Politics, Law & Military
ရှီကျင့်ဖိန်နှင့် ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်-ဆလိုဗက်ကီးယားဆက်ဆံရေးအား ဘက်စုံ၊ နက်ရှိုင်းစွာ အဆင့်မြင့် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီကာ တံခါးဖွင့်၍ ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှုဟူသည့် သမိုင်းရေစီးကြောင်းနှင့်လည်း ကိုက်ညီကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယမန်နှစ် နိုဝင်ဘာလတွင် အဆွေတော်ဝန်ကြီးချုပ် တရုတ်နိုင်ငံခရီးစဉ်အတွင်း မိမိတို့ရရှိထားသည့် အရေးပါသည့်သဘောတူညီချက်များကို တက်ကြွစွာ ဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်-ဆလိုဗက်ကီးယား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် “အမြန်လမ်း” ဆီသို့ မောင်းနှင်ဝင်ရောက်လျက်ရှိကြောင်း၊ နှစ်ဖက်အနေဖြင့် အစဉ်အလာချစ်ကြည်ရေး ဆက်လက်နက်ရှိုင်းလာစေပြီး အဆင့်မြင့်အလွှာ ဆက်ဆံမှုများကို နီးကပ်စွာဖော်ဆောင်ကာ အပြန်အလှန်ခိုင်မာစွာ ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ကို အရည်အသွေးမြင့် အတူတည်ဆောက်ပြီး တရုတ်-ဆလိုဗက်ကီးယား၊ တရုတ်-ဥရောပဆက်ဆံရေး တည်ငြိမ်စွာ ရေရှည် တိုးတက်ရေးကို တွန်းအားပေးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယားက အဓိကဧည့်သည်တော်နိုင်ငံအနေဖြင့် စတုတ္ထအကြိမ်မြောက် တရုတ်-အရှေ့နှင့် အလယ်ဥရောပနိုင်ငံများ ကုန်စည်ပြပွဲတွင်ပါဝင်ပြီး ဆလိုဗက်ကီးယားနိုင်ငံ၏ အရည်အသွေးမြင့် ထုတ်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့မှု မြှင့်တင်ခြင်းကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ ပိုမိုများပြားသည့် တရုတ်ကုမ္ပဏီများ ဆလိုဗက်ကီးယားနိုင်ငံသို့သွားရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းထူထောင်ခြင်းအား တွေ့မြင်လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆလိုဗက်ကီးယား စသည့် နိုင်ငံများနှင့်အတူ စည်းလုံးညီညွတ်စွာ စိန်ခေါ်မှုများကို ရင်ဆိုင်ပြီး နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုတို့ကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် တရုတ်-ဥရောပဆက်ဆံရေး အဆက်မပြတ် ကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွသည့်အခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Robert Fico က ဆလိုဗက်ကီးယား-တရုတ် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ဆလိုဗက်ကီးယားနိုင်ငံ နိုင်ငံခြားရေးမူဝါဒ၏ အရေးကြီးကိစ္စများအနက် အလေးအနက်ထားသည့်အကြောင်းအရာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မြဲစွာလိုက်နာပြီး တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွ တွန်းအားပေးဖော်ဆောင်သွားလိုကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုကို ရင်းနှီးစွာဖော်ဆောင်ကာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် တွန်းအားပေးသွားမည်ဖြစ်ကြောင်း Robert Fico က ပြောကြားခဲ့သည်။
တည်ငြိမ်ကောင်းမွန်သည့် ဥရောပ-တရုတ်ဆက်ဆံရေးသည် နှစ်ဖက်၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ ဆလိုဗက်ကီးယားနိုင်ငံက ဥရောပ-တရုတ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလျက်ရှိကြောင်း၊ ဆလိုဗက်ကီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုသော လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး စသည့် အရေးကြီးအဆိုပြုချက်များကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံ၏ ယူကရိန်း၊ အရှေ့အလယ်ပိုင်း စသည့် အရေးကိစ္စများတွင် ရပ်တည်ချက်နှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍကို တန်ဖိုးထားချီးကျူးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူတကွကိုင်စွဲ၍ လွတ်လပ်စွာကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းကာ ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း Robert Fico က ပြောကြားခဲ့သည်။အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
——————————
(Chinese Version)
习近平会见斯洛伐克总理菲佐
新华社莫斯科5月9日电(记者韩梁 邵艺博)当地时间5月9日晚,国家主席习近平在莫斯科出席纪念苏联伟大卫国战争胜利80周年庆典期间会见斯洛伐克总理菲佐。
习近平指出,推动中斯关系全方位、深层次、高水平发展,符合两国人民根本利益,顺应开放合作、互利共赢的历史大势。去年11月你访华时我们达成的重要共识正在得到积极落实,中斯战略伙伴关系驶入“快车道”。双方要持续深化传统友谊,密切高层交往,坚定相互支持,拓展互利合作,高质量共建“一带一路”,推动中斯、中欧关系行稳致远。中方欢迎斯洛伐克作为主宾国参加第四届中国-中东欧国家博览会,推动斯优质产品对华出口,乐见更多中国企业赴斯投资兴业。中方愿同斯洛伐克等各国一道,团结合作应对挑战,维护国际公平正义。希望斯方为推动中欧关系不断向好、向前发展发挥积极作用。
菲佐表示,深化斯中战略伙伴关系是斯洛伐克外交政策重中之重。斯洛伐克将坚定恪守一个中国政策,积极推进对华友好和互利合作,加强贸易投资合作,密切人文交流,推动两国关系取得更大发展。健康稳定的欧中关系符合双方共同利益,斯方致力于推动欧中关系发展。斯方支持中方提出的构建人类命运共同体等重大倡议,赞赏中方在乌克兰、中东等问题上的立场和建设性作用,愿同中方共同坚持多边主义,维护自由贸易规则,维护世界产业链供应链稳定。
蔡奇、王毅等参加。(完)
图说:当地时间5月9日晚,国家主席习近平在莫斯科出席纪念苏联伟大卫国战争胜利80周年庆典期间会见斯洛伐克总理菲佐。 新华社记者 王晔 摄