Africa & Middle East
တူကီယဲမှ ဆီးရီးယားသို့ ပြန်သွားခဲ့သော ဆီးရီးယားဒုက္ခသည် ၂၀၀,၀၀၀ ဦး အထိ ရှိပြီဖြစ်ကြောင်း တူကီယဲသမ္မတ ပြောကြား

အစ္စတန်ဘူလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ဆီးရီးယား ဘာရှာ အယ်လ်-အာဆတ်အစိုးရ ဖြုတ်ချခံရပြီးနောက် တူကီယဲနိုင်ငံမှ ဆီးရီးယားသို့ ပြန်သွားခဲ့သော ဆီးရီးယားဒုက္ခသည် ၂၀၀,၀၀၀ ဦး အထိ ရှိပြီဖြစ်ကြောင်း တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ၏ လုံခြုံမှုနှင့် တည်ငြိမ်မှုသည် ဖြည်းဖြည်းချင်း ကောင်းမွန်လာလျက်ရှိရာ လက်ရှိတွင် တူယီယဲနိုင်ငံအတွင်းရှိ ဆီးရီးယားနိုင်ငံသား တဖြည်းဖြည်း လျော့နည်းလာလျက်ရှိကြောင်း အဆိုပါနေ့ အစ္စတန်ဘူလ်တွင် ကျင်းပခဲ့သော အစည်းအဝေးတစ်ခု၌ အာဒိုဂန်က ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံတွင် တည်ငြိမ်မှု တဖြည်းဖြည်း ပြန်လည်ရရှိလာသည်နှင့်အမျှ ပိုမိုများပြားသော ဆီးရီးယားဒုက္ခသည်များ “မိမိဆန္ဒအလျောက်၊ လုံခြုံမှုရှိစွာ၊ ဂုဏ်သိက္ခာရှိစွာ၊ စနစ်တကျ” နေရပ်သို့ ပြန်သွားကြလိမ့်မည်ဟု ယင်းမတိုင်မီ အာဒိုဂန်က ပြောကြားခဲ့ဖူးသည်။
၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ချိန်မှစ၍ သန်းနှင့်ချီသော ဆီးရီးယားပြည်သူများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော တူကီယဲ၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန် စသည့် နိုင်ငံများသို့ ထွက်ပြေး၍ ခိုလှုံခွင့် တောင်းခံခဲ့ကြသည်။ (Xinhua)

စတုတ္ထကြိမ်မြောက် အန်တာလ်ယာ သံတမန်ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားနေသော တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်အား ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………….
(Chinese Version)
土耳其总统:已有20万叙难民从土耳其返回叙利亚
新华社伊斯坦布尔4月28日电(记者王腾飞)土耳其总统埃尔多安28日说,自叙利亚巴沙尔·阿萨德政权被推翻后,从土耳其返回叙利亚的叙难民已达20万人。
埃尔多安当天在伊斯坦布尔举行的一次会议上说,叙利亚的安全与稳定正逐步改善,目前在土耳其的叙利亚人正逐渐减少。
埃尔多安此前曾表示,随着叙利亚逐渐恢复稳定,将会有越来越多叙难民“自愿、安全、有尊严和有序”返回家园。
2011年叙利亚内战爆发以来,数百万叙利亚民众逃往邻国土耳其、伊拉克、约旦、黎巴嫩等国寻求庇护。(完)
图说1:2024年12月10日,人们等待通过土耳其南部哈塔伊省的奇尔韦格聚过境口岸进入叙利亚。新华社发(穆斯塔法·卡亚摄)
图说2:4月11日,土耳其总统埃尔多安在第四届安塔利亚外交论坛开幕式上发表主旨讲话。新华社发(穆斯塔法·卡亚摄)