North America
ကနေဒါနိုင်ငံတွင် ကားဖြင့် လူအုပ်ကြီးကို ဝင်တိုက်မှုကြောင့် လူ ၁၁ ဦးသေဆုံးသည့်ဖြစ်ရပ်တွင် ကျူးလွန်သူ လူသတ်မှုဖြင့် စွဲချက်တင်ခံရ

ဗန်ကူးဗား၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ဧပြီ ၂၆ ရက် ညပိုင်းတွင် ကားဖြင့် လူအုပ်ဝင်တိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်တွင် ကျူးလွန်သူအား ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ ရဲတပ်ဖွဲ့က ဧပြီ ၂၇ ရက်တွင် လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်။
အွန်လိုင်းတရားရုံး စာရွက်စာတမ်းများအရ အဆိုပါ အသက် ၃၀ အရွယ် အမျိုးသားသည် လက်ရှိတွင် အဆင့် ၂ လူသတ်မှု ၈ ချက် ကျူးလွန်သည်ဟု စွဲချက်တင်ခံထားရကြောင်း သိရသည်။ လာမည့်ရက်အနည်းငယ်အတွင်း ပိုမိုများပြားသော စွဲချက်တင်မှုများ လုပ်ဆောင်သွားမည်ဟုလည်း ရဲတပ်ဖွဲ့က ဆိုထားသည်။
ယခုအကြိမ် ဖြစ်ရပ်အတွင်း သေဆုံးသူ ၁၁ ဦးရှိသည်ကို အတည်ပြုပြီးဖြစ်ကြောင်း၊ သေဆုံးသူများသည် အသက် ၅ နှစ်မှ ၆၅ နှစ် အတွင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထိုမတိုင်မီ သတင်းစာရှင်းလင်းပွဲကျင်းပ၍ ထုတ်ဖော်ပြောကြားခဲ့သည်။ ထို့ပြင် အခြားဒဏ်ရာရရှိသူ ဒါဇင်နှင့်ချီရှိပြီး အချို့သောသူများက ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသူ လူဦးရေ ထပ်တိုးလာနိုင်ကြောင်းလည်း ဆိုထားသည်။
လက်ရှိတွင် အမှုကျူးလွန်သူ၏ အမှုကျူးလွန်ရသည့် အကြောင်းရင်းကို ကြိုးပမ်းစုံစမ်းနေဆဲဖြစ်ကြောင်း၊ သို့သော် အဆိုပါဖြစ်ရပ်သည် အကြမ်းဖက်လုပ်ရပ်မဟုတ်ကြောင်း၊ အမှုကျူးလွန်သူသည် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာရှိကြောင်းလည်း ရဲဘက်က ဆိုသည်။
ဒေသစံတော်ချိန် ဧပြီ ၂၆ ရက် ည ၈ နာရီ ၁၄ မိနစ်ဝန်းကျင်တွင် အမျိုးသားတစ်ဦးက ကားဖြင့် ဗန်ကူးဗားမြို့ လမ်းမထက်တွင် ပွဲတော်အခမ်းအနား ကျင်းပနေသည့် လူအုပ်ကြီးအား ဝင်တိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့ပြီး ၎င်းသည် အချင်းဖြစ်ပွားရာနေရာတွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ယင်းသည် ဗန်ကူးဗားမြို့သမိုင်းတွင် “အမှောင်မိုက်ဆုံးသော နေ့တစ်နေ့” ဖြစ်သည်ဟု ရဲဘက်က ဆိုထားသည်။ (Xinhua)

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့တွင် ကားဖြင့်လူအုပ်ကြီးကိုဝင်တိုက်မှု ဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးသူများအား အမှတ်တရပန်းစည်းဖြင့် ဂါရဝပြုနေသော ကလေးငယ်တစ်ဦးကို ၂၀၂၅ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
————————-
(Chinese Version)
加拿大驾车撞死11人肇事者被控谋杀
新华社渥太华4月27日电(记者林威)加拿大温哥华警方27日对26日晚驾车撞死11人的肇事者提出谋杀指控。
根据在线法庭文件,这名30岁男子目前被指控犯有8项二级谋杀罪。警方表示将在未来几天提出更多指控。
警方此前召开记者会说,已确认11人在此次事件中遇难,死者年龄在5岁至65岁之间。另有数十人受伤,一些人伤势严重,死亡人数可能还会上升。
警方表示,目前仍在努力查明肇事者的动机,但这起事件不是恐怖主义行为。肇事者有心理健康问题。
当地时间26日20时14分左右,一名男子开车冲撞参加温哥华街头庆祝活动的人群,造成大规模伤亡,被当场抓获。警方称,这是温哥华历史上“最黑暗的一天”。(完)
图说1:这是4月27日在加拿大温哥华拍摄的涉嫌冲撞人群的车辆。新华社发(梁森摄)
图说2:4月27日,在加拿大温哥华驾车撞人事件发生地附近,一名男孩摆放鲜花悼念遇难者。新华社发(梁森摄)