Connect with us

North America

အမေရိကန် နေရာအများအပြားတွင် ထရမ့်အစိုးရ၏ မူဝါဒများကို ဆန့်ကျင်သော စီတန်းလှည့်လည်ဆန္ဒပြပွဲများ ဖြစ်ပွား

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ထရမ့်အစိုးရမူဝါဒ ဆန့်ကျင်ဆန္ဒပြပွဲတွင် စာတန်းကိုင် ပါဝင်ကြသူများ ၂၀၂၅ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ မေ ၃ ရက် (ဆင်ဟွာ)

အမေရိကန် နေရာအများအပြားရှိ ပြည်သူများက မေ ၁ ရက်တွင် အကြီးအကျယ် စီတန်းလှည့်လည် ဆန္ဒပြပွဲများ ကျင်းပကာ ထရမ့်အစိုးရ၏ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ပညာရေး၊ အကောက်ခွန် စသည့် ကဏ္ဍများ၏ မူဝါဒများကို ဆန့်ကျင်ခဲ့ကြသည်။

ယင်းနေ့တွင် မြို့တော်ဝါရှင်တန်ဒီစီ၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးယောက်၊ ဒန်ဗား၊ ရှီကာဂို၊ ဖီလာဒဲလ်ဖီးယား စသည့် နေရာများတွင် အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုများ ရှိခဲ့သည်။ ၎င်းတို့အနက် နယူးယောက်မြို့တွင် ယင်းနေ့က လူပေါင်း ၁,၀၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ကြရာ ဆန့်ကျင်ဆန္ဒပြမှု အကြောင်းအရာများတွင် ဖက်ဒရယ်အစိုးရ၏ ရွှေ့ပြောင်းနေထိုင်သူများအား နေရပ်သို့ ပြန်ပို့ခြင်း၊ တရားစီရင်ရေး လုပ်ထုံးလုပ်နည်းများ တရားမျှတမှုကို မျက်ကွယ်ပြုခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။ ထရမ့်အစိုးရ၏ သက်ဆိုင်ရာမူဝါဒများသည် “ဒေသတွင်းဝန်ထမ်းများကို ဖိနှိပ်၍ ပြည်ပမှလာရောက်သော အလုပ်သမားများကို နှင်ထုတ်သည်” ဟု ပြည်သူပေါင်း ၅,၀၀၀ ခန့်က လော့စ်အိန်ဂျယ်လိစ်မြို့လယ်ခေါင်တွင် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မေ ၂ ရက်နှင့် ၃ ရက်တွင် အမေရိကန် နေရာအများအပြား၌ အကြီးအကျယ် ဆန္ဒပြလှုပ်ရှားမှုများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း စုဝေးဆန္ဒပြပွဲလှုပ်ရှားရေး စီစဉ်သူ ဝက်ဘ်ဆိုက်၏ မိတ်ဆက်ဖော်ပြချက်များအရ သိရသည်။

ထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်းကာလ ရက်ပေါင်း ၁၀၀ ပြည့်မည့်အချိန်တွင် ၎င်း၏ စီမံအုပ်ချုပ်မှုကို အားပေးမှုနှုန်းသည် နှစ်ပေါင်း ၈၀ ကြာ အမေရိကန် သမ္မတအဆက်ဆက်၏ အလားတူကာလ အနိမ့်ဆုံးစံချိန် ချိုးခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ ဧပြီ ၂၇ ရက်က ထုတ်ပြန်သည့် ပူးတွဲပြည်သူ့စစ်တမ်း ရလဒ်တွင် ဖော်ပြထားသည်။ ပြည်သူအများစုက ၎င်းထုတ်ပြန်သည့် မူဝါဒများစွာကို ဆန့်ကျင်ကြပြီး အမေရိကန်၏ လက်ရှိအခြေအနေအပေါ် ကျေနပ်မှုမရှိကြောင်းနှင့် စီးပွားရေးအလားအလာအပေါ် စိုးရိမ်ကြကြောင်း သိရသည်။ (Xinhua)


——————-
(Chinese Version)
美国多地爆发集会抗议特朗普政府多项政策
新华社纽约5月1日电(记者刘亚南)美国多地民众5月1日举行大规模游行集会,抗议特朗普政府在经济、移民、教育、税收等多方面的政策。
当天,首都华盛顿特区、洛杉矶、纽约、丹佛、芝加哥和费城等地均有大规模抗议活动。其中,纽约市当天有上千人参加了游行集会,抗议内容包括联邦政府遣返移民、漠视司法程序正义等。在洛杉矶市中心,约5000名民众集会抗议特朗普政府相关政策“欺压本地劳工、驱逐外来劳工”。
据集会活动组织方网站介绍,2日和3日美国多地还将继续举行大规模抗议活动。   美国媒体4月27日发布的联合民调结果显示,在特朗普第二任期将满百天之际,其执政支持率创下过去80年来美国历任总统同期最低纪录。多数民众反对他推出的多项政策,对美国现状不满,对经济前景担忧。(完)
1. 5月1日,人们手持标语在纽约参加抗议特朗普政府政策的集会和游行。新华社记者 刘亚南 摄