North America
ဥရောပနိုင်ငံအများအပြားတွင် “Hands OFF!” ဆန္ဒပြပွဲများ ကျင်းပ

လန်ဒန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
“Hands off!” ဆန္ဒပြပွဲများကို ဧပြီ ၅ ရက်တွင် လန်ဒန်၊ လစ္စဘွန်း၊ ပဲရစ်နှင့် ဘာလင်စသည့် ဥရောပမြို့အများအပြားတွင် ကျင်းပခဲ့သည်။ ပါဝင်ဆန္ဒပြသူများက အမေရိကန် ထရမ့်အစိုးရ၏ လတ်တလော ပြဋ္ဌာန်းခဲ့သည့် စည်းကြပ်ခွန်ဆိုင်ရာ မူဝါဒများကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အမေရိကန် “နိုင်ငံခြား ဒီမိုကရက်တစ်ပါတီ ဗြိတိန်ရုံးခွဲ” မှ အဖွဲ့ဝင်များအပါအဝင် လူပေါင်း ရာနှင့်ချီရှိသူများသည် အဆိုပါနေ့၌ လန်ဒန်မြို့ရှိ ထရာဖာလ်ဂါ ရင်ပြင်တွင် လူထုစုဝေးပွဲ ကျင်းပခဲ့သည်။ “ကျွန်တော်တို့ရဲ့အခွင့်အရေးတွေ၊ အမေရိကမှာရှိတဲ့ ကျွန်တော်တို့ရဲ့အိမ်၊ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးနဲ့ ပိုမိုသာယာကောင်းမွန်တဲ့ အနာဂတ်အတွက် ကျွန်တော်တို့ ထွက်လာ ဆန္ဒပြရမယ်” ဟူ၍ “နိုင်ငံခြား ဒီမိုကရက်တစ်ပါတီ ဗြိတိန်ရုံးခွဲ” က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ဆန္ဒပြသူများက “အမုန်းတရားက အမေရိကကို ကြီးကျယ်ခမ်းနားစေမည်မဟုတ်”၊ “ဂရင်းလန်းသည် ရောင်းချရန် ကုန်ပစ္စည်းမဟုတ်” စသည့် စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။
အမေရိကန် ဖီလာဒဲလ်ဖီးယားမြို့မှ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးက “ကမ္ဘာပေါ်က အခြားနိုင်ငံတွေနဲ့ ရန်သူဖြစ်ဖို့ ကျွန်မ မလိုလားဘူး၊ ဒါက ဘယ်သူ့အတွက်မှ ကောင်းကျိုးမရှိဘူး၊ အမေရိကမှာရှိတဲ့ ကျွန်မမိတ်ဆွေတွေလဲ ဆန္ဒပြနေကြတယ်၊ ကျွန်မ သူတို့နဲ့အတူ တစ်သားတည်းဖြစ်ချင်ပါတယ်” ဟူ၍ ပြောကြားခဲ့သည်။
ပေါ်တူဂီရှိ အမေရိကန်နိုင်ငံသား ရာနှင့်ချီသည် ပေါ်တူဂီနိုင်ငံ မြို့တော် လစ္စဘွန်းတွင် လူထုစုဝေးပွဲတစ်ခု စီစဉ်ခဲ့ပြီး ထရမ့်အစိုးရ၏ စည်းကြပ်ခွန်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆန္ဒပြခဲ့ကြသည်။ အသက် ၇၃ နှစ်အရွယ်ရှိသော Caryl Hallberg သည် အမေရိကန် ဒီမိုကရက်တစ်ပါတီတွင် ကာလရှည်မှတ်ပုံတင်ထားသူ ဖြစ်ပြီး လက်ရှိတွင် ပေါ်တူဂီနိုင်ငံ၌ နေထိုင်လျက်ရှိသည်။ ၎င်းက ထရမ့်အစိုးရ၏ စီးပွားရေးဆိုင်ရာ မူဝါဒများကို ဝေဖန်ခဲ့ပြီး စည်းကြပ်ခွန်က ဆိုးရွားသော နောက်ဆက်တွဲ သက်ရောက်မှုများ ယူဆောင်လာမည်ဟု ယူဆကာ “ထရမ့်အစိုးရက လူတွေရဲ့ အခွင့်အရေးတွေကို အလွှာအသီးသီးကနေ ပိတ်ပင်ဖို့ ကြိုးစားနေတယ်” ဟု ပြောကြားခဲ့သည်။
အသက် ၇၂ နှစ် အရွယ် Jaiy Conboy က လူထုစုဝေးရာနေရာတွင် ၎င်းကိုယ်တိုင် ဖန်တီးထားသော “I Will Not Be Silent (ကျွန်တော်နှုတ်ဆိတ်၍နေမည်မဟုတ်)” ဟူသော သီချင်းကို သီဆိုခဲ့သည်။ ၎င်းက ထရမ့်အစိုးရ၏ မူဝါဒများက “ကမောက်ကမ” ဖြစ်စေပြီး “ဗိုလ်ကျကြီးစိုးမိုးမှုအတွက်သာ ဝန်ဆောင်မှုပေးခြင်း” ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။
ပြင်သစ်နိုင်ငံ ပဲရစ်တွင် လူပေါင်း ၂၀၀ ခန့်သည် ပြည်ထောင်စုရင်ပြင်၌ လူထုစုဝေးပွဲ ကျင်းပခဲ့သည်။ ဆန္ဒပြသူများက မိန့်ခွန်းပြောကြား၍ လက်ထဲတွင်လည်း “ဆန့်ကျင်ရေး” ၊ “တရားဥပဒေစိုးမိုးရေး” စသည့် စာတန်းများ ကိုင်ဆောင်ထားသည်။
ဆန္ဒပြလှုပ်ရှားမှုများကို ဂျာမနီနိုင်ငံ ဘာလင်မြို့နှင့် ဖရန့်ဖွတ်မြို့တွင် ကျင်းပခဲ့သည်။ ဘာလင်မြို့တွင် ဆန္ဒပြသူများက Tesla ပြခန်းနှင့် ဂျာမနီနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအပြင်တွင် စုဝေးကာ ထရမ့်နှင့် အမေရိကန် ကုမ္ပဏီလုပ်ငန်းရှင် အီလွန်မက်စ်ကို ရှုတ်ချခဲ့ကြသည်။ တချို့သော လူများ ကိုင်ဆောင်ထားသော စာတန်းဘုတ်များက “အမေရိကန်အနေနဲ့ ကမောက်ကမအခြေအနေတွေကို အဆုံးသတ်ဖို့” တိုက်တွန်းထားသည်။ (Xinhua)
………………………….
(Chinese Version)
“住手!”抗议活动在欧洲多地举行
新华社伦敦4月6日电(记者郑博非 荀伟)“住手!”抗议活动5日在伦敦、里斯本、巴黎和柏林等多个欧洲城市举行。参与者抗议美国特朗普政府近期出台的关税等各项政策。 包括美国“海外民主党英国分部”成员在内的数百人当天在伦敦特拉法加广场举行集会。“海外民主党英国分部”在社交媒体发文说,“必须为了我们的权利、我们在美国的家园、我们的世界,以及更美好的未来站出来抗议”。抗议者手举标语牌,上面写着“仇恨无法让美国伟大”“格陵兰岛不是待售商品”等。
一名来自费城的37岁女性说:“我不希望与世界其他国家为敌,这对任何人都没有好处。我在美国的朋友也在游行抗议,我想与他们团结在一起。”
在葡萄牙首都里斯本,数百名在葡美国人组织集会,抗议特朗普政府的关税决定。73岁的卡里尔·哈尔伯格是长期登记在册的美国民主党人,现定居葡萄牙。她批评特朗普政府的经济政策,认为加征关税将带来严重后果,“特朗普政府正试图在各个层面剥夺人们的权利”。
72岁的贾伊·康博伊在现场演唱了自己创作的抗议歌曲《我不会保持沉默》。他批评特朗普政府的政策“制造混乱”“只为霸权服务”。
在法国巴黎,约200人在共和国广场举行集会。抗议者发表演讲,手举“抗争”和“法治”等标语。
抗议活动还在德国柏林和法兰克福举行。在柏林,抗议者聚集在特斯拉展厅和美国驻德国大使馆外,谴责特朗普和美国企业家埃隆·马斯克。一些人手举标语呼吁“美国结束混乱局面”。(完)
图说:3月29日,示威者聚集在美国加利福尼亚州帕萨迪纳的一家特斯拉门店外。新华社发(邱晨摄)