Connect with us

Asia

ပါကစ္စတန် နိုင်ငံအတွင်း အိန္ဒိယပါဝင်စီစဉ်သော အကြမ်းဖက်တိုက်ခိုက်မှု ၇၁ မှုရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၊ Pahalgam မြို့နယ် အနီးတွင် စစ်ဆေးစောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/ AFP)

အစ္စလာမ်မာဘတ်၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများစွာကို အိန္ဒိယက တိုက်ရိုက်ပါဝင် စီစဉ်ခဲ့ကြောင်း၊ ယင်းအနက် ပါကစ္စတန်ဘက်က သက်သေအထောက်အထားများ ရှိပြီးသော အကြမ်းဖက်တိုက်ခိုက်မှု ၇၁ မှု အထိရှိကြောင်း ပါကစ္စတန်စစ်တပ်က ဧပြီ ၂၉ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။
ပါကစ္စတန် လုံခြုံရေးတပ်သည် အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ခဲ့ဖူးသော အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်များက နယ်စပ်ဖြတ်ကျော် စေ့စပ်ပူးပေါင်းထားသော သက်သေအထောက်အထား အသေးစိတ်ကိုလည်း ရှာဖွေတွေ့ရှိထားကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Chaudhry က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းမြို့ Rawalpindi တွင် ကျင်းပသော အဆိုပါနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အိန္ဒိယစစ်တပ်ဘက်၏ စစ်ရေးလေ့ကျင့်မှုကို သင်ယူဖူးသော ဤသံသယရှိသူ ပါကစ္စတန်နိုင်ငံသားက ပါကစ္စတန် ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသရှိ ဘက်စ်ကားမှတ်တိုင်တစ်ခု အနီးတွင် ဧပြီ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း၊ ဤသံသယရှိသူကို အလေးချိန် ၂.၅ ကီလိုဂရမ်ရှိသော ဖောက်ခွဲရေးပစ္စည်း၊ လက်ကိုင်ဖုန်းနှစ်လုံး၊ အိန္ဒိယနိုင်ငံထုတ် ဒရုန်းတစ်စင်း၊ ပါကစ္စတန် ရူပီးငွေသား ၁ သန်းနှင့် အတူ တွေ့ရှိခဲ့ကြောင်း၊ ပါကစ္စတန် စစ်တပ်ဘက်က ဤသံသယရှိသူ၏ မိုဘိုင်း စက်ကိရိယာကို စိစစ်ပြီးနောက် ၎င်းနှင့် အိန္ဒိယစစ်တပ်အရာရှိ၏ ဆက်သွယ်မှု မှတ်တမ်းကို တွေ့ရှိခဲ့ရကြောင်း Chaudhry က ပြောကြားခဲ့သည်။

စစ်ဆေးမေးမြန်းမှုအတွင်း သံသယရှိသူသည် အိန္ဒိယစစ်တပ်အရာရှိများ၏ တိုက်ရိုက်ညွှန်ကြားမှုအောက်တွင် အလွယ်အကူဖောက်ခွဲရေးပစ္စည်း (IED) ဖြင့် တိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ကြောင်း ဝန်ခံခဲ့သည်ဟု Chaudhry က ပြောကြားခဲ့သည်။ ပါကစ္စတန်စစ်တပ်မှ အိန္ဒိယအရာရှိဟု အတည်ပြုခံရသူတစ်ဦးက သံသယရှိသူအား အများပြည်သူနေရာ၌ တိုက်ခိုက်မှုဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်လွှင့်ခဲ့သော အသံဖိုင်တစ်ခုမှ ကြားသိရသည်။

ဤအသံဖိုင်ကို “ခိုင်လုံသော သက်သေအထောက်အထား” အဖြစ် သတ်မှတ်နိုင်ပြီး ပါကစ္စတန်နိုင်ငံအတွင်း အကြမ်းဖက်ဝါဒ လှုပ်ရှားမှုများတွင် အိန္ဒိယအစိုးရ ပါဝင်ပတ်သက်ကြောင်း သက်သေပြသည်ဟု Chaudhry က ပြောကြားခဲ့သည်။

၎င်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အိန္ဒိယ၏ လှုပ်ရှားမှုကို သေသေချာချာ ဂရုပြုရန် တိုက်တွန်းခဲ့ပြီး ဤကဲ့သို့သော လှုပ်ရှားမှုများသည် ပါကစ္စတန်နိုင်ငံ လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း သတိပေးခဲ့သည်။ ပါကစ္စတန်သည် နယ်စပ်ဖြတ်ကျော် လက်နက်ကိုင် လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နေသည်ဟု အိန္ဒိယက အကြိမ်ကြိမ် စွပ်စွဲခဲ့သော်လည်း ခိုင်လုံသော သက်သေအထောက်အထား တစ်စုံတစ်ရာ မပြခဲ့ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်က အထက်ပါစွပ်စွဲချက်များကို လူသိရှင်ကြား ပြန်လည်တုံ့ပြန်ခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)
………………………..
Chinese Version)
巴基斯坦军方说印度参与策划巴境内71起恐袭
新华社伊斯兰堡4月30日电(记者杨恺)巴基斯坦军方29日指责印度直接参与策划巴境内多起恐怖袭击,其中巴方掌握证据的已达71起。
巴基斯坦三军新闻局局长乔杜里当天在巴东部城市拉瓦尔品第举行的记者会上说,巴安全部队抓获了一名曾在印度受训的恐怖分子,并发现了印度军方人员跨境协调的详细证据。   乔杜里说,4月25日,这名涉嫌接受印度军方培训的巴基斯坦公民在巴控克什米尔地区的一个公交车站附近被捕。嫌疑人被发现持有一个重2.5公斤的爆炸装置、两部手机、一架印度制造的无人机以及100万巴基斯坦卢比现金。巴军方在对嫌疑人的移动设备进行分析后发现了其与印度军官的通信记录。
嫌疑人被发现持有一个重2.5公斤的爆炸装置、两部手机、一架印度制造的无人机以及100万巴基斯坦卢比现金。巴军方在对嫌疑人的移动设备进行分析后发现了其与印度军官的通信记录。
乔杜里表示,在审讯期间,嫌疑人承认在印度军官的直接指挥下实施了四起简易爆炸装置袭击。从记者会上播放的一段录音中可以听到一名被巴军方确认为印度军官的人员指示嫌疑人在公共场所实施袭击。
乔杜里说,这段音频可作为“确凿证据”,证明印度政府参与了巴境内的恐怖主义活动。他呼吁国际社会认真关注印度的行动,并警告称此类活动不仅威胁巴基斯坦的国家安全,也威胁地区的和平与稳定。他强调,尽管印度一再指责巴基斯坦参与跨境武装活动,却没有提供任何确凿证据。
目前,印度方面尚未公开回应上述指控。(完)
图说:4月22日,安全人员在印控克什米尔地区帕哈尔加姆镇附近警戒。新华社/法新

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.