North America
အကောက်ခွန် ရိုက်ခတ်မှု ခန့်မှန်းချက်ကြောင့် အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီး ဝန်ထမ်းပမာဏ အများအပြား လျှော့ချကြောင်း ကြေညာ

နယူးယောက်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)
ယခုနှစ်တွင် ဝန်ထမ်းပမာဏ အများအပြားလျှော့ချခြင်းနှင့် လည်ပတ်နေသည့်ဌာနအများအပြား ပိတ်သိမ်းခြင်း စသည့် နည်းလမ်းဖြင့် ကုန်ကျစရိတ်ကို လျှော့ချပြီး အမြတ်အစွန်းရနိုင်စွမ်းကို မြှင့်တင်သွားမည် ဖြစ်ကြောင်း အမေရိကန် United Parcel Service, Inc.(UPS) က ဧပြီ ၂၉ ရက်တွင် ကြေညာခဲ့သည်။ဤ အမေရိကန် ထောက်ပံ့ပို့ဆောင်ရေး ထိပ်တန်းကုမ္ပဏီကြီးသည် ယခုနှစ်တွင် လုပ်ငန်းလည်ပတ်နေသည့် အလုပ်အကိုင်နေရာ ၂ သောင်းခန့်၊ ၎င်းဝန်ထမ်း စုစုပေါင်း လူဦးရေ၏ ၄ ရာခိုင်နှုန်းခန့် လျှော့ချသွားမည်ဟု စီစဉ်ထားကြောင်း၊ ဇွန်လကုန်ပိုင်း ပထမအဆင့်တွင် ကုမ္ပဏီက ငှားသုံးသောနေရာနှင့် ကိုယ်ပိုင် လုပ်ငန်းလုပ်ဆောင်နေသော နေရာ ၇၃ ခုကို ပိတ်သိမ်းရန် စီစဉ်ထားကြောင်း သိရသည်။
ယခုအကြိမ် လုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်းသည် လက်လီရောင်းချရေး ထိပ်တန်းကုမ္ပဏီ အမေဇုံ (Amazon)၏ လုပ်ငန်းပမာဏ လျော့နည်းမှုနှင့် သက်ဆိုင်ကြောင်း၊ ကုမ္ပဏီအတွက် ကန်ဒေါ်လာ ၃.၅ ဘီလီယံ အထွက်ငွေ ကုန်ကျစရိတ် လျှော့ချရန် အထောက်အကူပြုမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ပြောကြားခဲ့သည်။ ဇန်နဝါရီလတွင် ယင်းကုမ္ပဏီသည် အမေဇုံ (Amazon) နှင့် မူအရသဘောတူညီချက် ရရှိထားကြောင်း ကြေညာခဲ့ရာ ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် အမေဇုံ (Amazon) သည် ယင်းကုမ္ပဏီမှတစ်ဆင့် ကုန်ပစ္စည်းပို့သည့် လုပ်ငန်းပမာဏကို ၅၀ ရာခိုင်နှုန်းလျှော့ချမည် ဖြစ်ကြောင်း သိရသည်။
United Parcel Service, Inc.(UPS) သည် ယခုနှစ် ပထမ သုံးလပတ်ကာလတွင် လုပ်ငန်းလည်ပတ်မှုဝင်ငွေ ကန်ဒေါ်လာ ၂၁.၅၄၆ ဘီလီယံ ဖော်ဆောင်နိုင်ခဲ့ရာ လွန်ခဲ့သည့်နှစ် ကာလတူထက် ၀.၇ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယင်းကုမ္ပဏီ၏ ထိုနေ့တွင် ထုတ်ပြန်သည့် လုပ်ငန်းပိုင်ဆိုင်ရာ စွမ်းဆောင်ရည် အစီရင်ခံစာတွင် ဖော်ပြထားသည်။ စည်းကြပ်ခွန် မူဝါဒပြောင်းလဲမှုကို ထည့်သွင်းစဉ်းစားပါက အမြန်အချောပို့လုပ်ငန်းလိုအပ်ချက် လျော့နည်းသွားမည်ဟု ခန့်မှန်းရကြောင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ လုပ်ငန်းလည်ပတ်မှုဝင်ငွေ အားလုံးကျဆင်းလာမည်ဟု ခန့်မှန်းရကြောင်း ယင်းကုမ္ပဏီက ဆိုသည်။ (Xinhua)
————————–
(Chinese Version)
关税冲击预期拖累 美物流巨头宣布大规模裁员
新华社纽约4月29日电(记者刘亚南)美国联合包裹运送服务公司4月29日宣布,今年将通过大规模裁员和关闭运营机构等方式降低成本,提高盈利能力。
这家美国物流巨头计划今年减少大约2万个运营岗位,约占其员工总人数的4%。在到6月底的第一阶段,公司计划关闭73个租用和自有业务网点。
该公司表示,此次业务重构与零售巨头亚马逊业务量减少相关,将帮助公司减少35亿美元成本支出。1月,该公司宣布与亚马逊达成原则性协议,到2026年下半年亚马逊通过该公司递送的业务量将减少超50%。
联合包裹运送服务公司当日发布的业绩报告显示,该公司在今年一季度实现营业收入215.46亿美元,同比下降0.7%。该公司表示,考虑到关税政策变化,快递业务需求预计将走弱,国内和国际业务营业收入预计均有下降。(完)
1. 3月28日,顾客在美国纽约市一家超市购买食品。新华社发(郭克摄)