လူငယ်၊ ဒေသန္တရ စသည့် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးကူညီရမည်ဖြစ်ပြီး ပြည်သူချင်း စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်ကာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် ပြည်သူ့ဆန္ဒ အုတ်မြစ်ကို ခိုင်မာအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးအနက် ပြောကြားခဲ့သည်။
စည်းကြပ်ခွန်စစ်ပွဲ၊ ကုန်သွယ်ရေးစစ်ပွဲသည် နိုင်ငံအသီးသီး၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်ဆုံးရှုံးစေသည့်အပြင် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို ဖျက်ဆီးကာ ကမ္ဘာ့စီးပွားရေးစနစ်ကို ရိုက်ခတ်စေကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံနှင့်အတူ ကုလသမဂ္ဂအား ဗဟိုပြုသော နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာ ဥပဒေအပေါ် အခြေခံသော နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားကို အခိုင်အမာ ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ရန် ဆန္ဒရှိကြောင်း ၎င်းက ထောက်ပြခဲ့သည်။
သမ္မတ အလီယက်ဗ်က သမ္မတ ရှီကျင့်ဖိန်၏ ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ လူမှုစီးပွား လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာအနေအထားနှင့် ဩဇာအရှိန်အဝါတွင်လည်း စဉ်ဆက်မပြတ် တိုးတက်လာကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာကြီးသည် ရာစုနှစ်အပြောင်းအလဲကာလတွင် ရှိနေသော်ငြားလည်း အဇာဘိုင်ဂျန်နှင့် တရုတ်တို့သည် အစဉ်အမြဲပင် အပြန်အလှန် လေးစား၍ အပြန်အလှန် ယုံကြည်မှု ရှိကြရာ ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းခြင်း၊ ကုန်သွယ်စီးပွားဆက်ဆံရေး အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ဒေသတွင်း ဖလှယ်မှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုနီးကပ်ခြင်း၊ အပြန်အလှန် ချိတ်ဆက်မှုတို့တွင် ကြီးမားသော တိုးတက်ခြင်းများ ရရှိခဲ့ကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အခိုင်အမာ စောင့်ထိန်းလိုက်နာရာ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော နယ်မြေအစိတ်အပိုင်းတစ်ခုအဖြစ် လက်ကိုင်စွဲထားကြောင်း၊ တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပေါင်းစည်းဖြစ်တည်မှုအတွက် လုပ်ဆောင်သော ကြိုးပမ်းမှု အားလုံးကို ထောက်ခံကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း အတွေးအခေါ်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် သုံးရပ်သည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ သာယာဝပြောရေးအတွက် အထောက်အကူပြုရာ အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် အထူးအလေးထား ချီးကျူးပြီး တက်တက်ကြွကြွ ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုကို နက်ရှိုင်းစွာ တွန်းအားပေးလုပ်ဆောင်၍ “ရပ်ဝန်းနှင့် ပိုးလမ်းမ” တည်ဆောက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင် စွမ်းအင်၊ သိပ္ပံနှင့် နည်းပညာ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ရန်၊ နိုင်ငံရေးပါတီနှင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို နက်ရှိုင်းစေရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း အရေးကိစ္စများတွင် ညှိနှိုင်းဆောင်ရွက်မှုကို အားဖြည့်ရန်၊ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးမှုအပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည်“ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်းဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အဇာဘိုင်ဂျန်သမ္မတနိုင်ငံ၏ ပူးတွဲ ထုတ်ပြန်ချက်” ကို အတူ လက်မှတ်ရေးထိုးခဲ့ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူ တည်ဆောက်ရေး၊ တရားစီရင်ရေး၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏမူပိုင်ခွင့်၊ အာကာသ စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် ၂၀ အား လက်မှတ်ရေးထိုးမှုကို သက်သေပြုခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးမှုမတိုင်မီ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင် အရှေ့ဘက် ရင်ပြင်တွင် အလီယက်ဗ်နှင့် ဇနီး မီဟရီဘန် အလီယက်ဗ်တို့အတွက် ကြိုဆိုပွဲ အခမ်းအနားကျင်းပခဲ့သည်။
အလီယက်ဗ် ရောက်ရှိလာစဉ်တွင် ကြိုဆိုရေးတပ်ဖွဲ့ဝင်များက စီတန်း၍အလေးပြုခဲ့ကြသည်။ ရှီကျင့်ဖိန်သည် အလီယက်ဗ်နှင့်အတူ စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ရာ စစ်တီးဝိုင်းက တရုတ်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်ကာ ထျန်းအန်းမင် ရင်ပြင်တွင် ဂုဏ်ပြု အမြောက် ၂၁ ချက်ဖောက်၍ ကြိုဆိုခဲ့သည်။ အလီယက်ဗ်သည် ရှီကျင့်ဖိန်နှင့်အတူ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့အား ကြည့်ရှုစစ်ဆေးပြီး ချီတက်ပွဲအား ကြည့်ရှုခဲ့ကြသည်။
အဆိုပါနေ့ မွန်းတည့်ချိန်တွင် ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့သည် ပြည်သူ့ခန်းမဆောင် ရွှေရောင်ခန်းမ၌ အလီယက်ဗ်ဇနီးမောင်နှံတို့အား ကြိုဆိုဧည့်ခံပွဲ ပြုလုပ်ခဲ့သည်။
အထက်ပါ အစီအစဉ်များကို ဝမ်ရိလည်း တက်ရောက်ခဲ့သည်။ (Xinhua)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အဇာဘိုင်ဂျန်နိုင်ငံ သမ္မတအလီယက်ဗ်တို့ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့က အလီယက်ဗ်နှင့် ဇနီး မီဟရီဘန် အလီယက်ဗ်တို့နှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)……………………
(Chinese Version)
习近平同阿塞拜疆总统阿利耶夫会谈
新华社北京4月23日电(记者董雪、冯歆然)4月23日上午,国家主席习近平在北京人民大会堂同来华进行国事访问的阿塞拜疆总统阿利耶夫举行会谈。两国元首宣布,建立中阿全面战略伙伴关系。
习近平指出,志合者,不以山海为远。尽管国际形势风云变幻,但中阿关系万里同契、历久弥坚。两国始终牢记建交初心,坚持相互尊重、公平正义、合作共赢,从战略高度和长远角度看待和发展中阿关系。双方要持续增进政治互信,深化务实合作,密切国际协作,开启中阿全方位合作新篇章,助力两国发展振兴,更好造福两国人民。
习近平强调,在涉及彼此核心利益问题上相互坚定支持,是中阿两国的优良传统,也是作为战略伙伴的应有之义。中方支持阿方维护国家主权、独立和领土完整,继续走符合本国国情的发展道路。愿同阿方深入开展执法安全合作,坚决打击“三股势力”。中阿共建“一带一路”硕果累累,为两国人民带来实实在在福祉。要优化顶层设计,加强发展战略对接,完善合作机制,深挖合作潜力,推动共建“一带一路”走深走实,实现高质量发展。要鼓励和支持教育、文化、旅游、青年、地方等合作,促进民心相通,筑牢两国友好的民意基础。
习近平指出,关税战、贸易战损害各国正当权益,破坏多边贸易体制,冲击世界经济秩序。中方愿同阿方一道,维护以联合国为核心的国际体系和以国际法为基础的国际秩序,坚定维护自身正当权益,捍卫国际公平正义。
阿利耶夫表示,在习近平主席坚强领导下,中国经济社会快速发展,国际地位和影响不断提升。尽管世界处于百年变局,但阿塞拜疆和中国始终相互尊重、相互信任,合作不断深化,经贸关系快速发展,地方交流日益密切,互联互通取得长足进展。阿方坚定恪守一个中国原则,坚持台湾是中国领土不可分割的一部分,支持中国政府为实现国家统一所做的一切努力。习近平主席提出的构建人类命运共同体理念和三大全球倡议有利于世界的和平稳定繁荣,阿方高度赞赏、积极支持。阿方愿同中方深入推进全面战略伙伴关系建设,拓展“一带一路”建设、数字经济、绿色能源、科技等各领域合作,深化政党及人文交流,加强在国际和地区事务中的协作,推动两国关系取得更大发展。
会谈后,两国元首共同签署《中华人民共和国和阿塞拜疆共和国关于建立全面战略伙伴关系的联合声明》,见证签署共建“一带一路”、司法、绿色发展、数字经济、知识产权、航天等领域20项合作文件。
会谈前,习近平和夫人彭丽媛在人民大会堂东门外广场为阿利耶夫和夫人阿利耶娃举行欢迎仪式。
阿利耶夫抵达时,礼兵列队致敬。习近平同阿利耶夫登上检阅台,军乐团奏中阿两国国歌,天安门广场鸣放21响礼炮。阿利耶夫在习近平陪同下检阅中国人民解放军仪仗队,并观看分列式。
当天中午,习近平和彭丽媛在人民大会堂金色大厅为阿利耶夫夫妇举行欢迎宴会。
王毅参加上述活动。(完)
图说 1:4月23日上午,国家主席习近平在北京人民大会堂同来华进行国事访问的阿塞拜疆总统阿利耶夫举行会谈。这是会谈前,习近平在人民大会堂东门外广场为阿利耶夫举行欢迎仪式。 新华社记者 饶爱民 摄
图说 2:4月23日上午,国家主席习近平在北京人民大会堂同来华进行国事访问的阿塞拜疆总统阿利耶夫举行会谈。这是习近平和夫人彭丽媛同阿利耶夫和夫人阿利耶娃合影。新华社记者 黄敬文 摄