China
အမေရိကန်ဘက်က ဆွေးနွေးညှိနှိုင်းလိုပါက ၎င်း၏ သဘောထားအမှန်ကို ပြသသင့်သည်ဟု တရုတ်-အမေရိကန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှု အခြေအနေနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တုံ့ပြန်ပြောကြား

ပေကျင်း၊ မေ ၂ ရက် (ဆင်ဟွာ)
အမေရိကန် အဆင့်မြင့် အရာရှိက စည်းကြပ်ခွန်ကိစ္စရပ်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားခဲ့သည်ကို တရုတ်နိုင်ငံက သတိထားမိကြောင်း၊ တစ်ချိန်တည်းမှာပင် လတ်တလောတွင် အမေရိကန်ဘက်က စတင်၍ သက်ဆိုင်ရာမှတစ်ဆင့် တရုတ်ဘက်နှင့် ဆွေးနွေးသွားလိုကြောင်း သတင်းစကားအကြိမ်ကြိမ်ပေးခဲ့ရာ ယင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အကဲဖြတ်လျက်ရှိကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က မေ ၂ ရက်တွင် ပြောကြားခဲ့သည်။
လတ်တလောတွင် အမေရိကန်ဘက်က ကုန်သွယ်စီးပွား ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံနှင့် စေ့စပ်ညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရရှိမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားမှုနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် တစ်ဆင့်တိုး အချက်အလက်များနှင့် မှတ်ချက်များ ရှိ/ မရှိ ဟူ၍ သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ရာ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အမြဲတစေ တစ်သမတ်တည်းရှိပြီး တိုက်ပွဲဝင်မည်ဆိုလျှင် အဆုံးတိုင် ဆင်နွှဲသွားမည်ဖြစ်ပြီး ဆွေးနွေးမည်ဆိုလျှင် တံခါးဖွင့်ထားကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲနှင့် စည်းကြပ်ခွန်စစ်ပွဲသည် အမေရိကန်ဘက်မှ တစ်ဖက်သတ်စတင်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်ဘက်က ဆွေးနွေးလိုပါက ၎င်း၏ သဘောထားအမှန်ကို ပြသသင့်ကြောင်း၊ အမှားများကို ပြင်ဆင်ခြင်း၊ တစ်ဖက်သတ်စည်းကြပ်ခွန် တိုးမြှင့်ခြင်းကို ရုပ်သိမ်းခြင်းစသည့် ကိစ္စရပ်များအား အဆင့်သင် ပြင်ဆင်ထားပြီး လက်တွေ့လုပ်ဆောင်မှုများ ပြသရမည်ဟု ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
လတ်တလောတွင် အမေရိကန်ဘက်က စည်းကြပ်ခွန် အစီအမံပြင်ဆင်ရန်နှင့် စပ်လျဉ်း၍ အဆက်မပြတ် ထုတ်ဖော်ပြောဆိုမှုများကို မိမိတို့ သတိပြုမိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အလေးအနက်ထား ပြောကြားလိုသည်မှာ ဖြစ်နိုင်ခြေရှိသော မည်သည့်ဆွေးနွေးမှု၊ တွေ့ဆုံဆွေးနွေးမှုတွင်မဆို အမေရိကန်ဘက်က တစ်ဖက်သတ်စည်းကြပ်ခွန်အစီအမံ အမှားများကို မပြင်ဆင်ပါက ယင်းသည် အမေရိကန်ဘက်က သဘောထားအမှန်လုံးဝမရှိကြောင်း ပြသနေပြီး နှစ်နိုင်ငံ အပြန်အလှန်ယုံကြည်မှုကို ထပ်မံထိခိုက်စေမည်ဖြစ်ကြောင်း၊ “အပြောတစ်မျိုး၊ အလုပ်တစ်မျိုး” လုပ်ခြင်း၊ ဆွေးနွေးမှု ပြုလုပ်မည်ဟု အကြောင်းပြ၍ အတင်းအဓမ္မ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းသည် တရုတ်အပေါ်တွင် အလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
商务部回应中美经贸对话磋商情况:美方想谈就应拿出谈的诚意
新华社北京5月2日电 商务部新闻发言人2日表示,中方注意到美方高层多次表态,表示愿与中方就关税问题进行谈判。同时,美方近期通过相关方面多次主动向中方传递信息,希望与中方谈起来。对此,中方正在进行评估。
有记者问:近期美方多次表示,正与中方就经贸问题进行谈判,并会达成协议,请问商务部对此有没有进一步的消息和评论?商务部新闻发言人作出上述回应。
发言人表示,中方立场始终如一,打,奉陪到底;谈,大门敞开。关税战、贸易战是由美方单方发起的,美方想谈就应拿出谈的诚意,要在纠正错误做法、取消单边加征关税等问题上做好准备,拿出行动。
发言人说,我们注意到,美方近期不断就调整关税措施放风。中方想要强调的是,任何可能的对话、会谈中,如果美方不纠正错误的单边关税措施,则说明美方完全没有诚意,且会进一步损害双方互信。说一套、做一套,甚至试图以谈为幌子,搞胁迫讹诈,在中方这里是行不通的。(完)