Africa & Middle East
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ချက်ချင်း ပြန်လည်ဖော်ဆောင်ရန် အီဂျစ်၊ ပြင်သစ်၊ ဂျော်ဒန်နိုင်ငံတို့ တိုက်တွန်း

ကိုင်ရို၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းသားများအနေဖြင့် ပြည့်ဝသော အရေးပေါ်လူသားချင်းစာနာမှု အကူအညီ ချက်ချင်းရရှိရေးအား အာမခံနိုင်ရေးအတွက် ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအား ချက်ချင်း ပြန်လည်ဖော်ဆောင်ရန် အီဂျစ်၊ ပြင်သစ်နှင့် ဂျော်ဒန်နိုင်ငံတို့က ဧပြီ ၇ ရက်တွင် တိုက်တွန်းခဲ့သည်။
ထိုနေ့တွင် အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီ၊ ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်နှင့် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ-၂ တို့သည် ကိုင်ရိုမြို့၌ ကျင်းပသည့် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ရာ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့က ဇန်နဝါရီ ၁၉ ရက်တွင် စတင်ဖော်ဆောင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား ဆက်လက် ဖော်ဆောင်၍ သတ်မှတ်ချက်နှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးကာ ၎င်းတို့၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန် တိုက်တွန်းခဲ့သည်။
အရပ်သားပြည်သူနှင့် လူသားချင်းစာနာမှု ဝန်ထမ်းများကို ကာကွယ်ပေးကာ အကူအညီများ အပြည့်အဝ ဝင်ရောက်မှုအား အာမခံပေးခြင်းသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွင် မဖြစ်မနေ ဖော်ဆောင်ရမည်ဟု သတ်မှတ်ထားသည့် တာဝန်ဝတ္တရားဖြစ်ကြောင်း ကြေညာချက်၌ တစ်ချိန်တည်းတွင် အလေးထားဖော်ပြထားသည်။
သုံးနိုင်ငံခေါင်းဆောင်များသည် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းနှင့် ဂျေရှဆလမ်အရှေ့ပိုင်း၌ အခြေအနေ အဆက်မပြတ် ဆိုးရွားလာသော လူသားချင်းစာနာမှု အခြေအနေအား များစွာ ဂရုပြုကြပြီး အီဂျစ်ဘက်က အဆိုပြုသော ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအစီအစဉ်အား ထိရောက်စွာဖော်ဆောင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
“နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဖြစ်နိုင်ခြေအား ဖျက်ဆီးနိုင်သော၊ တင်းမာမှုအခြေအနေအား ဆိုးရွားလာစေနိုင်သော တစ်ဖက်သတ် အစီအမံများ အားလုံးကို ရပ်တန့်ရန် သုံးနိုင်ငံကလည်း တိုက်တွန်းခဲ့ကြောင်း ကြေညာချက်က ဆိုထားသည်။
ပြင်သစ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့မှ ဇွန်လ၌ အတူတကွ ကြီးမှူးကျင်းပမည့် နိုင်ငံစုံ ထိပ်သီးအစည်းအဝေးတွင် ဂါဇာဒေသအား ထောက်ခံအားပေးသည့် ကြိုးပမ်းမှုများကို တစ်ဆင့်တိုး အတည်ပြုကာ “နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း” ဖော်ဆောင်ရေးအတွက် သေချာသော နိုင်ငံရေးမျှော်မှန်းချက်များ တည်ဆောက်ရမည်ဟုလည်း ကြေညာချက်က အလေးထား ဖော်ပြထားသည်။
အမေရိကန်ဘက်မှ အဆိုပြုသော အပစ်အခတ်ရပ်စဲရေး အစီအစဉ်အား လက်ခံရန်နှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးရန် ဟားမက်စ်ဘက်က ငြင်းဆန်သည်ဟူသော အကြောင်းပြချက်ဖြင့် အစ္စရေးဘက်က မတ် ၁၈ ရက်တွင် ဂါဇာကမ်းမြောင်ဒေသအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်လှုပ်ရှားမှုများ အကြီးအကျယ် ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဂါဇာမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပြည်သူများက အစ္စရေးစစ်တပ် တိုက်ခိုက်ပြီးနောက် အပျက်အစီးများအား ကြည့်ရှုစစ်ဆေးနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါလက်စတိုင်းပြည်သူများက အစ္စရေးစစ်တပ်၏ တောင်းဆိုမှုကြောင့် ဂါဇာမြို့ အရှေ့ပိုင်းရှိ ရပ်ကွက်တစ်နေရာမှ ဂါဇာမြို့ အနောက်ပိုင်းဒေသသို့ ရွှေ့ပြောင်းနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
埃及、法国、约旦呼吁立即恢复加沙停火
新华社开罗4月7日电(记者董修竹)埃及、法国和约旦7日呼吁立即恢复加沙停火,以确保巴勒斯坦人立即获得充分的紧急人道主义援助。
当天,埃及总统塞西、法国总统马克龙和约旦国王阿卜杜拉二世在开罗举行三方峰会后发表联合声明,呼吁继续执行以色列和巴勒斯坦伊斯兰抵抗运动(哈马斯)于1月19日开始实施的停火协议,按规定释放被扣押人员并保证其安全。
声明同时强调,保护平民和人道主义工作者并确保援助充分准入,是国际法和国际人道主义法规定须履行的义务。
声明说,三国领导人对约旦河西岸和东耶路撒冷不断恶化的人道主义局势深表关切,并就有效执行埃方提出的加沙重建计划进行了讨论。三方呼吁停止一切破坏“两国方案”可行性和加剧紧张局势的单方面措施。
声明强调,有必要在6月由法国和沙特阿拉伯共同主办的多边峰会上进一步明确支持加沙的努力,为实施“两国方案”建立明确的政治前景。
3月18日,以色列以哈马斯拒绝接受美国提出的停火方案、释放被扣押人员为由,恢复对加沙地带大规模空袭及地面行动。(完)
图说1:这是4月7日在加沙地带北部加沙城拍摄的流离失所的儿童。新华社发(马哈茂德·扎基摄)
图说2:4月4日,在加沙城一所学校,民众查看以军袭击后的废墟。新华社发(里泽克·阿卜杜勒贾瓦德摄)
图说3:4月3日,巴勒斯坦人在以军要求下从加沙城东部的一处街区撤离,前往加沙城西部地区。新华社发(里泽克·阿卜杜勒贾瓦德摄)