Asia
ပါကစ္စတန်က အိန္ဒိယအပေါ် တန်ပြန်အစီအမံများစွာ ကြေညာ

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ခရီးသွားဧည့်သည်များ သေနတ်ပစ်ခတ်ခံရမှုနှင့် စပ်လျဉ်း၍ အိန္ဒိယဘက်က ပါကစ္စတန်ကို ပစ်မှတ်ထား ကြေညာခဲ့သော အစီအမံများစွာသည် လွန်စွာ တာဝန်ယူမှုမရှိသည့်အပြင် ဥပဒေအခြေခံထားခြင်းမရှိကြောင်း၊ ပါကစ္စတန်အနေဖြင့် အိန္ဒိယအပေါ် တန်ပြန်အစီအမံများစွာ ချမှတ်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရုံးက ဧပြီ ၂၄ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က အဆိုပါနေ့တွင် အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေး ကြီးမှူးကျင်းပခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီအနေဖြင့် အဆိုပါဖြစ်စဉ်၌ အသက်ဆုံးရှုံးခဲ့ရသော ခရီးသွားဧည့်သည်များအပေါ် စိုးရိမ်ပူပန်ကြောင်း၊ ပါကစ္စတန်ဘက်က မည်သည့်အကြမ်းဖက်ဝါဒပုံစံကိုမဆို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံအနေဖြင့် မည်သည့် ယုံကြည်စိတ်ချရသော စုံစမ်းစစ်ဆေးမှုနှင့် သက်သေအထောက်အထားများ မရှိသည့် အခြေအနေတွင် ဤဖြစ်ရပ်နှင့် ပါကစ္စတန်ကို ချိတ်ဆက်ရန် ကြိုးစားနေခြင်းသည် “ပေါ့ပေါ့ဆဆ၊ ဆင်ခြင်တုံတရားမဲ့ပြီး ယုတ္တိမရှိ” ဟု ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန် အမျိုးသားလုံခြုံရေးကောင်စီသည် Wagah နယ်စပ်ဂိတ်ကို ပိတ်ရန်၊ အိန္ဒိယနိုင်ငံသားများအား ထုတ်ပေးသော ဗီဇာတချို့ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခဲ့ကြောင်း၊ ပါကစ္စတန်နိုင်ငံဆိုင်ရာ အိန္ဒိယအဆင့်မြင့်ကော်မရှင်နာအဖွဲ့ စစ်သံမှူးကိုလည်း “မကြိုဆိုသောသူ” အဖြစ် ကြေညာကြောင်း၊ အိန္ဒိယလေကြောင်းလိုင်းများအတွက် လေကြောင်း နယ်နိမိတ်ပိတ်၍ အိန္ဒိယနှင့် ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားခဲ့သော ခရီးသွားဧည့်သည်များအား ပစ်မှတ်ထား သေနတ်ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၅ ဦးသေဆုံးကာ လူအချို့ ဒဏ်ရာရခဲ့ကြောင်း အိန္ဒိယမီဒီယာ၏ သတင်းဖော်ပြမှုအရ သိရသည်။ အိန္ဒိယဘက်က အဆိုပါတိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် ပတ်သက်သည်ဟု သတ်မှတ်ကာ ဧပြီ ၂၃ ရက်တွင် နှစ်နိုင်ငံအကြား အရေးပါသော ရေအရင်းအမြစ် ခွဲဝေပေးရေး သဘောတူစာချုပ်ကို ဆိုင်းငံ့ခြင်း၊ နယ်စပ်ဂိတ်များကို ပိတ်ခြင်းနှင့် ပါကစ္စတန်ဝန်ထမ်းများအား နှင်ထုတ်ခြင်းတို့ အပါအဝင် ပါကစ္စတန်အား ပစ်မှတ်ထားသော အစီအမံများစွာကို ကြေညာခဲ့ကြောင်း သိရသည်။
ဧပြီ ၂၄ ရက်မှစ၍ ပါကစ္စတန်နိုင်ငံသားများအား ထုတ်ပေးသည့် ဗီဇာအမျိုးအစား အားလုံးကို ရပ်တန့်မည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံသားများအား ပါကစ္စတန်နိုင်ငံသို့မသွားရောက်ရန် အကြံပြုကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါနေ့တွင် ပြောကြားခဲ့သည်ဟု အခြားအိန္ဒိယမီဒီယာ၏ သတင်းဖော်ပြမှုအရ သိရသည်။ (Xinhua)
……………………………
(Chinese Version)
巴基斯坦宣布一系列对印度反制措施
新华社伊斯兰堡4月24日电(记者蒋超)巴基斯坦总理办公室24日发表声明说,印方就游客遭枪击事件宣布针对巴方的一系列措施极不负责任且缺乏法律依据,巴方将对印度采取一系列反制措施。
巴总理办公室声明说,总理夏巴兹当天主持召开国家安全委员会会议。巴国家安全委员会对事件中游客生命损失表示关切,表示巴方坚决谴责一切形式的恐怖主义。印方在缺乏任何可靠调查和可验证证据的情况下,试图将事件与巴方联系起来,是“轻率、缺乏理性和不合逻辑的”。
声明说,巴国家安全委员会决定关闭瓦格赫边境口岸,废除向印度公民发放的部分签证,宣布印度驻巴高级专员公署武官为“不受欢迎的人”,对印度航空公司关闭领空,暂停所有对印贸易。
据印度媒体报道,印控克什米尔地区22日发生针对游客的枪击事件,造成至少25人丧生、数人受伤。印方认定巴基斯坦与袭击有关联,于23日宣布一系列针对巴基斯坦的措施,包括暂停两国间一项重要水资源分配条约、关闭边境口岸、驱逐巴方人员等。
另据印度媒体报道,印度外交部24日表示,将于当日起暂停向巴基斯坦公民发放所有类型的签证,建议印度公民不要前往巴基斯坦。(完)
图说:2021年10月11日,印度军人在印控克什米尔斯利那加街头执勤。新华社发(贾韦德·达尔摄)