Connect with us

China

“နှင်းနဂါး-၂” သင်္ဘော ဩစတြေးလျ Hobart ဆိပ်ကမ်းတွင် ဆိုက်ကပ်

ဆောင်းဦးရာသီကာလ အန္တာတိကရှိ Ross ပင်လယ်၏ ရေခဲများအား ၂၀၂၅ ခုနှစ် မတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နှင်းနဂါး-၂၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် ၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင်ကို တာဝန်ထမ်းဆောင်နေသာ “နှင်းနဂါး-၂” ဝင်ရိုးစွန်းဒေသ သိပ္ပံလေ့လာရေး ရေခဲခွဲသင်္ဘောသည် ပေကျင်းစံတော်ချိန် ဧပြီ ၂၆ ရက်က ဩစတြေးလျနိုင်ငံ Hobart ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး ထောက်ပံ့ရေးပစ္စည်းများ ဖြည့်တင်းရေးလုပ်ငန်းကို လုပ်ဆောင်ခဲ့သည်။ အချို့သောအဖွဲ့ဝင်များက ယင်းနေရာ၌ သင်္ဘောဆင်းကာ လေယာဉ်ဖြင့် နေရပ်နိုင်ငံသို့ ပြန်သွားကြသည်။
ယခုအကြိမ် စူးစမ်းစစ်ဆေးလေ့လာသည့်ကာလတွင် “နှင်းနဂါး-၂” သည် ပင်လယ်ရေမိုင် ၃၂,၀၀၀ ကျော် ခုတ်မောင်းကာ အနောက်လေစီးကြောင်းသို့ ၆ ကြိမ် ဖြတ်သန်းပြီး အန္တာတိကရှိ ချင်လျင်စခန်း၏ တွဲဖက်အဆောက်အဦ စက်ပစ္စည်းများ တည်ဆောက်ခြင်းကို အဆင်ပြေချောမွေ့စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သလို Amundsen ပင်လယ်၏ သမုဒ္ဒရာ စူးစမ်းလေ့လာရေးတာဝန်ကို ထမ်းဆောင်ကာ နယူးဇီလန် Lyttelton ဆိပ်ကမ်းတွင် အများပြည်သူကြည့်ရှု့လေ့လာရေးနေ့အစီအစဉ်ကို ကျင်းပခဲ့သည်။ ထို့အပြင် “နှင်းနဂါး-၂” သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်ခဲ့သေးရာ နိုင်ငံပေါင်း ၉ နိုင်ငံမှလာသော သိပ္ပံသုတေသီများနှင့်အတူ တရုတ်နိုင်ငံ၏ ပထမဆုံးအကြိမ် တောင်ပိုင်း သမုဒ္ဒရာ ဆောင်းဦးရာသီ သိပ္ပံစူးစမ်းလေ့လာရေးမစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံ သဘာဝ သယံဇာတရေးရာ ဝန်ကြီးဌာနမှ ဦးစီးသည့် တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာရေး မစ်ရှင်ကို “နှင်းနဂါး”၊ “နှင်းနဂါး-၂” နှင့် “ရုန်စိန့်” ကုန်တင်သင်္ဘော သုံးစင်းတို့က အာမခံထားဆောင်ရွက်ခြင်း ဖြစ်သည်။ စူးစမ်းလေ့လာရေးအဖွဲ့မှာ ပြည်တွင်းပြည်ပ ဌာနပေါင်း ၁၁၈ ခုမှ လူပုဂ္ဂိုလ် ၅၁၆ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ “နှင်းနဂါး” နှင့် “ရုန်စိန့်” ကုန်တင်သင်္ဘောတို့သည် စူးစမ်းလေ့လာရေးမစ်ရှင်များ ပြီးမြောက်ပြီ ဖြစ်ကာ “နှင်းနဂါး-၂” မှာ ဇွန်လ၌ ရှန်ဟိုင်းသို့ ပြန်မည်ဟု ခန့်မှန်းထားသည်။ (Xinhua)

အန္တာတိကရှိ ချင်လျင်စခန်းအား ၂၀၂၅ ခုနှစ် ဧပြီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၁ ကြိမ်မြောက် အန္တာတိက စူးစမ်းလေ့လာရေးအဖွဲ့ Ross ပင်လယ် ပူးတွဲရေကြောင်းခရီးစဉ် အဖွဲ့ဝင်များ “နှင်းနဂါး-၂” သင်္ဘောကုန်းပတ်ပေါ်တွင် အမှတ်ရဓာတ်ပုံ ရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————–
(Chinese Version)
第41次南极考察|“雪龙2”号停靠澳大利亚霍巴特港
新华社“雪龙2”号4月26日电(记者黄韬铭)北京时间26日,执行中国第41次南极考察任务的“雪龙2”号极地科考破冰船停靠澳大利亚霍巴特港,进行物资补给工作。部分队员在此下船,搭乘航班回国。
本次考察期间,“雪龙2”号已航行3.2万余海里,6次穿越西风带,顺利完成南极秦岭站配套设施设备建设,执行阿蒙森海大洋调查,在新西兰利特尔顿港举行公众开放日活动。此外,“雪龙2”号还积极开展国际合作,来自9个国家的科考队员共同完成我国首次南大洋秋季科考任务。
中国第41次南极考察由自然资源部组织,由“雪龙”号、“雪龙2”号和“永盛”号货轮三船保障。考察队由来自国内外118家单位的516人组成。“雪龙”号和“永盛”号货轮已完成考察任务,“雪龙2”号预计6月返回上海。(完)
1. 3月29日拍摄的秋季南极罗斯海的冰。新华社记者 黄韬铭 摄
2. 4月8日拍摄的南极秦岭站。新华社记者 黄韬铭 摄
3. 4月13日,中国第41次南极考察队南极罗斯海联合航次的队员在“雪龙2”号艉甲板合影留念。新华社记者 黄韬铭 摄