Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) မြန်မာနိုင်ငံသို့ သွားရောက်၍ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးလုပ်ငန်းများလုပ်ဆောင်

တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင်များက စတင်မထွက်ခွာမီ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မကာအို၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင် ၅ ဦးသည် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာသွားကြောင်း၊ ငလျင်အလွန် အရေးပေါ် ဆေးကုသရေးဆိုင်ရာ ညှိနှိုင်းမှုလုပ်ငန်းများနှင့် နည်းပညာထောက်ပံ့ရေးလုပ်ငန်းများကို ၁၄ ရက်ကြာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် မြန်မာနိုင်ငံ၌ ၇.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှု ဖြစ်ပွားခဲ့ပြီး ငလျင်အလွန် ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေး အခြေအနေများ ခက်ခဲလျက်ရှိသည်။ ယခုအကြိမ် တရုတ်နိုင်ငံ နိုင်ငံတကာအရေးပေါ် ဆေးကုသရေးအဖွဲ့ (မကာအို) သည် WHO ၏ အရေးပေါ် ညှိနှိုင်းလုပ်ဆောင်ပေးရန် တောင်းဆိုချက်အရ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်၊ အမျိုးသားကျန်းမာရေးကော်မရှင်၏ လမ်းညွှန်ချက်၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအခြေစိုက် နိုင်ငံခြားရေးဝန်ကြီးဌာန ကော်မရှင်နာရုံး၏ ညှိနှိုင်းမှု၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အခြေစိုက် တရုတ်ဗဟိုအစိုးရ ဆက်သွယ်ရေးရုံးနှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရတို့၏ ပံ့ပိုးမှုတို့ဖြင့် ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်ကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထောက်က မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ ကျန်းမာရေးဗျူရိုမှ သိရှိရသည်။
ဆေးကုသရေးအဖွဲ့၏ ယခုအကြိမ်အဓိကတာဝန်များတွင် ငလျင်ဒဏ်သင့်ဒေသ ဆေးကုသရေး အရင်းအမြစ်လိုအပ်ချက်အား ကူညီခွဲခြမ်းစိတ်ဖြာပေး၍ အချက်အလက်များ ချိတ်ဆက်မှုလုပ်ငန်းစဉ်အား ကောင်းမွန်အောင်လုပ်ဆောင်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကုသပေးခြင်းနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစံနှုန်း အကြံပြုချက်များ ပေးခြင်း၊ မြန်မာနိုင်ငံက ကိုယ်ပိုင်ဆေးကုသရေးအဖွဲ့ ထူထောင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား အကဲဖြတ်၍ ၎င်း၏ အရေးပေါ်တုံ့ပြန်မှုစွမ်းရည်အား ကူညီမြှင့်တင်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

“ယခုအကြိမ်တာဝန်က WHO နဲ့အတူ မြန်မာနိုင်ငံအစိုးရ သက်ဆိုင်ရာဌာနနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံ ငလျင်အလွန် ဒေသခံပြည်သူများ ဆေးကုသရေးဆိုင်ရာ အာမခံပေးမှုနဲ့ သက်ဆိုင်ရာတုံ့ပြန်မှုလုပ်ငန်းများအတွက် ဖြစ်နိုင်ခြေရှိသောအစီအစဉ်များကို ဆွေးနွေးသုတေသနပြုဖို့ ဖြစ်ပါတယ်” ဟု ဆေးကုသရေးအဖွဲ့ ညှိနှိုင်းရေးမှူး၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဗျူရို နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ခေါင်းဆောင် ခယ်လျန့်က ပြောကြားခဲ့သည်။ ယင်းသည် မကာအိုက ပထမဆုံးအကြိမ် ထိုကဲ့သို့ပုံစံဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံက တာဝန်ယူမှုရှိသော နိုင်ငံကြီးအဖြစ် ကမ္ဘာလုံးဆိုင်ရာ အများပြည်သူ ကျန်းမာရေးလုပ်ငန်းအတွက် အကျိုးထမ်းဆောင်ပေးမှုကိုလည်း ပေါ်လွင်စေကြောင်း ၎င်းက ဆိုသည်။

ဆေးကုသရေးအဖွဲ့၏ ကုသရေးအဖွဲ့ခေါင်းဆောင်၊ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ ကျန်းမာရေးဗျူရို Conde S. Januário ဆေးရုံ အရေးပေါ်ကုသရေးဌာနမှ ဆရာဝန် ယန်ဖေ့ရီက ယခုအကြိမ်တာဝန်မှတစ်ဆင့် ဆေးကုသရေးအဖွဲ့သည် အခြားနိုင်ငံနှင့်ဒေသက ကျန်းမာရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုကဏ္ဍတွင် လက်တွေ့လုပ်ဆောင်မှုများကို နားလည်သိရှိနိုင်ပြီး မကာအိုဒေသတွင်း အများပြည်သူကျန်းမာရေးစနစ် တည်ဆောက်မှုအတွက် ဉာဏ်လမ်းစများရရှိလာနိုင်ကြောင်း၊ အနာဂတ် မကာအိုနှင့် အနီးတစ်ဝိုက် နိုင်ငံနှင့်ဒေသများအကြား ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဆောင်ရန်အတွက်လည်း အခြေခံအုတ်မြစ်ချမှတ်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) သည် ၂၀၁၉ ခုနှစ်တွင် WHO ၏ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပြီး ၂၀၂၀ ပြည့်နှစ်တွင် အတူလိုက်ပါ လှုပ်ရှားသောအဖွဲ့ပုံစံဖြင့် တရုတ်နိုင်ငံ နိုင်ငံတော် အရေးပေါ်ဆေးကုသရေးနှင့် ကယ်ဆယ်ရေးအဖွဲ့နှင့်အတူ အယ်လ်ဂျီးရီးယားနှင့် ဆူဒန်နိုင်ငံသို့ သွားရောက်ကာ ကပ်ရောဂါတိုက်ဖျက်ရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတကာ အရေးပေါ်ဆေးကုသရေးအဖွဲ့ (မကာအို) အဖွဲ့ဝင်များက မကာအို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လေယာဉ်ပေါ်တက်ရန် ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
中国国际应急医疗队(澳门)赴缅甸开展灾后应急医疗工作
新华社澳门4月24日电(记者郭雨祺、刘刚)应世界卫生组织邀请,中国国际应急医疗队(澳门)5名队员24日启程赴缅甸,开展计划14天的灾后应急医疗协调与技术支持工作。
3月28日,缅甸发生7.9级地震,造成重大人员伤亡,灾后卫生防疫形势严峻。记者从澳门特区政府卫生局获悉,此次中国国际应急医疗队(澳门)是应世界卫生组织紧急协调请求,经外交部同意、国家卫生健康委员会指导、外交部驻澳门特派员公署协调、澳门中联办和澳门特区政府支持,前往受灾区域开展国际合作。
据了解,医疗队此次主要任务包括:协助分析灾区医疗资源缺口,优化资料对接流程;提供创伤救治和传染病防控的标准化建议;评估缅甸建立自身医疗队相关事宜,助力提升其应急能力。
“此次任务是与世卫组织一起和缅甸政府有关部门开展国际合作,为缅甸地震灾后居民医疗保障和有关应对工作商讨和研究可行方案。”医疗队协调员、澳门卫生局国际合作事务工作小组组长柯量表示,这是澳门首次以这种形式参与国际合作,也体现中国作为负责任大国的担当,为全球公共卫生事业作出贡献。
医疗队临床组组长、澳门卫生局仁伯爵综合医院急诊部主治医生杨佩仪表示,通过此次任务,医疗队可以了解其他国家和地区在卫生应急领域的实践,为澳门本地公共卫生体系建设提供启发,也希望为未来澳门与周边国家和地区开展卫生合作奠定基础。
中国国际应急医疗队(澳门)2019年通过世界卫生组织的国际应急医疗队认证,2020年以随队形式参与国家紧急医学救援队赴阿尔及利亚、苏丹抗疫任务。(完)
图说1:4月24日,中国国际应急医疗队(澳门)队员在出发前合影。新华社发(张金加摄)
图说2:4月24日,中国国际应急医疗队(澳门)在澳门国际机场办理登机手续。新华社发(张金加摄)