Culture & Entertainment
တာဂျစ်ကစ္စတန်လူငယ် လီရှောင်လုံ၏ တရုတ်တိုင်းရင်းဆေးပညာ ရေစက်

နန်ကျင်း၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ရုတ်နိုင်ငံ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် အမှတ် (၂) ပူးတွဲဆေးရုံ (ကျန်းဆူးပြည်နယ် အမှတ် (၂) တရုတ်တိုင်းရင်းဆေးရုံ) ပြန်လည်သန်စွမ်းရေး အပ်စိုက်ကုထုံးဌာနတွင် ပြင်ပလူနာဌာနမှ လူနာများက အလယ်အာရှဒေသ မျက်နှာပေါက်ဖြင့် “နိုင်ငံခြားသားဆရာဝန်” တစ်ဦးကို မကြာခဏတွေ့မြင်ရလေ့ရှိသည်။၎င်းမှာ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် ၂၀၂၃ ခုနှစ် အတန်း အပ်စိုက်ခြင်းနှင့် နှိပ်နယ်ကုသခြင်း ပညာရပ်မှ မဟာဘွဲ့သင်တန်း ကျောင်းသား Kishvarov Amirdzhon ဖြစ်ပြီး ယခုနှစ်တွင် အသက် ၂၉ နှစ်ရှိပြီဖြစ်ရာ တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော်ဒူရှန်ဘီမှ ဖြစ်သည်။

တရုတ်နိုင်ငံ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် အမှတ် (၂) ပူးတွဲဆေးရုံ (ကျန်းဆူးပြည်နယ် အမှတ် (၂) တရုတ်တိုင်းရင်းဆေးရုံ) ချိန်ကျန်းအပ်စိုက်ပညာရပ် လက်ဆင့်ကမ်းအလုပ်ရုံတွင် လီရှောင်လုံကို ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
Kishvarov Amirdzhon သည် အလယ်တန်းကျောင်းသားဘဝကတည်းက တရုတ်ယဉ်ကျေးမှုကို နှစ်သက်ခဲ့ပြီး တရုတ်ဝူရှူးသိုင်းပညာနှင့် သိုင်းပညာအနုပညာရှင်များ၏ ဆွဲဆောင်မှုကြောင့် ၎င်းကိုယ့်ကိုယ် တရုတ်အမည် “လီရှောင်လုံ (ဘရုစ်လီနှင့် အမည်တူသည်)” ဟု အမည်ပေးခဲ့သည်။ ၎င်းသည် တရုတ်ဘာသာစကားကို ကြိုးစားသင်ယူ၍ တရုတ်စာပေ ပေါင်းကူးတံတား (Chinese Bridge) အလယ်တန်းကျောင်းသား တရုတ်ဘာသာစကားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် တရုတ်နိုင်ငံသို့ ကြိမ်ဖန်များစွာ လာရောက်၍ တရုတ်တိုင်းရင်းဆေးပညာနှင့် ရေစက်ဆုံခဲ့သည်။

တရုတ်နိုင်ငံ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် အပ်စိုက်ခြင်းနှင့် နှိပ်နယ်ကုသခြင်းဌာနတွင် ဆရာ ရွှီဆန်းလေက လီရှောင်လုံ (ယာ ဒုတိယ) အား နှိပ်နယ်နည်း သင်ကြားပေးနေသည်ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၂၀၁၅ ခုနှစ်တွင် လီရှောင်လုံသည် ပေကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ်တွင် အပ်စိုက်ခြင်းနှင့် နှိပ်နယ်ကုသခြင်းပညာရပ်ကို လေ့လာသင်ယူခဲ့ရာ ဘွဲ့ရပြီးနောက် ဒူရှန်ဘီမြို့သို့ပြန်ကာ ကိုယ်ပိုင်တရုတ်တိုင်းရင်းဆေးခန်းကို ဖွင့်ခဲ့သည်။ ၎င်း၏ကြိုးပမ်းမှုဖြင့် ၎င်း၏လူနာအများအပြားသည် တရုတ်တိုင်းရင်းဆေးပညာအား အမာခံထောက်ခံအားပေးသူများ ဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံ နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ် အမှတ် (၂) ပူးတွဲဆေးရုံ (ကျန်းဆူးပြည်နယ် အမှတ် (၂) တရုတ်တိုင်းရင်းဆေးရုံ) ပြန်လည်သန်စွမ်းရေး အပ်စိုက်ကုထုံးဌာနတွင် လီရှောင်လုံက လူနာအား ကုသပေးနေသည်ကို ဧပြီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
မိမိစွမ်းရည်အား တစ်ဆင့်တိုးမြှင့်တင်ရန်အတွက် လီရှောင်လုံသည် ၂၀၂၃ ခုနှစ်တွင် နန်ကျင်း တရုတ်တိုင်းရင်းဆေးတက္ကသိုလ်သို့ လာရောက်၍ မဟာဘွဲ့သင်တန်း တက်ရောက်သင်ယူခဲ့သည်။ ကျန်းဆူးပြည်နယ် အမှတ် (၂) တရုတ်တိုင်းရင်းဆေးရုံ ဒုတိယဆေးရုံအုပ်၊ နည်းပြဆရာ ပါမောက္ခ ကျန်းကျန့်ပင်း၏ လမ်းညွှန်မှုဖြင့် လီရှောင်လုံသည် ခေတ်မီ အပ်စိုက်ပညာ ကုထုံး ဆေးကုသမှုအသုံးချပုံအား လေ့လာသင်ယူသည့် တစ်ချိန်တည်းတွင် အပ်စိုက်ကုသနည်းအား တရုတ်နိုင်ငံပြင်ပ အခြားနိုင်ငံအချို့တွင် ပြန့်ပွားမှုနှင့် လက်တွေ့အသုံးချမှု တိုးတက်ပုံအား စတင် သုတေသနပြုခဲ့သည်။
“အနာဂတ်မှာ ကျွန်တော်က တရုတ်တိုင်းရင်းဆေးပညာကို ပိုများတဲ့နိုင်ငံတွေမှာ မိတ်ဆက်ပေးပြီး တရုတ်တိုင်းရင်းဆေးပညာ၏ အံ့ဖွယ်ကို လူအများ ခံစားသိရှိရအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————————————–
(Chinese Version)
塔吉克斯坦青年李小龙的中医缘
新华社照片,南京,2025年4月28日
在南京中医药大学第二附属医院(江苏省第二中医院)针灸康复科,门诊患者经常会看到一位中亚面孔的“洋医生”。他是南京中医药大学2023级针灸推拿专业的硕士研究生阿米尔中,今年29岁,来自塔吉克斯坦首都杜尚别。
中学时,他爱上了中国文化,被中国武术和武术明星吸引,给自己取了个中文名字“李小龙”。他刻苦学习中文,参加汉语桥中学生中文比赛,后来多次来到中国,与中医结缘。
2015年,李小龙到北京中医药大学学习针灸推拿,毕业后回到杜尚别开了自己的中医诊所。在他的努力下,他的许多患者成为中医的忠实拥趸。
2023年,为了进一步提升自己,李小龙来到南京中医药大学攻读硕士研究生。在江苏省第二中医院副院长、导师张建斌教授的指导下,李小龙在学习现代针灸临床应用的同时,着手研究针灸在中国以外一些国家的传播和应用发展。
“今后,我希望把中医带到更多的国家,让更多人感受中医的妙处。”
图说1:4月18日,在南京中医药大学第二附属医院(江苏省第二中医院)针灸康复科,李小龙(右二)在导师张建斌(右)指导下学习分析患者影像学检查资料。 新华社记者 季春鹏 摄
图说2:这是4月18日在南京中医药大学第二附属医院(江苏省第二中医院)澄江针灸学派传承工作室拍摄的李小龙。新华社记者 季春鹏 摄
图说3:4月24日,在南京中医药大学,针灸推拿学院徐森磊老师在指导李小龙(右二)推拿。新华社记者 季春鹏 摄
图说4:4月18日,在南京中医药大学第二附属医院(江苏省第二中医院)针灸康复科,李小龙为患者治疗。新华社记者 季春鹏 摄