Connect with us

North America

မော်တော်ကားအစိတ်အပိုင်းများ အခွန်စည်းကြပ်မှုအတွက် လျော်ကြေးပေးမည့် ကြေညာချက် ထရမ့် လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဧပြီ ၂၉ ရက်တွင် ကြေညာချက်တစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး တင်သွင်းမော်တော်ကားအစိတ်အပိုင်းများနှင့် အမေရိကန်၌ မော်တော်ကားများ တပ်ဆင်သည့် ကားထုတ်လုပ်သူများအား လျော်ကြေးငွေ အတိုင်းအတာတစ်ခုအထိပေးရန် ခွင့်ပြုခဲ့သည်။ ဤနောက်ဆုံးပေါ် အစီအမံအသစ်သည် အမေရိကန်နိုင်ငံ နယ်ပယ်အသီးသီးက အစိုးရ ချမှတ်သော စည်းကြပ်ခွန်မူဝါဒအပေါ် ကန့်ကွက်မှုအသံများ အဆက်အပြတ်ရှိနေပြီး အစိုးရအပေါ် ပေးသည့် ဖိအားများ ပိုမိုကြီးမားလာကြောင်းကို ထင်ဟပ်စေသည်။ဤလျော်ကြေးကို အမေရိကန်၌ တပ်ဆင်သော မော်တော်ကားအစိတ်အပိုင်းများ၏ စည်းကြပ်ခွန် တစ်စိတ်တစ်ပိုင်းကို ခုနှိမ်မည်ဖြစ်ပြီး လျော်ကြေးငွေ ပမာဏသည် အမြင့်ဆုံးအနေဖြင့် မော်တော်ကား လက်လီစျေးနှုန်း၏ ၃.၇၅ ရာခိုင်နှုန်း အထိရှိနိုင်ကြောင်း၊ ဤလျော်ကြေးငွေ အမြင့်ဆုံးသည် ဒုတိယနှစ်တွင် မော်တော်ကား လက်လီစျေးနှုန်း၏ ၂.၅ ရာခိုင်နှုန်းအထိ လျှော့ချသွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် အမေရိကန် သမ္မတ ထရမ့်က လေယာဉ်ပေါ်တက်ရန် တောင်ဘက်မြက်ခင်းဆီသို့ လျှောက်သွားသည်ကို ဧပြီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယင်းမတိုင်မီ ထရမ့် ကြေညာခဲ့သည့် တင်သွင်းမော်တော်ကားများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုသည် ဧပြီ ၃ ရက်တွင် တရားဝင် အကျုံးဝင်ခဲ့ပြီးဖြစ်ပြီး အဓိက မော်တော်ကား အစိတ်အပိုင်းများအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမှုအစီအမံကို မေ ၃ ရက်တွင် အကျုံးဝင်စေရန် စီစဉ်ထားသည်။ (Xinhua)
#မော်တော်ကားအစိတ်အပိုင်းများ #တင်သွင်းမော်တော်ကား #ထရမ့် #လျော်ကြေး
…………………………..
(Chinese Version)
特朗普签署公告将对汽车零部件关税提供补偿
新华社华盛顿4月29日电(记者熊茂伶)美国总统特朗普29日签署公告,允许对进口汽车零部件、在美国组装汽车的汽车生产商进行一定程度的补偿。这一最新举措体现出美国各界对政府关税政策的反对声持续不断,给政府带来越来越大的压力。
根据公告,这一补偿用于抵消美国组装的汽车零部件的部分关税,补偿金额最高可达汽车零售价格的3.75%,这一补偿上限在第二年将降至汽车零售价格的2.5%。
特朗普此前宣布的对进口汽车加征25%的关税已于4月3日正式生效,而对关键汽车零部件加征25%关税的措施计划5月3日生效。(完)
图说1:4月29日,在华盛顿白宫,美国总统特朗普走向南草坪准备登机。新华社记者 胡友松 摄
图说2:4月29日,在华盛顿白宫,美国总统特朗普走向媒体记者。新华社记者 胡友松 摄