Connect with us

Africa & Middle East

အီရန်နိုင်ငံ ဆိပ်ကမ်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ဦးအထိ မြင့်တက်လာ

အီရန်နိုင်ငံ Shahid Rajaee ဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ မီးခိုးလိပ်များ ထွက်ပေါ်လာပုံကို ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Mehr News Agency)

တီဟီရန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ တောင်ပိုင်း Shahid Rajaee ဆိပ်ကမ်းတွင် ဧပြီ ၂၆ ရက်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄၀ ဦး၊ ဒဏ်ရာရရှိသူ ၁,၀၀၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း အီရန် အစ္စလာမ်မစ် သမ္မတနိုင်ငံ ရုပ်သံလွှင့်ဌာန (IRIB) ၏ ဧပြီ ၂၇ ရက် သတင်းဖော်ပြချက်အရ သိရသည်။

လက်ရှိအထိ ပေါက်ကွဲမှုကြောင့် သေဆုံးသူ လူ ၄၀ ရှိလာပြီဖြစ်ကြောင်း Shahid Rajaee ဆိပ်ကမ်းတည်ရှိရာ Hormozgan ပြည်နယ် အုပ်ချုပ်ရေးမှူး၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ ထို့ပြင် Hormozgan ဆေးတက္ကသိုလ်မှ စုစည်းထားသော အချက်အလက်အရ ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသူ လူပေါင်း ၁,၀၀၀ ကျော်ရှိပြီး ၎င်းအနက် လူ ၉၅၀ ခန့်သည် ဆေးကုသမှုခံယူပြီးနောက် ဆေးရုံဆင်းသွားပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် အီရန် အစိုးရသတင်းဌာန (IRNA) ၏ သတင်းဖော်ပြချက်အရ အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်သည် ဧပြီ ၂၇ ရက် ညပိုင်းက Hormozgan ပြည်နယ်မြို့တော် Bandar Abbas တွင် ကျင်းပသော အန္တရာယ်စီမံခန့်ခွဲမှုအစည်းအဝေး၌ Shahid Rajaee ဆိပ်ကမ်း၏ စီမံခန့်ခွဲမှု အခြေအနေသည် လက်ခံနိုင်ဖွယ်မရှိကြောင်းပြောကြားခဲ့သည်။ အဆိုပါဆိပ်ကမ်းတွင် ကွန်တိန်နာအလုံးရေ ၁၂၀,၀၀၀ မှ ၁၄၀,၀၀၀ အထိ ကာလကြာရှည်စွာ သိုလှောင်ထားသဖြင့် ထိုမျှများပြားသော ကွန်တိန်နာများကြောင့် ဆိပ်ကမ်းသည် စနစ်မကျသော အခြေအနေဖြစ်နေကြောင်း ၎င်းက ဆိုသည်။ ပေါက်ကွဲမှုကြောင့် သက်ရောက်မှုရှိသော မိသားစုများအား ဘက်စုံပံ့ပိုးမှုများ လုပ်ဆောင်ရမည်ဟု မာဆော့ ပါဇက်ရှ်ကီရမ်က ညွှန်ကြားခဲ့သည်။

Shahid Rajaee ဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်စဉ်အား သေချာစုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ပြီး မည်သည့် လစ်ဟာမှု သို့မဟုတ် တမင်လုပ်ဆောင်မှု လုပ်ရပ်ကိုမဆို သည်းညည်းခံသွားမည်မဟုတ်ကြောင်း အီရန် ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီက ဧပြီ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

Shahid Rajaee ဆိပ်ကမ်းသည် အီရန်နိုင်ငံ၏ အကြီးစား စီးပွားသုံးဆိပ်ကမ်း တစ်နေရာဖြစ်ကာ Hormuz ရေလက်ကြားနှင့် နီးစပ်ပြီး အဓိကအားဖြင့် ကွန်တိန်နာများစီမံသည့် လုပ်ငန်းလုပ်ဆောင်ရခြင်း ဖြစ်ကာ ရေနံသိုလှောင်ရေးတိုင်ကီ စသည့် ရေနံနှင့်ဓာတုအဆောက်အအုံများထားရှိထားသည်။ အဆိုပါဆိပ်ကမ်း၏ ဧရိယာသည် ၂,၄၀၀ ဟက်တာဝန်းကျင်ရှိပြီး တစ်နှစ် ကုန်တင်ကုန်ချပမာဏသည် တန်ချိန် သန်း ၇၀ ရှိသည်။

အဆိုပါဆိပ်ကမ်းအား ဆိပ်ခံပေါင်း ၂၃ ခုဖြင့် ဖွဲ့စည်းထားပြီး ရေအနက် ၁၅ မီတာရှိကာ ပေါက်ကွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးသည့် ဆိပ်ခံ ၁ နေရာသာရှိသည်။ ပေါက်ကွဲမှုဖြစ်ပွားရာ ဆိပ်ကမ်း အနီးတစ်ဝိုက်ရှိ ရေနံဆိုင်ရာ အဆောက်အအုံများသည် ပေါက်ကွဲမှုကြောင့် သက်ရောက်မှုမရှိဟု အီရန်အမျိုးသား ရေနံ ကုန်ချောထုတ်လုပ်ခြင်း နှင့် ဖြန့်ချိခြင်းကုမ္ပဏီက ပြောကြားခဲ့သည်။ (Xinhua)

အီရန်နိုင်ငံ Shahid Rajaee ဆိပ်ကမ်း ပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ပျက်စီးသွားသောကားများကို ၂၀၂၅ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Mehr News Agency)

——————–
(Chinese Version)
伊朗港口爆炸死亡人数升至40人
新华社德黑兰4月27日电(记者陈霄 沙达提)据伊朗伊斯兰共和国广播电视台27日报道,伊朗南部沙希德拉贾伊港26日发生的爆炸已造成40人死亡、1000多人受伤。
报道援引沙希德拉贾伊港所在的霍尔木兹甘省省长公布的消息,到目前为止,已有40人在爆炸中丧生。另据霍尔木兹甘医科大学的统计数据,1000多人在爆炸中受伤,其中约950人经治疗已出院。
据伊朗伊斯兰共和国通讯社报道,伊朗总统佩泽希齐扬27日晚在霍尔木兹甘省首府阿巴斯港召开的危机管理会议上表示,沙希德拉贾伊港的管理状况不可接受。该港口长期存放着12万至14万个集装箱,如此数量的集装箱使港口处于无序状态。佩泽希齐扬指示要为受影响的家庭提供全面支持。
伊朗最高领袖哈梅内伊27日要求对沙希德拉贾伊港爆炸事件进行彻底调查,表示绝不姑息任何疏忽或蓄意行为。
沙希德拉贾伊港是伊朗一处大型商业港口,靠近霍尔木兹海峡,主要处理集装箱业务,设有储油罐等石化设施。据悉,该港面积约2400公顷,年货物吞吐能力达7000万吨。该港由23个码头组成,水深15米,仅一座码头因爆炸严重受损。伊朗国家石油产品精炼和分销公司说,事发港口附近石油设施未受爆炸波及。(完)
图说1:4月26日,伊朗沙希德拉贾伊港的爆炸现场冒出浓烟。新华社发(伊朗迈赫尔媒体集团供图)
图说2:这是4月26日在伊朗沙希德拉贾伊港的爆炸现场拍摄的被毁车辆。新华社发(伊朗迈赫尔媒体集团供图)