Connect with us

Africa & Middle East

ဂါဇာကမ်းမြောင် အလယ်ပိုင်းမှ အစ္စရေး နယ်နိမိတ်အတွင်းသို့ ဒုံးကျည် ၁၀ လုံး ပစ်ခတ်ခဲ့သည်ဟု အစ္စရေး စစ်တပ် ပြောကြား

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelon မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုံးကျည်တိုက်ခိုက်ခဲ့သည့် အချင်းဖြစ်နေရာတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Ilan Assayag/JINI via Xinhua)

ဂျေရုဆလမ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင် အလယ်ပိုင်းမှ အစ္စရေး နယ်နိမိတ်အတွင်းသို့ ဧပြီ ၆ ရက် ညပိုင်းက ဒုံးကျည် ၁၀ လုံးခန့် ပစ်ခတ်ခဲ့ရာ ၎င်းတို့အနက် ဒုံးကျည် ၅ လုံးကို အစ္စရေးလေတပ်က တားဆီးနိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်က ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။

ယင်းမှာ အစ္စရေးဘက်က လအနည်းငယ်ခန့်အတွင်း ဂါဇာကမ်းမြောင်ဘက်မှ “ပမာဏအကြီးမားဆုံး တိုက်ခိုက်မှု” ခံရခြင်း ဖြစ်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။

အစ္စရေးနှင့် ဂါဇာကမ်းမြောင် နယ်စပ်ရှိ ဒေသအများအပြားတွင် “ပျက်ကျပစ္စည်းများ” တွေ့ရှိရကြောင်း၊ အစ္စရေးစစ်သည်များကို အချင်းဖြစ်နေရာသို့ စေလွှတ်ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လှုပ်ရှားနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelon မြို့ တစ်နေရာရှိ မြေပြင်တွင် ဆိုးရွားစွာ ပျက်စီးနေပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားကြောင်း လူမှုကွန်ရက်မီဒီယာရှိ ဗီဒီယိုတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashdod ကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သော တပ်မ Al-Qassam က ဧပြီ ၆ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelon မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုံးကျည်တိုက်ခိုက်ခဲ့သည့် အချင်းဖြစ်နေရာတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Ilan Assayag/JINI via Xinhua)

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelon မြို့၌ ပျက်စီးနေသည့် မော်တော်ယာဉ်အား ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ilan Assayag/JINI via Xinhua)

အစ္စရေးနိုင်ငံ တောင်ပိုင်း Ashkelon မြို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒုံးကျည်တိုက်ခိုက်ခဲ့သည့် အချင်းဖြစ်နေရာတွင် လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Ilan Assayag/JINI via Xinhua)

———————
(Chinese Version)
以军:10枚火箭弹从加沙中部发射向以色列境内
新华社耶路撒冷4月6日电(记者王卓伦 冯国芮)以色列国防军6日发表声明说,当晚约有10枚火箭弹从加沙地带中部发射向以色列境内,以空军成功拦截其中5枚火箭弹。以色列媒体报道说,这是数月以来以色列遭受来自加沙地带的“最大规模袭击”。
声明说,以色列与加沙地带边境的多个地区发现“坠落物”。以军士兵已被派往现场,与以安全部队合作开展行动。
社交媒体上发布的视频显示,以色列南部城市阿什凯隆一处地面出现严重破损,医护人员说有一人受轻伤。
巴勒斯坦伊斯兰抵抗运动(哈马斯)下属武装派别卡桑旅6日晚说,向以色列南部城市阿什杜德发射了火箭弹。(完)
1,2,4.4月6日,在以色列南部城市阿什凯隆,安全人员在火箭弹袭击现场开展工作。新华社发(伊兰·阿萨亚格摄/基尼图片社)
3. 这是4月6日在以色列南部城市阿什凯隆拍摄的损毁汽车。新华社发(伊兰·阿萨亚格摄/基尼图片社)