Connect with us

Asia

စင်ကာပူနိုင်ငံ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုစတင်

စင်ကာပူနိုင်ငံ လွှတ်တော်အဆောက်အဦကို ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စင်ကာပူ၊ မေ ၃ ရက် (ဆင်ဟွာ)
စင်ကာပူ လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခြင်းကို မေ ၃ ရက် နံနက် ၈ နာရီတွင် တရားဝင် စတင်ခဲ့သည်။ စင်ကာပူနိုင်ငံ ၁၅ ကြိမ်မြောက် လွှတ်တော်အမတ် ရွေးချယ်ရန်အတွက် မဲဆန္ဒရှင် ၂.၆ သန်းကျော်သည် မဲရုံပေါင်း ၁,၂၄၀ ခုသို့ သွားရောက်၍ မဲပေးလျက်ရှိသည်။
ယခုအကြိမ် လွှတ်တော်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦးက လွှတ်တော် အမတ်နေရာ ၉၇ ခုကို ယှဉ်ပြိုင်ရယူကြမည်ဖြစ်သည်။ မဲပေးချိန်သည် နံနက် ၈ နာရီမှ ည ၈ နာရီအထိဖြစ်ပြီး ယင်းနောက် မဲများကို ရေတွက်မည်ဖြစ်သည်။ အဆိုပါနေ့ ညပိုင်းတွင် ရွေးကောက်ပွဲ အရာရှိ Han Kok Juan က မဲဆန္ဒနယ် တစ်ခုစီ၏ ရလဒ်များကို ဆက်တိုက် ကြေညာသွားမည်ဖြစ်သည်။
ယခုအကြိမ် ရွေးကောက်ပွဲသည် စင်ကာပူနိုင်ငံ လက်ရှိဝန်ကြီးချုပ် လောရန့်စ်ဝေါင် ၂၀၂၄ ခုနှစ်တွင် တာဝန်ထမ်းဆောင်ချိန်မှစ၍ ပထမဆုံးအကြိမ် အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီကို ဦးဆောင်ကာ လွှတ်တော်ရွေးကောက်ပွဲ၌ ပါဝင်ခြင်းဖြစ်သည်။
စင်္ကာပူနိုင်ငံ လွှတ်တော်သည် လွှတ်တော်တစ်ရပ်တည်းစနစ်ကို ကျင့်သုံးသည်။ လွှတ်တော်ကိုယ်စားလှယ်များကို မဲဆန္ဒရှင်များ၏ မဲပေးရွေးကောက်မှုမှ တစ်ဆင့် တင်မြှောက်ကြကာ ရာထူးသက်တမ်းမှာ ၅ နှစ် ဖြစ်ပြီး လွှတ်တော်တွင် အမတ်နေရာအများစုရရှိထားသည့် ပါတီသည် အစိုးရဖွဲ့နိုင်သည်။ (Xinhua)

စင်ကာပူနိုင်ငံရှိ မဲရုံတစ်ရုံတွင် ပါဝင်မဲပေးနေသော မဲဆန္ဒရှင်များအား မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..
(Chinese Version)
新加坡国会选举投票开始
新华社新加坡5月3日电(记者刘春涛)新加坡国会选举3日早8时正式启动投票。超过260万选民正陆续前往1240个投票站进行投票,选出新加坡第15届国会议员。
本届国会选举共有211名候选人争夺97个国会议席。投票从早8时持续至晚8时,随后计票。当晚,选举官韩国元将陆续宣布各选区结果。
此次选举是新加坡现任总理黄循财自2024年上任以来,首次领导执政党人民行动党参加国会选举。
新加坡国会实行一院制,议员由选民投票选举产生,任期5年,占国会多数议席的政党可组建政府。(完)
图说:这是4月15日拍摄的新加坡国会大厦。新华社发(邓智炜摄)
图说2:5月3日,选民在新加坡一处投票站参加投票。新华社发(邓智炜摄)