Connect with us

Latin America

ကျူးဘား-တရုတ် ဆက်ဆံရေးက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ ဆို

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ၄၃ ကြိမ်မြောက် ကျူးဘားနိုင်ငံတကာ ခရီးသွားလာရေးပြပွဲ၌ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုနေသော ကျူးဘား သမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ် (ယာဘက်၊ ပထမ) အား မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟာဗားနား၊ မေ ၃ ရက် (ဆင်ဟွာ)
ကျူးဘားနှင့် တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၆၅ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲများကို ဖြတ်သန်းခဲ့ပြီး အမြဲတစေ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ရာ ယခုအချိန်အခါသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း ကျူးဘားသမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ်က မေ ၂ ရက်တွင် ဟာဗားနားမြို့၌ ပြောကြားခဲ့သည်။

၄၃ ကြိမ်မြောက် ကျူးဘားနိုင်ငံတကာ ခရီးသွားလာရေးပြပွဲ၌ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုပြီးနောက် ဒီရပ်စ်-ကနဲလ်က ၆၅ နှစ်ကာလတစ်လျှောက် ကျူးဘား-တရုတ် နှစ်နိုင်ငံသည် ကဏ္ဍအသီးသီး၌ နီးကပ်စွာ ဆက်သွယ်ဆွေးနွေးမှုများ ထိန်းသိမ်းထားပြီး နိုင်ငံတကာရေးရာများတွင် အပြန်အလှန် ပံ့ပိုးကူညီကာ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများစွာကို အကောင်အထည်ဖော်ခဲ့ခြင်းဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အဆင့်သစ်သို့ စဉ်ဆက်မပြတ် တွန်းအားပေးခဲ့ကြောင်း ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

ယခုအကြိမ် ပြပွဲ၏ ဂုဏ်ပြုဧည့်သည်တော်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် ပြခန်းကို အနုစိတ်ဒီဇိုင်းဖော်ခြင်းဖြင့် ကျူးဘားပြည်သူများထံ တရုတ်နိုင်ငံ၏ ကြွယ်ဝလှသော ခရီးသွားအရင်းအမြစ်နှင့် နက်ရှိုင်းသော ယဉ်ကျေးမှုအမွေအနှစ်များကို ပြသခဲ့သည်။ ဂုဏ်ပြုဧည့်သည်တော်နိုင်ငံအဖြစ် တရုတ်နိုင်ငံ၏ အရေးပါသော ပံ့ပိုးကူညီမှုကို အထူးမှတ်ချက်ပြုကာ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား “အံ့ဖွယ်ခမ်းနားလှပြီး တရုတ်နိုင်ငံရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းနှင့် လင်းလက်တောက်ပတဲ့ ယဉ်ကျေးမှုတွေကို သက်ဝင်လှုပ်ရှားစွာ ဖော်ကျူးထားတယ်” ဟူ၍ ဒီရပ်စ်-ကနဲလ်က ချီးကျူးပြောကြားသည်။ ကျူးဘားသည် တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်မြင်မှုများကို လေးစားပြီး တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မသေချာမရေရာမှုများနှင့် ပြည့်နှက်နေသော ယနေ့ခေတ်ကမ္ဘာကြီးတွင် တစ်ဖက်သတ် ဝါဒနှင့် ဗိုလ်ကျကြီးစိုးမိုးမှု လုပ်ရပ်ဖြင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုကို အစားထိုးရန် ကြိုးပမ်းနေချိန်တွင် တရုတ်နိုင်ငံသည် တန်းတူညီမျှမှု၊ လေးစားမှုရှိသော သဘောထားဖြင့် ကျူးဘားနှင့် အတူ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခဲ့ရာ ယင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်မှုအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း ဒီရပ်စ်-ကနဲလ်က အလေးအနက် ပြောကြားခဲ့သည်။ (Xinhua)

ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားတွင် ၄၃ ကြိမ်မြောက် ကျူးဘားနိုင်ငံတကာ ခရီးသွားလာရေးပြပွဲ၌ တရုတ်နိုင်ငံဆိုင်ရာ ပြခန်းအား လှည့်လည်ကြည့်ရှုနေသော ကျူးဘား သမ္မတ မီဂဲလ် ဒီရပ်စ်-ကနဲလ် (ယာဘက်၊ ပထမ) အား မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………..
(Chinese Version)
古巴国家主席:古中关系正处于历史最高水平
新华社哈瓦那5月2日电(记者蒋彪)古巴国家主席迪亚斯-卡内尔2日在哈瓦那说,古巴和中国建交65年来,双边关系历经国际风云变幻,始终稳步向前发展,如今正处于历史最高水平。
在参观第43届古巴国际旅游博览会中国主题展馆后,迪亚斯-卡内尔向新华社记者表示,65年来,古中两国在各领域保持密切沟通,在国际事务中相互支持,实施了一系列惠及两国人民的合作项目,推动双边关系不断迈上新台阶。
作为本届博览会主宾国,中国通过精心设计的主题展馆,向古巴民众展示中国丰富的旅游资源和深厚的文化底蕴。迪亚斯-卡内尔高度评价中国作为主宾国的重要贡献,称赞中国馆“美轮美奂,生动展现了中国悠久的历史和灿烂的文化”,他说,古巴钦佩中国的文化与发展成就,期待更多中国游客来访。
迪亚斯-卡内尔强调,在当今充满不确定性的世界,当单边主义和霸权行径试图取代多边合作时,中国以平等和尊重的态度与古巴共建命运共同体,这对促进世界和平发展具有重要意义。(完)
图说:5月2日,在古巴首都哈瓦那,古巴国家主席迪亚斯-卡内尔(右一)参观第43届古巴国际旅游博览会中国主题展馆。新华社发(华金·埃尔南德斯摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.