North America
အီလွန်မက်စ်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး အိမ်ဖြူတော်၌ အကြီးအကျယ် အငြင်းပွားဟု အမေရိကန် မီဒီယာဆို

ဝါရှင်တန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် လုပ်ငန်းရှင် အီလွန်မက်စ်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်စ်စန့်တို့သည် ဧပြီ ၁၇ ရက်တွင် အိမ်ဖြူတော်၌ အမေရိကန် ပြည်တွင်းအခွန်ဦးစီးဌာန (IRS) ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ အကြီးအကျယ် ငြင်းခုန်မှုဖြစ်ခဲ့ကြောင်း အမေရိကန် နိုင်ငံရေးသတင်း ဝက်ဘ်ဆိုက် Axios က ဧပြီ ၂၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မျက်မြင် တွေ့မြင်သူနှင့် သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ ဧပြီ ၁၇ ရက်က အိမ်ဖြူတော်၌ ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုတွင် စကော့ဘတ်စ်စန့်နှင့် အီလွန်မက်စ်တို့ မျက်နှာချင်းဆိုင် အငြင်းပွားမှုဖြစ်ခဲ့ကြောင်း သိရသည်။
အီလွန်မက်စ်အနေဖြင့် အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) အပေါ် ဘတ်ဂျတ်လျှော့ချမှုသည် “ကတိအလွန်အကျွံပေးထားပြီး လက်တွေ့ဖော်ဆောင်မှုမရှိ” ဟု စကော့ဘတ်စ်စန့်က ဝေဖန်ခဲ့သည်။ အီလွန်မက်စ်ကမူ စကော့ဘတ်စ်စန့်သည် “မအောင်မြင်သော ခြံရံ ရန်ပုံငွေ (Hedge Fund) တစ်ခု” ကို လည်ပတ်နေသော “ဆိုးရော့စ်ကိုယ်စားလှယ်” ဟု တန်ပြန်သရော်ပြောဆိုခဲ့သည်။ စကော့ဘတ်စ်စန့်သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး မဖြစ်မီ ဆိုးရော့စ် ရန်ပုံငွေ စီမံခန့်ခွဲမှုကုမ္ပဏီ (Soros Fund Management) ၏ ရင်းနှီးမြှုပ်နှံမှု အရာရှိချုပ် (CIO) အဖြစ် ထမ်းဆောင်ခဲ့ဖူးသည်။
ထိုစဉ်က အငြင်းပွားမှုကို ကြားခဲ့သည့် သတင်းအရင်းအမြစ်တစ်ဦးက စကော့ဘတ်စ်စန့်သည် ညစ်ညမ်းသောစကားဖြင့်ပင် အီလွန်မက်စ်အား ဆဲဆိုခဲ့ပြီး အီလွန်မက်စ်ကမူ “အသံကျယ်ကျယ်ပြောလေ” ဟု တန်ပြန်ပြောဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အကြီးအကျယ်အငြင်းပွားမှုကြောင့် လက်ထောက်တစ်ဦးက ၎င်းတို့နှစ်ယောက်အား မဖြစ်မနေလူခွဲလိုက်ရကြောင်းလည်းဆိုသည်။ ထိုစဉ် “အငြင်းပွားမှုက အလွန်ကြီးကျယ်” ပြီး “အသံအလွန်ကျယ်” ကြောင်း၊ ခရီးစဉ်ရောက်ရှိနေသည့် အီတလီနိုင်ငံဝန်ကြီးချုပ် ဂျော်ဂျီယာ မေလိုနီပင် ထိုအသံများကိုကြားရကြောင်း မျက်မြင်တွေ့မြင်သူ တစ်ဦးကဆိုသည်။
အီလွန်မက်စ်နှင့် စကော့ဘတ်စ်စန့်တို့သည် အမေရိကန် ပြည်တွင်းအခွန်ဦးစီးဌာန (IRS) ညွှန်ကြားရေးမှူးချုပ် အဖြစ် ခန့်အပ်မည့်သူနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထရမ့်က အီလွန်မက်စ် ထောက်ခံပေးသည့် IRS အရာရှိဟောင်း ဂယ်ရီရှပ်ပလီကို IRS ယာယီညွှန်ကြားရေးမှူးချုပ်အဖြစ် ခန့်အပ်ထားခဲ့ပြီး စကော့ဘတ်စ်စန့်ကမူ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုက်ကယ်ဖောကန်ဒါက ထိုတာဝန်ထမ်းဆောင်ရန် မျှော်လင့်ထားသည်။ ၎င်းတို့နှစ်ဦး အငြင်းပွားမှုဖြစ်ပြီး နောက်တစ်နေ့ ဧပြီ ၁၈ ရက်တွင် ဂယ်ရီရှပ်ပလီ နေရာ၌ မိုက်ကယ်ဖောကန်ဒါက ဝင်ရောက်၍ IRS ဌာနကို စီမံအုပ်ချုပ်ခဲ့ကြောင်း သိရသည်။
ထိုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ မေးမြန်းမှုကို အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရိုလိုင်း လဲဗစ်ထ်က “သဘောထားကွဲလွဲမှုဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက် ချမှတ်မှုဖြစ်စဉ်တိုင်းရဲ့ ပုံမှန်ဖွဲ့စည်းမှု အစိတ်အပိုင်းတစ်ခုပါပဲ” ဟုဆိုခဲ့သည်။ (Xinhua)
————————–
(Chinese Version)
美媒曝马斯克与美国财长在白宫激烈争吵
新华社华盛顿4月23日电 据美国时政新闻网站Axios23日报道,美国企业家埃隆·马斯克与美国财政部长斯科特·贝森特17日在白宫就美国国税局相关事宜爆发争吵,争吵十分激烈。
报道援引目击者和消息人士的话说,在17日白宫的一次会议上,贝森特和马斯克面对面争吵。贝森特批评马斯克对政府效率部削减预算“承诺过高,却没有兑现”。马斯克则反唇相讥,称贝森特为“索罗斯的代理人”,经营着“一家失败的对冲基金”。贝森特在成为美国财长前,担任过索罗斯基金管理公司的首席投资官。
据当时听到争吵的消息人士说,贝森特一度用脏话大骂马斯克,马斯克则回呛说,“大声点儿”。二人争吵如此激烈,以至于一名助手不得不将他们分开。一名目击者说,当时“场面壮观”且“声音很大”,到访的意大利总理梅洛尼都听到了。
据报道,马斯克和贝森特对国税局代理局长的人选存在分歧。特朗普曾任命马斯克推荐的国税局前官员加里·沙普利为国税局代理局长,但贝森特希望副财长迈克尔·福尔肯德担任这一职务。18日,即两人发生争吵次日,福尔肯德接替沙普利执掌美国国税局。
当被问及这场争吵时,白宫新闻秘书莱维特说:“分歧是任何健康决策过程的正常组成部分。”(完)
图说:2017年9月29日,在澳大利亚阿德莱德,美国太空探索技术公司创始人兼首席执行官埃隆·马斯克在第68届国际宇航大会闭幕式前做主旨演讲。新华社发(闫寒摄)