Connect with us

Africa & Middle East

ဆင်ဟွာသတင်းအေဂျင်စီက ဂင်းနီဗစ်ဆောနိုင်ငံတွင် ရုံးခွဲ ဖွင့်လှစ်

ဂင်းနီဗစ်ဆောနိုင်ငံ မြို့တော် ဗစ်ဆော၌ ကျင်းပသော ဆင်ဟွာ ဗစ်ဆော ရုံးခွဲ ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားသို့ ဂင်းနီဗစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ရိမ်ဟော်၊ ဂင်းနီဗစ်ဆောနိုင်ငံ လူမှုဆက်သွယ်ရေး ဝန်ကြီး Florentino Fernando Dias၊ ဆင်ဟွာသတင်းအေဂျင်စီ အာဖရိကရုံးချုပ်ခွဲ အကြီးအကဲ ရင့်ချန် တို့ တက်ရောက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဗစ်ဆော၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
ဂင်းနီဗစ်ဆောအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆင်ဟွာသတင်းအေဂျင်စီ ဗစ်ဆော ရုံးခွဲကို ဧပြီ ၂၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ယင်းနေ့က မြို့တော် ဗစ်ဆောတွင် ကျင်းပသည့် ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနား၌ ဂင်းနီဗစ်ဆောနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ယန်ရိမ်ဟော်က လွန်ခဲ့သည့်နှစ် ဇူလိုင်လက ဂင်းနီဗစ်ဆောနိုင်ငံ သမ္မတ Umaro Sissoco Embalo တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်သည့် ကာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Umaro Sissoco Embalo တို့သည် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုဖလှယ်ရေးနှင့် မီဒီယာပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးဆိုင်ရာ အရေးကြီး သဘောတူညီချက်ရရှိခဲ့ရာ နှစ်နိုင်ငံ သတင်းစာပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် မဟာဗျူဟာမြောက် လမ်းညွှန်ချက်များ ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းအေဂျင်စီသည် တရုတ်နိုင်ငံ နိုင်ငံပိုင် သတင်းဌာနအနေဖြင့် ဗစ်ဆောတွင် ရုံးခွဲ ဦးစွာ ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဘုံသဘောတူညီချက်ကို ဖော်ဆောင်သည့် အဓိကအစီအမံပင် ဖြစ်ကြောင်း၊ ဤသို့ ဆောင်ရွက်မှုသည် နှစ်နိုင်ငံ လူမှုယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ရေး၊ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ရေး၊ တရုတ်-ဂင်းနီဗစ်ဆော နှစ်နိုင်ငံ အစဉ်အလာချစ်ကြည်မှု နက်ရှိုင်းရေးအပေါ် သမိုင်းမှတ်တိုင်အနက်အဓိပ္ပါယ်ဆောင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂင်းနီဗစ်ဆောနိုင်ငံ လူမှုဆက်သွယ်ရေးဝန်ကြီး Florentino Fernando Dias က ဂင်းနီဗစ်ဆောနိုင်ငံသည် ဆင်ဟွာသတင်းအေဂျင်စီအပါအဝင် တရုတ်နိုင်ငံ မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးအပေါ် “အပြုသဘောဆောင်၍ တံခါးဖွင့်ထား” ကြောင်း၊ ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့် ဂင်းနီဗစ်ဆောတွင် ရုံးခွဲဖွင့်လှစ်မှုကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။

ဆင်ဟွာသတင်းအေဂျင်စီ အာဖရိကရုံးချုပ်ခွဲ အကြီးအကဲ ရင့်ချန်က ဗစ်ဆောရုံးခွဲဖွင့်လှစ်ခြင်းမှတစ်ဆင့် ဂင်းနစ်ဗစ်ဆောနိုင်ငံ၏ လူမှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့လူနေမှုဘဝနှင့် တရုတ်-ဂင်းနစ်ဗစ်ဆော ပူးပေါင်းဆောင်ရွက်မှုရလဒ်များကို ပိုမိုကောင်းမွန်စွာ သတင်းတင်ဆက်ကာ ဂင်းနစ်ဗစ်ဆော၏အသံကို ပိုမိုများပြားသော တရုတ်နှင့်ကမ္ဘာ့ ပရိသတ်များ ကြားသိရအောင် တွန်းအားပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းအေဂျင်စီအနေဖြင့်လည်း ယင်းကို အခွင့်အလမ်းအဖြစ် ဂင်းနီဗစ်ဆော၌ အခြေချကာ အနောက်အာဖရိကကိုမျက်နှာမူ၍ ပိုမိုများပြားသည့် စစ်မှန်သော၊ အသက်ဝင်သော၊ နွေးထွေးမှုရှိသော သတင်းအကြောင်းအရာများကို ဖော်ပြသွားမည် ဖြစ်ရာ တရုတ်-ဂင်းနီဗစ်ဆော၊ တရုတ်-အာဖရိက ချစ်ကြည်ရေး နက်ရှိုင်းမှုအတွက် မီဒီယာအင်အားဖြင့် အကျိုးဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗစ်ဆော ရုံးခွဲသည် ဆင်ဟွာသတင်းအေဂျင်စီ၏ ပြည်ပ၌ ဖွင့်လှစ်ထားသော ၁၈၄ ခုမြောက် ပြည်ပအခြေစိုက် ရုံးခွဲ ဖြစ်သည်။ (Xinhua)

——————————-
(Chinese Version)
新华社在几内亚比绍设立分社
新华社比绍4月25日电(记者司源 许嘉桐)经几内亚比绍政府批准,新华通讯社比绍分社25日成立。
当日在首都比绍举办的揭牌仪式上,中国驻几内亚比绍大使杨仁火说,去年7月,几内亚比绍总统恩巴洛对中国进行国事访问期间,习近平主席同恩巴洛总统就深化两国人文交流与媒体合作达成了重要共识,为两国新闻领域合作提供了战略指引。新华社作为中国国家通讯社,率先在比绍成立分社,正是落实两国元首共识的重大举措。此举对促进两国人文交流、增进双方互信、深化中几比传统友谊具有里程碑意义。
几内亚比绍社会通讯部部长弗洛伦蒂诺·费尔南多·迪亚斯表示,几比对同包括新华社在内的中国媒体加强合作“保持积极和开放的态度”,欢迎新华社在几比设立分社。
新华社非洲总分社社长应强说,希望通过比绍分社的设立,更好地报道几比的社会发展、人民生活和中几比合作成果,推动几比声音被更多中国及全球受众听见。新华社将以此为契机,立足几比、面向西非,讲述更多真实、生动、富有温度的新闻故事,为深化中几比、中非友谊贡献媒体力量。
比绍分社是新华社在境外设立的第184个驻外分社。
1. 4月25日,中国驻几内亚比绍大使杨仁火(左二)、几内亚比绍社会通讯部部长弗洛伦蒂诺·费尔南多·迪亚斯(左一)、新华社非洲总分社社长应强(左三)出席在几内亚比绍首都比绍举行的新华社比绍分社揭牌仪式。新华社记者 司源 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.