Connect with us

North America

“အလားတူ စည်းကြပ်ခွန်” က အမေရိကန်ကို တစ်ကမ္ဘာလုံး၏ ဆန့်ကျင်ဖက်သို့ တွန်းပို့ လိမ့်မည်ဟု အာဂျင်တီးနား မီဒီယာ ဖော်ပြ

အမေရိကန် သမ္မတ ထရမ့်က ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုးပြီးသည့် “အလားတူစည်းကြပ်ခွန်” ဟူသော အမိန့်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
အမေရိကန်က ကုန်သွယ်ဖက်အားလုံးအပေါ် “အလားတူ စည်းကြပ်ခွန်” ကောက်ခံခြင်းသည် ၎င်းကို တစ်ကမ္ဘာလုံးနှင့် ထိပ်တိုက်ရင်ဆိုင်သည့် အခင်းအကျင်းဆီသို့ တွန်းပို့မည် ဖြစ်ကြောင်း အာဂျင်တီးနား ပင်မမီဒီယာ Clarín ၏ မကြာမီရက်ပိုင်းက ထုတ်ပြန်သည့် ဆောင်းပါးတွင် ဖော်ပြထားသည်။ ဆောင်းပါးအကျဉ်းချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

မကြာမီရက်များက အမေရိကန်အစိုးရသည် ကုန်သွယ်ဖက်အားလုံးအပေါ် “အလားတူ စည်းကြပ်ခွန်” ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဤအစီအမံများက လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ နီးပါးက Smoot–Hawley စည်းကြပ်ခွန်ဥပဒေ၏ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ပြန်လည်ဖြစ်ပေါ်စေရာ ယင်းမှာ အမေရိကန်နိုင်ငံကို “ရွှေရောင်ခေတ်” သို့ ပြန်လည်ရောက်ရှိစေမည်မဟုတ်ဘဲ ၎င်းကို တစ်ကမ္ဘာလုံး၏ ဆန့်ကျင်ဘက်၌ ရပ်တည်သွားစေမည် ဖြစ်ပြီး ကမ္ဘာ့အခြားနိုင်ငံများက အမေရိကန်နှင့် ကုန်သွယ်ရေး အသွားအလာကို လျှော့ချမည် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ စတော့ဈေးကွက်များ ထိုးကျနေခြင်းသည် အမေရိကန်၏ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒအပေါ် အများ၏စိတ်မအေးချမ်းမှုကို ထင်ဟပ်နေပေသည်။ အမေရိကန် စည်းကြပ်ခွန် မူဝါဒက ခန့်မှန်းထားသကဲ့သို့ သာယာဝပြောမှုကို ဆောင်ကြဉ်းလာမည်မဟုတ်သလို စည်းကြပ်ခွန် အတားအဆီးများကြောင့် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများက ကန်ဒေါ်လာ ၁၁၀ ဘီလီယံ ဆုံးရှုံးမည် ဖြစ်ပြီး Apple၊ Adidas စသည့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို အားထားနေရသည့် မာလ်တီနေရှင်နယ်ကုမ္ပဏီများလည်း ကုန်ထုတ်လုပ်မှုကွင်းဆက် အမေရိကန်သို့ ပြန်လည် စီးဝင်မှုကို ဖော်ဆောင်ရန် ခက်ခဲလှပေသည်။ (Xinhua)

——————–
(Chinese Version)
全球瞭望|阿根廷媒体:“对等关税”将美国推向全球对立面
新华社布宜诺斯艾利斯4月6日电(记者张铎 王钟毅)阿根廷主流媒体《号角报》日前发表文章说,美国对所有贸易伙伴征收所谓“对等关税”将其推向了与全球对抗的局面。文章摘要如下:
美国政府近日宣布对所有贸易伙伴征收所谓“对等关税”。这一举措重现近百年前《斯穆特-霍利关税法》的保护主义,不仅不会让美国重回所谓的“黄金时代”,反而使其站在了全球对立面,世界其他国家将减少与美国的贸易往来。
全球股市的暴跌反映了对美国贸易保护主义的普遍不安,美国关税政策不会如其预期带来繁荣,关税壁垒将使美国汽车产业损失1100亿美元,苹果、阿迪达斯等依赖全球化供应链的跨国企业也难以实现生产环节回流美国。(完)
1. 4月2日,美国总统特朗普在华盛顿白宫展示签署后的关于所谓“对等关税”的行政令。新华社记者 胡友松 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.