Connect with us

North America

အထွေထွေ ရွေးကောက်ပွဲတွင် ကနေဒါ လစ်ဘရယ်ပါတီ အနိုင်ရရှိကြောင်း ကနဦး ရလဒ် ဖော်ပြ

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မဲရုံတစ်ခုတွင် မဲပေးရန် တန်းစီနေသော မဲဆန္ဒရှင်တစ်ဦးအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
မာ့ခ်ကာနီ ဦးဆောင်သော ကနေဒါ လစ်ဘရယ်ပါတီက မဲဆန္ဒနေရာ ၃၄၃ ခု၏ နေရာ ၁၅၀ ကျော်တွင် အနိုင်ရမှု သို့မဟုတ် မဲအရေအတွက် ဦးဆောင်နေမှုရှိကြောင်း ကနေဒါ ရွေးကောက်ပွဲ ကော်မရှင်၏ ဧပြီ ၂၈ ရက် ညပိုင်းက ကြေညာသော ကနေဦး စာရင်းရလဒ်များတွင် ဖော်ပြခဲ့သည်။
ကနေဒါ မီဒီယာအများအပြားကလည်း အထွေထွေ ရွေးကောက်ပွဲတွင် လစ်ဘရယ်ပါတီ အနိုင်ရရှိကြောင်း ကြေညာပြီးဖြစ်သည်။ လစ်ဘရယ်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် နေရာ ၁၇၂ နေရာရရှိမှသာလျှင် အများစုပါတီ အစိုးရဖွဲ့စည်းနိုင်မည်ဖြစ်သည်။ (Xinhua)

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မဲရုံတစ်ခုတွင် မဲဆန္ဒရှင် အချက်အလက်များကို မှတ်တမ်းယူနေသော ဝန်ထမ်းတစ်ဦးအား ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
初步结果显示加拿大自由党赢得大选
新华社渥太华4月28日电(记者林威)加拿大选举委员会28日晚公布的初步统计结果显示,卡尼领导的加拿大自由党已在343个选区的150多个选区中获胜或领先。
加拿大多个媒体已宣布自由党赢得大选。自由党需要获得172个席位才能组建多数党政府。(完)
图说1:4月28日,选民在加拿大多伦多一处投票站排队投票。新华社发(邹峥摄)
图说2:4月28日,一名工作人员在加拿大多伦多一处投票站登记选民信息。新华社发(邹峥摄)