Connect with us

Sino-Myanmar

တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိပြီး လွှဲပြောင်းပေးခဲ့

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသော ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများအား ဝန်ထမ်းများက သယ်ချပေးနေသည်ကို မေ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအား ကူညီပေးသည့် ၁၁ သုတ်မြောက် အရေးပေါ် လူသားချင်းစာနာမှု ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းများသည် မေ ၂ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး အိုးယန်သောက်ပင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မေ ၃ ရက်တွင် လွှဲပြောင်းပေးအပ်မှု လုပ်ဆောင်ခဲ့သည်။

ယခုအသုတ် ကယ်ဆယ်ရေးပစ္စည်းများတွင် အသင့်တပ်ဆင်ရန်နေအိမ် အလုံးရေ ၃၄၀ ပါဝင်ကြောင်း သိရသည်။

မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မြန်မာနိုင်ငံ အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် မေ ၂ ရက်အထိ သေဆုံးသူ ၃,၈၃၉ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၀၁ ဦး ရှိကြောင်း‌ “The Global New Light of Myanmar” ၏ မေ ၃ ရက် သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသော ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများအား ဝန်ထမ်းများက သယ်ချပေးနေသည်ကို မေ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသော ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများအား ဝန်ထမ်းများက သယ်ချပေးနေသည်ကို မေ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရန်ကုန်မြို့၌ တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ကူညီပေးသော ငလျင်ဘေး ကူညီကယ်ဆယ်ရေးပစ္စည်းများအား ဝန်ထမ်းများက သယ်ချပေးနေသည်ကို မေ ၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

————————————————————————————–
(Chinese Version)
中国政府援缅第十一批紧急人道主义地震救灾物资运抵交付
新华社仰光5月3日电(记者张东强)中国政府向缅甸提供的第十一批紧急人道主义地震救灾物资2日晚运抵仰光。3日,中国驻缅甸使馆参赞欧阳道冰和仰光省首席部长梭登进行了救灾物资交接。
本批救灾物资包括340套办公板房。
据《缅甸环球新光报》3日报道,截至5月2日,3月28日发生的缅甸强烈地震已造成3839人遇难、5105人受伤、101人失踪。(完)
图说1-4:5月3日,工作人员在缅甸仰光卸载中国援缅救灾物资。新华社发(苗觉梭摄)