North America
စည်းကြပ်ခွန်ထပ်တိုးကောက်ခံခြင်းက အသေးစားလုပ်ငန်းများအပေါ် “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” ဖြစ်စေသည်ဟု အမေရိကန် ကုန်သည်ကြီးများအသင်း ပြောကြား

ဝါရှင်တန်၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) က ၎င်းတို့အဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သည့်ရက်က အမေရိကန်အစိုးရကို စာလွှာပေးပို့ပြီး အသေးစားလုပ်ငန်းများအပေါ် “ပြန်လည်ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” မဖြစ်စေရန် ၊ ယင်းလုပ်ငန်းများအပေါ် အခွန်ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း
မေ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။
ယခုကာလများတွင် စည်းကြပ်ခွန်က အမေရိကန်စီးပွားရေးအပေါ် အနုတ်လက္ခဏာ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကို ထည့်သွင်းစဉ်းစား၍ ကုန်သွယ်ရေးမိတ်ဖက်များနှင့်ဆွေးနွေးမှု အမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ရန်၊ ထိုမှတစ်ဆင့် အမေရိကန်၏ ယခုနှစ်မှစ၍ ထပ်တိုးထားသည့် စည်းကြပ်ခွန်များကို ဖယ်ရှားရန်မှာ အလွန်အရေးကြီးကြောင်း အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာတွင် ရေးသားထားသည်။ အဆိုပါအဖွဲ့အစည်းက အမေရိကန်အစိုးရကို “ချက်ချင်းလှုပ်ရှား ဆောင်ရွက်ရန်”၊ အမေရိကန်အသေးစားလုပ်ငန်းများအား ကယ်ဆယ်ရန်၊ အမေရိကန်စီးပွားရေး ဆုတ်ယုတ်မှုသို့ သက်ဆင်းခြင်းအား ရှောင်ရှားရန် တောင်းဆိုထားကြောင်း သိရသည်။
အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ၏ ပေးစာတွင် အသေးစိတ်တောင်းဆိုချက် ၃ ရပ်ကို အဆိုပြုခဲ့သည်။ ၎င်းတို့မှာ ပထမအနေဖြင့် အသေးစား သွင်းကုန်လုပ်ငန်း အားလုံးကို အလိုအလျောက် အခွန်ကင်းလွတ်ခွင့်ပေးရန်၊ ဒုတိယအနေဖြင့် အမေရိကန်တွင် ထုတ်လုပ်၍မရသော သို့မဟုတ် ရရှိရန် မလွယ်ကူသော ထုတ်ကုန်ပစ္စည်း အားလုံးကို အခွန်ကင်းလွတ်ခွင့်ပေးရန် ၊ တတိယအနေဖြင့် စည်းကြပ်ခွန်က အလုပ်အကိုင်နေရာချထားမှုအပေါ် အန္တရာယ်ဖြစ်လာသည်ဟု သက်သေပြနိုင်သော ကုမ္ပဏီများအတွက် အခွန်ကင်းလွတ်ခွင့် လျှောက်ထားမှုအစီအစဉ် တည်ဆောက်ရန် ဖြစ်ကြောင်း သိရသည်။ ပေးစာတွင် ကော်ဖီ၊ ငှက်ပျောသီး၊ ကိုကိုး၊ အချို့သော သတ္တုပစ္စည်း စသည့် ထုတ်ကုန်များနှင့် ဝယ်သူအလိုကျ အထူးပြုလုပ်ရသော စက်မှုကုန်ကြမ်းပစ္စည်းများမှာ အမေရိကန်၌ ရရှိရန် မလွယ်ကူကြောင်း၊ ယင်းထုတ်ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခြင်းသည် အသေးစားလုပ်ငန်းများနှင့် စားသုံးသူများအတွက် ကုန်ဈေးနှုန်း မြင့်မားလာမှုကိုသာ သယ်ဆောင်လာမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အချိန်ကြာလာသည်နှင့်အမျှ အသေးစားလုပ်ငန်းများ ရင်ဆိုင်နေရသည့် အရင်းအနှီးမြင့်မားမှုနှင့် ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှု၏ ခြိမ်းခြောက်မှုသည် ပို၍ ဆိုးရွားလာပြီး “ပြန်လည် ဖြည့်ဆည်းမရသော ထိခိုက်နစ်နာမှု” ဒဏ်ခံရနိုင်ကြောင်း အမေရိကန် ကုန်သည်ကြီးများအသင်း (USCC) ဥက္ကဋ္ဌ နှင့် အမှုဆောင်အရာရှိချုပ် Suzanne Clark က ကြေညာချက်တွင် ပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
美国商会:加征关税将给小企业造成“无法弥补的伤害”
新华社华盛顿5月1日电(记者熊茂伶)美国商会1日发布声明说,该机构已于前一日致信美国政府,要求其为小型进口企业提供关税豁免,以避免这些企业受到“无法弥补的伤害”。
美国商会在信中写道,考虑到近期关税对美国经济带来的负面影响,快速并成功完成与贸易伙伴的谈判、从而撤销美国今年以来加征的关税,是非常关键的。该机构要求美国政府“立即采取行动”,拯救美国小企业,避免美国经济陷入衰退。
美国商会在信中提出三项具体要求。第一,对所有小型进口商自动豁免关税;第二,对所有在美国无法生产或不易获得的产品提供关税豁免;第三,为能够证明关税对就业构成风险的公司建立申请豁免流程。信中提到,咖啡、香蕉、可可、某些矿物等产品,以及很多定制的工业原料在美国不易获得,对这些产品加征关税只会给小企业和消费者带来物价上涨。
美国商会会长兼首席执行官克拉克在声明中表示,随着时间推移,小企业面临高成本和供应链中断的威胁越来越严重,可能会遭受“无法弥补的伤害”。(完)
1. 4月19日,人们在美国纽约街头参加抗议活动。新华社记者刘亚南摄