North America
စည်းကြပ်ခွန်မူဝါဒ ရပ်တန့်မည်မဟုတ်ကြောင်း ထရမ့် ဆို

လော့စ်အိန်ဂျလိစ်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က ၎င်းအနေဖြင့် “အလားတူ စည်းကြပ်ခွန်” ဟူသည့် မူဝါဒများကို ရပ်တန့်မည်မဟုတ်ကြောင်း ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က လက်ရှိတွင် စည်းကြပ်ခွန်မူဝါဒများကို ရပ်တန့်ရန် စဉ်းစားထားခြင်းမရှိကြောင်း၊ စီးပွားရေးအစုအဖွဲ့ အများအပြား၏ ခေါင်းဆောင်များက ၎င်းနှင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းလျက်ရှိကြောင်း အဆိုပါနေ့တွင် အိမ်ဖြူတော်သို့ အလည်အပတ်ရောက်ရှိလာသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး၌ မီဒီယာများကို ပြောကြားခဲ့သည်။ စည်းကြပ်ခွန်မူဝါဒကို အတင်းအဓမ္မ လုပ်ဆောင်ခြင်းနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ခြင်းတို့မှာ ပဋိပက္ခမဖြစ်ကြောင်း ၎င်းက ယူဆသည်။
ထရမ့်က ဥရောပသမဂ္ဂ၏ အဆိုပါနေ့ အစောပိုင်းတွင် ပြောကြားခဲ့သော အမေရိကန်နှင့် အပြန်အလှန် စည်းကြပ်ခွန်ကင်းလွတ်ခွင့် အဆိုပြုချက်ကို ငြင်းဆိုပြီး “မရဘူး၊ ဒါလုံးဝမလုံလောက်ဘူး”၊ “သူတို့က ကုန်သွယ်ရေးမှာ ကျုပ်တို့ကို လှည့်စားနေတယ်” ဟုလည်း ပြောကြားခဲ့သည်။
နေတန်ယာဟုက တွေ့ဆုံဆွေးနွေးမှုအပြီးတွင် အစ္စရေးဘက်က အမေရိကန် ကုန်သွယ်ရေးလိုငွေကို အမြန်ဆုံး ဖယ်ရှားပေးမည်ဖြစ်ကြောင်း မီဒီယာများထံ ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် အမေရိကန်- အစ္စရေး နှစ်ဖက်ကုန်သွယ်ရေးပမာဏသည် ကန်ဒေါ်လာ ၃၇ ဘီလီယံရှိပြီး အစ္စရေး၏ အမေရိကန်အပေါ် ကုန်သွယ်ရေးပိုငွေသည် ၇.၄ ဘီလီယံရှိကြောင်း အမေရိကန် အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။
လက်ရှိတွင် စီးပွားရေးအစုအဖွဲ့ ၅၀ ကျော်သည် စည်းကြပ်ခွန်မူဝါဒနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ထိတွေ့ဆက်ဆံလျက်ရှိကြောင်း အမေရိကန် အစိုးရ အရာရှိက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အမေရိကန် နိုင်ငံရေးသတင်း ၀က်ဘ်ဆိုက် AXIOS က ဤထိတွေ့ဆက်ဆံမှုသည် စစ်မှန်သော စေ့စပ်ညှိနှိုင်းရေးမူဘောင် သို့မဟုတ် အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကင်းမဲ့နေပြီး စိတ်ပျက်စရာကောင်းကြောင်း ယင်းအခြေအနေကို အကျွမ်းတဝင်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ထရမ့်က အိမ်ဖြူတော်၌ “အလားတူ စည်းကြပ်ခွန်” ဆိုင်ရာ အမိန့်ကြေညာချက်ကို ဧပြီ ၂ ရက်တွင် လက်မှတ်ရေးထိုးကာ အမေရိကန်က ကုန်သွယ်ရေးမိတ်ဖက်များအပေါ် “အနည်းဆုံး အခြေခံစည်းကြပ်ခွန်” ၁၀ ရာခိုင်နှုန်းတိုးမြှင့်မည်ဖြစ်ပြီး တချို့သော ကုန်သွယ်ရေးမိတ်ဖက်များအပေါ် ပိုမိုများပြားသော စည်းကြပ်ခွန်များ ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ (Xinhua)
………………………….
(Chinese Version)
特朗普表示不会暂停关税政策
新华社洛杉矶4月7日电(记者黄恒)美国总统特朗普7日表示,他不会暂停所谓的“对等关税”政策。
特朗普当天在白宫与到访的以色列总理内塔尼亚胡会谈后对媒体表示,他眼下没有暂停关税政策的考虑,许多经济体的领导人正寻求与其谈判。他认为,强行执行关税政策和进行谈判,这两件事并不矛盾。
特朗普还说,他拒绝了欧盟当天稍早时表示的与美互免关税的提议,“不行,这完全不够”,“他们在贸易问题上欺骗我们”。
内塔尼亚胡在会谈后对媒体表示,以方将尽快消除对美贸易赤字。据美政府数据,2024年美以双边贸易额约370亿美元,以对美贸易顺差为74亿美元。
美国政府官员7日说,目前已有50多个经济体在就关税政策与美接触。但据美国时政新闻网站AXIOS援引熟悉情况人士的话报道,这些所谓的接触缺乏真正的谈判架构或双向协作,令人沮丧。
特朗普4月2日在白宫签署关于所谓“对等关税”的行政令,宣布美国对贸易伙伴加征10%的“最低基准关税”,并对一些贸易伙伴征收更高关税。(完)
图说:3月24日,美国总统特朗普在华盛顿白宫出席庆祝希腊独立日活动。新华社记者 胡友松 摄