Politics, Law & Military
အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံ၍ တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့အပေါ် အခြေခံ၍ တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
ပေကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်-ကနေဒါ ဆက်ဆံရေး ကိစ္စရပ်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်း၊ အတိအလင်း ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတို့ အပေါ် အခြေခံ၍ တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၉ ရက်တွင် ပြုလုပ်သော ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီ ဦးဆောင်သည့် ကနေဒါ လစ်ဘရယ်ပါတီက ဖက်ဒရယ် အောက်လွှတ်တော် ရွေးကောက်ပွဲ၌ အနိုင်ရရှိသည်နှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားခဲ့သည်။
မာ့ခ်ကာနီ ဦးဆောင်သော ကနေဒါ လစ်ဘရယ်ပါတီသည် ဖက်ဒရယ် အောက်လွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြောင်း ကနေဒါ ရွေးကောက်ပွဲ ကော်မရှင်၏ ဧပြီ ၂၉ ရက် နံနက်အစောပိုင်းက ထုတ်ပြန်သော ကနေဦး မဲရေတွက်မှုရလဒ်အရ သိရသည်။ ၎င်းသည် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ် ၀န်ကြီးချုပ်ရာထူးကို ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
#ကနေဒါလစ်ဘရယ်ပါတီ #မာ့ခ်ကာနီ #တရုတ်_ကနေဒါ #နိုင်ငံခြားရေးဝန်ကြီးဌာန
……………………………..
(Chinese Version)
外交部:愿在相互尊重、平等互利基础上发展中加关系
新华社北京4月29日电(记者邵艺博、朱超)外交部发言人郭嘉昆29日在例行记者会上就加拿大总理卡尼领导的加拿大自由党赢得联邦众议院选举答问时表示,中方在中加关系问题上的立场是一贯、明确的,愿在相互尊重、平等互利基础上发展中加关系。
加拿大选举委员会29日凌晨公布的初步计票结果显示,卡尼领导的加拿大自由党赢得联邦众议院选举,他将作为自由党领导人继续出任总理。(完)