Connect with us

Africa & Middle East

အမေရိကန်နှင့် ဆွေးနွေးမှုတွင် “အနီရောင် စည်းမျဉ်း” ရှိသည်ဟု အီရန် ပြောကြား

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei အား ၂၀၂၅ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
အီရန်နှင့် အမေရိကန်၏ ဆွေးနွေးမှုတွင် “အနီရောင်စည်းမျဉ်း” ရှိကြောင်း၊ အီရန်နယ်မြေအတွင်း ယူရေနီယံသန့်စင်မှုကို ဆက်လက်လုပ်ဆောင်ခြင်း၊ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ ဖျက်သိမ်းပေးခြင်း အပါအဝင် အီရန်၏ အချက်အချာကျသည့် တောင်းဆိုချက်များကို အမေရိကန်ဘက်က လေးစားရမည် ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmaeil Baghaei က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အီရန်ဘက်က အခြေခံဆွေးနွေးရေးမူများ ပြောင်းလဲမှုမရှိကြောင်း Esmaeil Baghaei က မြို့တော် တီဟီရန်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မည်သည့်အခြေအနေမျိုးတွင်မဆို အီရန်အနေဖြင့် ပြည်တွင်းတွင် ယူရေနီယံ သန့်စင်ရေးအစီအစဉ်လုပ်ပိုင်ခွင့်ကို စွန့်လွှတ်မည် မဟုတ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် အမေရိကန်ဘက်က ပိတ်ဆို့အရေးယူမှုများကို ထိရောက်စွာ ဖျက်သိမ်းပေးရန် လိုအပ်ကြောင်း၊ ယင်းမှာ အီရန်ဘက်က ဆွေးနွေးပွဲ၌ အမေရိကန် ကျော်လွန်၍မရသော “အနီရောင်စည်းမျဉ်း” ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ထိရောက်သည့်နည်းလမ်းဖြင့် ပိတ်ဆို့အရေးယူမှုကို အဆုံးသတ်ခြင်း” သည် အဓိက ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည့်အပြင် အီရန်၏ တောင်းဆိုချက်များအနက် တစ်ခုမှာ အမေရိကန်ဘက် “တရားမဝင်” ပိတ်ဆို့ထားသည့် ပိုင်ဆိုင်မှုများကို ရယူနိုင်ရန်ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ နည်းပညာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ယနေ့အစောပိုင်းတွင် တီဟီရန်သို့ ရောက်ရှိခဲ့ရာ အီရန်အဏုမြူစွမ်းအင်အဖွဲ့နှင့် နည်းပညာဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း Esmaeil Baghaei က အတည်ပြုပြောကြားခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အီရန်-အမေရိကန် နောက်ထပ်တစ်ကြိမ်ဆွေးနွေးပွဲကို မေ ၃ ရက်တွင် ကျင်းပနိုင်ပြီး အသေးစိတ်နေရာကို အိုမန်အစိုးရက အတည်ပြုပြီးနောက် နှစ်ဖက်ကို အကြောင်းကြားမည် ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင် အီရန် မီဒီယာများအား ပြောကြားခဲ့သည်။

အမေရိကန်နှင့် အီရန်သည် ဧပြီ ၁၂ ရက်က အိုမန်နိုင်ငံ မြို့တော် မတ်စ်ကက်တွင် ပထမအကြိမ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းမှာ ၂၀၁၈ ခုနှစ် မေလက အီရန်နျူကလီးယားသဘောတူညီချက်မှ အမေရိကန် တစ်ဖက်သတ် နုတ်ထွက်ပြီးနောက် အမေရိကန်-အီရန် နှစ်ဖက် ပထမဆုံးအကြိမ် ဆွေးနွေးမှု တရားဝင် စတင်ခြင်း ဖြစ်သည်။ နှစ်နိုင်ငံသည် ဧပြီ ၁၉ ရက်တွင် အီတလီနိုင်ငံ မြို့တော် ရောမတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဧပြီ ၂၆ ရက်တွင် မတ်စ်ကက်၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

————————————————————————————–
(Chinese Version)
伊朗:与美国谈判有“红线”
新华社德黑兰4月28日电(记者陈霄 沙达提)伊朗外交部发言人巴加埃28日表示,伊朗与美国谈判有“红线”,美方必须尊重伊朗关键诉求,包括伊朗继续在境内进行铀浓缩活动、有效取消对伊制裁。
巴加埃在首都德黑兰举行的新闻发布会上说,伊方基本谈判原则没有变化。在任何情况下,伊朗都不会放弃在国内进行铀浓缩活动的权利,同时美方需要有效取消制裁。这些是伊方在谈判中绝不允许美方逾越的“红线”。
他强调“以有效方式结束制裁”是重点,并指出伊朗诉求之一是能够获得被美方“非法”冻结的资产。
巴加埃证实,国际原子能机构一个技术代表团已于当天早些时候抵达德黑兰,与伊朗原子能组织进行了技术会谈。
伊朗外长阿拉格齐26日告诉伊朗媒体,伊美下轮会谈可能于5月3日举行,具体地点将由阿曼政府确定并通知双方。
美国与伊朗12日在阿曼首都马斯喀特举行首轮间接会谈。这是自2018年5月美国单方面退出伊核协议以来,美伊双方首次正式开启谈判。双方于19日在意大利首都罗马举行第二轮间接会谈,26日在马斯喀特举行了第三轮间接会谈。(完)
1. 4月28日,伊朗外交部发言人巴加埃在首都德黑兰举行的新闻发布会上讲话。新华社记者 沙达提 摄