Sino-Myanmar
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ဒသမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိ

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ဒသမအသုတ် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၁ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မေ ၂ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။
ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် ဒီဇယ် တန်ချိန် ၁၈,၀၀၀ ပါဝင်ကြောင်း သိရသည်။
မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၁ ရက်အထိ သေဆုံးသူ ၃,၈၃၅ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၅ ဦး ရှိကြောင်း“The Global New Light of Myanmar” မေ ၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
———————–
(Chinese Version)
中国政府援缅第十批紧急人道主义地震救灾物资运抵交付
新华社仰光5月2日电(记者张东强)中国政府向缅甸提供的第十批紧急人道主义地震救灾物资5月1日晚运抵仰光。2日,中国驻缅甸使馆参赞欧阳道冰和仰光省首席部长梭登进行了救灾物资交接。
本批救灾物资包括1.8万吨柴油。
据《缅甸环球新光报》2日报道,截至5月1日,3月28日发生的缅甸强烈地震已造成3835人遇难、5105人受伤、105人失踪。(完)