Connect with us

China

ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ စူပါဖိုင်နယ်ပွဲတွင် တရုတ်အသင်းက ရွှေတံဆိပ်ဆု ၉ ခုလုံး ဆွတ်ခူး

ရွှေတံဆိပ်ဆုရှင် တရုတ်ပြိုင်ပွဲဝင် ချန်ကျား (အလယ်)၊ ငွေတံဆိပ်ဆုရှင် တရုတ်ပြိုင်ပွဲဝင် ချန်ရိဝန် (ဝဲ)နှင့် ကြေးတံဆိပ်ဆုရှင် ဩစတြေးလျပြိုင်ပွဲဝင် Maddison Keeney တို့ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို မေ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (World Aquatics) ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ စူပါဖိုင်နယ်ပွဲကို ဧပြီ ၄ ရက်တွင် တရုတ်အမျိုးသားရေကူးစင်တာ ဖြစ်သော “Water Cube” ၌ ကျင်းပ ပြီးစီးခဲ့သည်။ တရုတ် ဒိုင်ဗင်အဖွဲ့သည် နောက်ဆုံးပြိုင်ပွဲနေ့တွင် ရွှေတံဆိပ် ၂ ခု ထပ်မံဆွတ်ခူးနိုင်ခဲ့ရာ ယခုအကြိမ် ပြိုင်ပွဲအားလုံး၏ ရွှေတံဆိပ်ဆု ၉ ခုလုံးကို ဆွတ်ခူးနိုင်ခဲ့သည်။

အမျိုးသမီး တစ်ဦးတည်း ၃ မီတာ စပရိန်ဘုတ် ဒိုင်ဗင်ဖိုင်နယ်ပွဲတွင် တရုတ်ပြိုင်ပွဲဝင် ချန်ကျားသည် ၃၈၂.၀၅ ရမှတ်ဖြင့် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး ၎င်း၏ အသင်းဖော် ချန်ရိဝန်သည် ၁၃.၆၅ ကွာဟမှတ်ဖြင့် ငွေတံဆိပ်ဆု ရရှိကာ ကြေးတံဆိပ်ကို သြစတြေးလျပြိုင်ပွဲဝင်က ဆွတ်ခူးရရှိခဲ့သည်။

ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲသည် ယခုနှစ်တွင် ပွဲစဉ်သုံးပွဲ ကျင်းပခဲ့ရာ ချန်ကျားသည် ရှေ့ပွဲစဉ် နှစ်ပွဲ၌ အမျိုးသမီး တစ်ဦးတည်း ၃ မီတာ စပရိန်ဘုတ် ဒိုင်ဗင် ချန်ပီယံဆုကိုလည်း ရရှိခဲ့သည်။ ယခုအကြိမ် ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ စူပါဖိုင်နယ်ပွဲတွင် ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (World Aquatics) က ရေးဆွဲထားသော ပြိုင်ပွဲစနစ်အသစ်ကို ကျင့်သုံးခဲ့သည်။ အဆိုပါ စနစ်အသစ်မှာ ပထမအကျော့ ခြေစစ်ပွဲတွင် ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ လက်ရွေးစင်အလိုက် “တစ်ဦးချင်း” ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အနိုင်ရသူများသည် ဆီမီးဖိုင်နယ်သို့ ဝင်ရောက်မည်ဖြစ်သည်။ ဆီမီးဖိုင်နယ်သို့ ဝင်ရောက်သည့် ပြိုင်ပွဲဝင် ၆ ဦးကို ၎င်းတို့၏ အစဉ်အလိုက် အုပ်စုနှစ်စုခွဲကာ ၎င်းတို့ အုပ်စုအတွင်းမှ ဖိုင်နယ်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နာမည်စာရင်း ၂ ခုအတွက် ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။ နောက်ဆုံး ဖိုင်နယ်သို့ ဝင်ရောက်သည့် ပြိုင်ပွဲဝင် ၄ ဦးသည် ရွှေ၊ ငွေ၊ ကြေးတံဆိပ်များ ရရှိအောင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

“ခြေစစ်ပွဲ ‘တစ်ဦးချင်း’ ပြိုင်ရတဲ့ ပြိုင်ပွဲစနစ်က ကျွန်မအတွက် တော်တော်လေး အသစ်အဆန်းဖြစ်တယ်၊ ကျင့်သားသိပ်မရသေးပေမဲ့၊ အချိန်မီပြန်ညှိယူနိုင်ခဲ့ပါတယ်။ ကျွန်မရဲ့ အားသာချက်ကတော့ စခုန်တဲ့အမြင့်က ပိုမြင့်တာပါပဲ” ဟု ချန်ကျားက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

အသက် ၂၀ အရွယ်ရှိသော ချန်ကျားသည် လွန်ခဲ့သည့်နှစ်က နိုင်ငံတော်အဆင့် အသင်းသို့ ဝင်ရောက်ခဲ့ပြီး အိုလံပစ်ကာလ အသစ်တွင် တရုတ်အသင်းအတွက် တက်ကြွမှုအင်အားကို ဖြည့်ဆည်းပေးနေသူဖြစ်သည်။ “ကျွန်မက ‘အောင်မြင်မှုကြီးကြီးမားမားကို အချိန်အတိုင်းအတာတစ်ခုကြာမှ ရရှိသူ’ လို့ဆိုနိုင်ပေမဲ့ ‘မထင်မှတ်ဘဲ အနိုင်ရသူ’ တော့ မဟုတ်ဘူး။ အခုရရှိထားတဲ့အောင်မြင်မှုတွေအားလုံးက ကိုယ့်ရဲ့ကြိုးပမ်းအားထုတ်မှုနဲ့ ရယူထားတာပါ” ဟု ၎င်းက ဆိုခဲ့သည်။

ထို့နောက် ယှဉ်ပြိုင်ခဲ့သော အမျိုးသားတစ်ဦးချင်း ၁ဝ မီတာ စပရိန်ဘုတ် ဒိုင်ဗင် ဖိုင်နယ်တွင် တရုတ်ပြိုင်ပွဲဝင် ကျူးကျီဖုန်းက ၅၇၁.၉၀ ရမှတ်ဖြင့် ပထမ ရရှိခဲ့ပြီး တရုတ်ပြိုင်ပွဲဝင် ချိန်ကျီလုန်နှင့် သြစတြေးလျ ပြိုင်ပွဲဝင် Cassiel Rousseau တို့က ဒုတိယနှင့် တတိယ အသီးသီး ရရှိခဲ့ကြသည်။

“ဒီမတိုင်ခင်က လေ့ကျင့်မှုနဲ့ ပြိုင်ပွဲမှာ ကျွန်တော် ဒဏ်ရာရခဲ့တယ်၊ ကျွန်တော့်နည်းပြနဲ့လည်း အမြဲတိုင်ပင်ဆွေးနွေးပြီး အခက်အခဲတွေကို ကြိုးစားကျော်ဖြတ်နေပါတယ်။ အခုကတော့ စိတ်ပိုပြီး အေးဆေးတည်ငြိမ်သွားပါပြီ၊ ပေကျင်းမှာ ကျွန်တော့်ရဲ့ အကောင်းဆုံးစွမ်းဆောင်နိုင်မှုကို ပြသခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်” ဟု ကျူးကျီဖုန်းက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

Rousseau က “တရုတ်နိုင်ငံမှာ အကောင်းဆုံးသော ပြိုင်ပွဲကျင်းပတဲ့ အဆောက်အဦတွေရှိတယ်၊ ပရိသတ်တွေကလည်း အာမာန်အပြည့်နဲ့၊ မနှစ်က နှစ်ကုန်ပိုင်းမှာ ကျွန်တော် စိတ်ဓာတ်တက်ကြွမှု နည်းခဲ့ပြီး အခြေအနေက သိပ်မကောင်းခဲ့ဘူး။ ဒီနေ့ပြိုင်ပွဲမှာလည်း ဒိုင်ဗင်ရေအမှုန်လွင့်စင်မှုကို ထိန်းချုပ်တဲ့အပိုင်းမှာ နည်းနည်းလွဲချော်မှုလေးတွေရှိတယ်၊ ဒါပေမဲ့ ခြုံငုံကြည့်မယ်ဆိုရင်တော့ ကျေနပ်ဖွယ်ရှိပါတယ်” ဟု ဆိုခဲ့သည်။

ထို့ကြောင့် တရုတ်အသင်းသည် သုံးရက်တာယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ စူပါဖိုင်နယ်ပွဲတွင် ပြိုင်ပွဲအားလုံး၏ ရွှေတံဆိပ်ဆု ၉ ခုလုံးကို ဆွတ်ခူးခဲ့သည်။ ကျူးကျီဖုန်း၊ ချန်ယွီရှီးတို့က ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေကူးအဖွဲ့ချုပ် (World Aquatics) ကမ္ဘာ့ဖလား ဒိုင်ဗင်ပြိုင်ပွဲ၏ အကောင်းဆုံး အမျိုးသား၊ အကောင်းဆုံး အမျိုးသမီး အားကစားသမားဆုကို အသီးသီးရရှိခဲ့သည်။ (Xinhua)

ရွှေတံဆိပ်ဆုရှင် တရုတ်ပြိုင်ပွဲဝင် ဝမ်ကျုံးယွမ် (အလယ်)၊ ငွေတံဆိပ်ဆုရှင် တရုတ်ပြိုင်ပွဲဝင် ကျိန့်ကျိုယွမ် (ဝဲ)၊ ကြေးတံဆိပ်ဆုရှင် ဂျာမနီလက်ရွေးစင် Moritz Wesemann တို့ ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် စုပေါင်းဓာတ်ပုံ ရိုက်ကူးနေသည်ကို မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရွှေတံဆိပ်ဆု ရရှိသော တရုတ်အမျိုးသမီးနှစ်ယောက်တွဲအဖွဲ့ ချန်ယွီရှီး (ဝဲ)/ ချွမ်ဟုန်ချန် ကို ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
跳水世界杯总决赛:中国队包揽全部9枚金牌
新华社北京5月4日电(记者李春宇、高萌)4日,2025年世界泳联跳水世界杯总决赛在国家游泳中心“水立方”落幕。中国跳水队在最后一个比赛日再添两金,最终包揽本次赛事的全部9枚金牌。
在女子单人3米板决赛中,中国选手陈佳以382.05分的成绩夺冠,她的队友陈艺文以13.65分之差收获银牌,铜牌被澳大利亚选手基尼摘得。
跳水世界杯本年度共进行三站赛事,陈佳在前两站的比赛中也夺得了女子单人3米板冠军。本次跳水世界杯总决赛采用世界泳联制定的新赛制——选手们在首轮预赛中根据种子排名进行“一对一”对决,胜者进入半决赛;进入半决赛的6名选手按照排名分为两组,继续争夺各自组内的2个决赛名额;最终进入决赛的4名选手进行金银铜牌的争夺。
陈佳在赛后说:“预赛‘一对一’的赛制对我来说比较新奇,有点不太习惯,但还是能及时调整过来,自己的优势在于起跳高度高一些。”
20岁的陈佳去年刚刚进入国家队,在新奥运周期为中国跳水队增添活力。她说:“自己可能算是大器晚成,但也不算是‘黑马’,现在得到的都是靠自己努力赚来的。”
稍晚进行的男子单人10米台决赛中,中国选手朱子锋以571.90分的成绩夺冠,中国选手程子龙、澳大利亚选手鲁索分列第二、三位。
“我在之前的训练和比赛中遇到了伤病,一直和教练在沟通,努力克服困难,现在心态更平和了,很高兴在北京把最好的一面发挥出来。”朱子锋在赛后说。
鲁索说:“中国拥有一流的办赛设施,现场观众充满能量。我在去年年底的时候缺乏一些动力,状态不是很好。今天的比赛在水花处理方面也有一些瑕疵,但总体来说还是比较满意的。”
至此,中国队在为期三天的跳水世界杯总决赛中包揽全部9枚金牌。朱子锋、陈芋汐分获2025年世界泳联跳水世界杯最佳男、女运动员。(完)
图说 1:5月4日,冠军中国选手陈佳(中)、亚军中国选手陈艺文(左)和季军澳大利亚选手基尼在颁奖仪式上合影。新华社发(那宇奇摄)
图说2:5月3日,冠军中国选手王宗源(中)、亚军中国选手郑九源(左)和季军德国选手韦泽曼在颁奖仪式上合影。新华社记者 雒圆 摄
图说3:5月2日,获得冠军的中国组合陈芋汐(右)/全红婵在颁奖仪式上。新华社记者 鞠焕宗 摄