Connect with us

Latin America

Drake Passage တွင် ပြင်းအား ၇.၅ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ချီလီတွင် ဆူနာမီသတိပေးချက် ထုတ်ပြန်

ချီလီနိုင်ငံ တောင်ပိုင်းမြို့ Punta Arenas တွင် နေအိမ်မှ လုံခြုံရာနေရာသို့ ရွှေ့ပြောင်းလာသူများကို မေ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ချီလီသတင်းအေဂျင်စီ)

ဆန်ဒီယေဂို၊ မေ ၃ ရက် (ဆင်ဟွာ)
တောင်အမေရိကနှင့် အန္တာတိကတိုက်ကြားရှိ Drake Passage တွင် မေ ၂ ရက်က ရစ်ခ်ျတာစကေး ၇.၅ အဆင့်ရှိသော ငလျင် လှုပ်ခတ်ခဲ့ကြောင်း ချီလီတက္ကသိုလ်၏ အမျိုးသား ငလျင်ဗဟိုဌာန (CSN) အချက်အလက်အရ သိရသည်။ လက်ရှိတွင် လူသေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးမှုဆိုင်ရာ အစီရင်ခံမှု မရှိသေးကြောင်း သိရသည်။

ချီလီရေတပ်၏ ဇလဗေဒနှင့် အဏ္ဏဝါဗေဒ ဝန်ဆောင်မှု (SHOA) ဆူနာမီကြိုတင်သတိပေးရေးဌာန က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဆူနာမီသည် နာရီအနည်းငယ် ဆက်လက်ကြာမည်ဖြစ်ပြီး ယင်းနိုင်ငံ၏ မာဂယ်လန်-ချီလီ အန္တာတိကဒေသ ကမ်းရိုးတန်းတစ်လျှောက်တွင် အဓိက သက်ရောက်မှုရှိမည်ဟု သတိပေးချက်တွင် ဖော်ပြထားသည်။ ချီလီသဘာဝဘေးကာကွယ်ရေးဌာနက ထိုဒေသများရှိ ပြည်သူများအား ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ထားသည်။

ငလျင်သည် ဒေသစံတော်ချိန် မေ ၂ ရက် နံနက် ၈ နာရီ ၅၈ မိနစ် (ပေကျင်းစံတော်ချိန် မေ ၂ ရက် ည ၈ နာရီ ၅၈ မိနစ်) တွင် လှုတ်ခတ်ခဲ့ပြီး ငလျင်ဗဟိုချက်သည် တောင်လတ္တီကျု ၅၆.၈၈ ဒီဂရီနှင့် အနောက်လောင်ဂျီကျု ၆၈.၀၆ ဒီဂရီ၊ ငလျင်ဗဟိုအနက် ၁၀ ကီလိုမီတာတွင် တည်ရှိကြောင်း ချီလီတက္ကသိုလ်၏ အမျိုးသား ငလျင်ဗဟိုဌာန (CSN) ၏ သတင်းအချက်အလက်တွင် ဖော်ပြထားသည်။

ထို့အပြင် ယခုအကြိမ် ငလျင် ပြင်းအားသည် ၇.၄ အဆင့်ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေးဌာန၏ သတင်းအချက်အလက်အရ သိရသည်။

ချီလီနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာငလျင်ကြောတွင်တည်ရှိပြီး ငလျင်များမကြာခဏဖြစ်ပွားလေ့ရှိသည်။ Drake Passage သည် တောင်အမေရိကတိုက်၏ တောင်ဖျား Cape Horn နှင့် အန္တာတိကတိုက်၏ တောင်ရှက်တလန်ကျွန်းစု (South Shetland Islands) ကြားတွင်တည်ရှိပြီး အတ္တလန္တိတ်နှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည်။ ဤရေလက်ကြား၏ ရှေ့-နောက် အလျားမှာ ၃၀၀ ကီလိုမီတာ၊ မြောက်-တောင် အနံမှာ ၉၀၀ မှ ၉၅၀ ကီလိုမီတာအထိ ကျယ်ဝန်းသည်။ (Xinhua)

ချီလီနိုင်ငံ တောင်ပိုင်းမြို့ Punta Arenas တွင် နေအိမ်မှ လုံခြုံရာနေရာသို့ ရွှေ့ပြောင်းလာသူများကို မေ ၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ချီလီသတင်းအေဂျင်စီ)

…………………….
(Chinese Version)
德雷克海峡发生7.5级地震 智利发布海啸预警
新华社圣地亚哥5月2日电(记者朱雨博)据智利大学全国地震中心消息,位于南美洲与南极洲之间的德雷克海峡2日发生7.5级地震。目前尚无人员伤亡和财产损失报告。
智利海军水文和海洋局海啸预警部门已发布海啸预警。预警信息显示,海啸将持续数小时,主要将影响该国麦哲伦-智利南极大区沿岸地区。智利防灾部门已要求上述地区民众撤离。
智利大学全国地震中心消息说,地震发生于当地时间2日8时58分(北京时间2日20时58分),震中位于南纬56.88度、西经68.06度,震源深度10公里。
另据美国地质调查局消息,此次地震震级为7.4级。
智利地处环太平洋地震带,地震发生比较频繁。德雷克海峡位于南美洲南端合恩角与南极洲南设得兰群岛之间,连接大西洋和太平洋。该海峡东西长300公里,南北宽900至950公里。(完)
图说:5月2日,在智利南部城市蓬塔阿雷纳斯,人们从家中撤离至安全地带。新华社/智利一号通讯社/伊格纳西奥·卡德纳斯摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.