China
မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်

ကူမင်း၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား (ကူမင်း- ဗီယင်ကျန်း- ဖနွမ်းပင်) နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး ကားများစတင်ထွက်ခွာခြင်း အခမ်းအနားကို ယူနန်ပြည်နယ် ကူမင်းမြို့ New Luosiwan အကောက်ခွန်စစ်ဆေးရေးစင်တာတွင် ဧပြီ ၂၇ ရက်က ကျင်းပခဲ့သည်။ မျက်နှာကြက် ပန်ကာ၊ ပလတ်စတစ် ရေပုံး စသည့် နေ့စဉ်သုံးပစ္စည်းများ အပြည့်တင်ဆောင်လာသော နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေးယာဉ်တန်းသည် အဆိုပါနေရာမှ စတင်ထွက်ခွာခဲ့ပြီး လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ကို ဖြတ်၍ နောက်ဆုံးတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ဆိုက်ရောက်မည်ဖြစ်သည်။ ယင်းမှာ မဟာမဲခေါင်ဒေသခွဲ၏ ကုန်စည်နှင့် လူပုဂ္ဂိုလ် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရေး သဘောတူညီချက် မူအောက်အောက်တွင် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းအသစ် နောက်တစ်ခု တရားဝင် ပုံမှန်အသွင် လည်ပတ်မှု စတင်ခြင်း၏ အမှတ်သင်္ကေတပင်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ကူမင်းမြို့ရှိ New Luosiwan အကောက်ခွန်စစ်ဆေးရေးစင်တာတွင် ထွက်ခွာရန် စောင့်ဆိုင်းနေသော တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေးကားများကို ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………
(Chinese Version)
大湄公河次区域中老柬跨境直达运输启动
新华社照片,昆明,2025年4月27日
当日,大湄公河次区域(GMS)中老柬(昆明-万象-金边)跨境直达运输发车仪式在云南昆明新螺蛳湾海关查验中心举行。满载着吊扇、塑料水箱等日用百货的跨境货运车队自该地启程,将经过老挝万象,最终抵达柬埔寨金边。这标志着在大湄公河次区域便利货物及人员跨境运输协定的框架下,又一条国际物流新通道正式启动常态化运营。
图说1:4月27日,中老柬跨境直达运输货车从昆明新螺蛳湾海关查验中心出发。新华社记者 陈欣波 摄
图说2:这是4月27日在昆明新螺蛳湾海关查验中心拍摄的等待出发的中老柬跨境直达运输货车。 新华社记者 陈欣波 摄