Connect with us

China

ဆင်ဟွာသတင်းဌာနနှင့် နိုင်ငံတကာ မြင်းစီးအားကစားအဖွဲ့ချုပ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ဆင်ဟွာသတင်းဌာနနှင့် နိုင်ငံတကာ မြင်းစီးအားကစားအဖွဲ့ချုပ် (FEI) တို့ ဧပြီ ၂၄ ရက်တွင် ပေကျင်းမြို့၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ရာ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် FEI ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) အဖွဲ့ဝင် Ingmar De Vos တို့ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အတူတကွတက်ရောက်စဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ဆင်ဟွာသတင်းဌာနနှင့် နိုင်ငံတကာ မြင်းစီးအားကစားအဖွဲ့ချုပ် (FEI) တို့သည် ဧပြီ ၂၄ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခဲ့ကြသည်။ နှစ်ဖက်က မြင်းစီးအားကစား ကဏ္ဍတွင် သတင်းအချက်အလက်ဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

MoU အရ နှစ်ဖက်သည် မြင်းစီးအားကစား အထူးသဖြင့် တရုတ်နိုင်ငံ မြင်းစီးအားကစား တိုးတက်မှုကို အဓိကဂရုပြုသွားမည်ဖြစ်ပြီး ကျင်းပရာနေရာ၌ သတင်းတင်ဆက်မှု၊ ထဲထဲဝင်ဝင် သတင်းတင်ဆက်မှုနှင့် ပေါင်းစပ်သတင်းတင်ဆက်မှု ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ကာ မြင်းစီးအားကစားနှင့် မြင်းစီးအားကစား ယဉ်ကျေးမှု၏ ကောင်းမွန်သောအခြေအနေကို အတူတကွ ဖန်တီးသွားမည်ဖြစ်သည်။

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာက အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက အသိအမှတ်ပြုထားသည့် နိုင်ငံတကာသတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာနသည် အားကစားသတင်းတင်ဆက်မှုကို ကမ္ဘာကြီး နှင့်ချိတ်ဆက်မှု၊ ချစ်ကြည်ရေးလက်ဆင့်ကမ်းမှု၏ အရေးပါသည့်ဆက်သွယ်ချက်အဖြစ် အမြဲတစေ ရှုမြင်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်က ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆက်လက်ထဲထဲဝင်ဝင် လုပ်ဆောင်ကာ အားကစားအကြောင်း၊ အိုလံပစ်အကြောင်း၊ မြင်းစီးအားကစားအကြောင်း အတူတကွကောင်းမွန်စွာ တင်ဆက်ရင်း နိုင်ငံအသီးသီး လူမှုယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာ မြင်းစီးအားကစားအဖွဲ့ချုပ် (FEI) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) အဖွဲ့ဝင် Ingmar De Vos က နှစ်ပေါင်းများစွာအတွင်း ဆင်ဟွာသတင်းဌာနက မြင်းစီးအားကစားအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းတင်ဆက်ခဲ့သလို FEI သည်လည်း ဆင်ဟွာသတင်းဌာနနှင့် ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းထားကြောင်း၊ ဆင်ဟွာသတင်းဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ခွင့်ရသည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ ယင်းသည် FEI က ပထမဆုံးအကြိမ်အဖြစ် မီဒီယာအဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
新华社与国际马术联合会签署合作备忘录
新华社北京4月24日电(记者高萌、董雪)新华通讯社与国际马术联合会24日在京签署合作备忘录,双方一致同意在马术运动等领域深化新闻信息交流合作。
根据合作备忘录,双方将重点关注马术运动特别是中国马术运动发展,在现场报道、深度报道和融合报道方面加强合作,共同营造马术运动和马术文化良好氛围。
新华社社长傅华在签约仪式上表示,作为国际奥委会认可的国际通讯社,新华社始终将体育报道视为连接世界、传递友谊的重要纽带。希望双方持续深化交流合作,共同讲好体育故事、讲好奥林匹克故事、讲好马术运动故事,促进各国人文交流。
国际马联主席、国际奥委会委员英格玛·德沃斯表示,多年来,新华社对马术运动进行了广泛报道,国际马联也与新华社保持长期友好关系。很荣幸能与新华社加深合作,这也是国际马联首次与媒体机构签署合作协议。(完)
图说:4月24日,新华通讯社与国际马术联合会在北京签署合作备忘录,这是新华社社长傅华与国际马联主席、国际奥委会委员英格玛·德沃斯共同出席签约仪式。 新华社记者 李涛 摄