International Organizations
အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး အီတလီ၌ ကျင်းပ

မီလန် အီတလီ၊ မေ ၅ ရက် (ဆင်ဟွာ)
၂၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၀+၃) ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို မေ ၄ ရက်တွင် အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပခဲ့ပြီး ကမ္ဘာလုံးနှင့် ဒေသတွင်း မက်ခရိုစီးပွားရေးအခြေအနေ၊ ၁၀+၃ ဒေသတွင်း ဘဏ္ဍာရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အဓိကအားဖြင့် ဆွေးနွေးခဲ့သည့်အပြင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါအစည်းအဝေးကို တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး လန်ဖော်အန်း၊ တရုတ်နိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ ဖန်းကုန်းစိန့်နှင့် မလေးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Amir Hamzah Azizan ၊ မလေးရှားနိုင်ငံ ဗဟိုဘဏ် ဥက္ကဋ္ဌ Abdul Rashid Ghafoor တို့က ပူးတွဲဥက္ကဋ္ဌအနေဖြင့် ကြီးမှူးကျင်းပခဲ့သည်။
အစည်းအဝေးတွင် ၁၀+၃ ဘဏ္ဍာရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ဦးတည်ချက်များကို ဆက်လက် အသစ်လုပ်ဆောင်ခြင်းအား ထောက်ခံအားပေးခဲ့ပြီး အလယ်အလတ်နှင့် ကာလရှည်ဖွဲ့စည်းပုံ ပြဿနာများကို အာရုံစိုက်သော နည်းပညာ အထောက်အကူပြုပစ္စည်းများအား မိတ်ဆက်ပေးရန် သဘောတူညီခဲ့ကာ ချင်းမိုင်အဆိုပြုချက် နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှုပုံစံနှင့် စပ်လျဉ်း၍ ဆွေးနွေးချက် တိုးတက်မှုအခြေအနေကို အသိအမှတ်ပြုခဲ့သည်။ ထို့ပြင် ၁၀+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (AMRO) အဆင်မြင့်အရာရှိများ အဆင်ပြေချောမွေ့စွာ အသစ်လဲလှယ်ခြင်း၊ ၁၀+၃ ဘဏ္ဍာရေးနှင့် ငွေကြေး တတ်သိပညာရှင်ကွန်ရက် အဖွဲ့ဝင်များအား အောင်မြင်စွာတိုးချဲ့ခြင်း၊ ဒေသတွင်းငွေကြေးဖြင့် ငွေချေးစာချုပ်ဈေးကွက် နက်ရှိုင်းစွာဖော်ဆောင်ခြင်းအား ကြိုဆိုခဲ့ပြီး သဘာဝဘေးအန္တရာယ် ဆုံးရှုံးနိုင်ခြေအတွက် ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက် အနာဂတ်လမ်းပြမြေပုံ အယူအဆစာရွက်စာတမ်းအား အတည်ပြုခဲ့သည်။
လန်ဖော်အန်းက လက်ရှိကမ္ဘာ့စီးပွားရေးအခင်းအကျင်းသည် နက်ရှိုင်းစွာ ချိန်ညှိပြောင်းလဲလျက်ရှိရာ ဂလိုဘယ်လိုက်ဇေးရှင်းသည် ရေဆန်နှင့်ကြုံဆုံနေရကြောင်း၊ တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတို့ ဦးမော့လာပြီး မတည်ငြိမ်မှုနှင့် မသေချာမရေရာမှု အကြောင်းအချက်များ သိသိသာသာ တိုးပွားလာကြောင်း၊ ၁၀+၃ ဒေသတွင်းစီးပွားရေးသည် အတန်အသင့်ကောင်းမွန်သော ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်ကို ဖော်ပြနေပြီး အတန်အသင့်ကြီးမားသော တိုးတက်ရန်အလားအလာရှိသော်လည်း ရှုပ်ထွေးခက်ခဲသည့် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ၁၀+၃ ဘက်အသီးသီးနှင့်အတူ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်မှုကို စွဲမြဲစွာ လက်ကိုင်ထားပြီး စည်းလုံးညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ဒေသတွင်း ဘဏ္ဍာရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှုအား အဆက်မပြတ် ထဲထဲဝင်ဝင် ဖော်ဆောင်၍ ဒေသတွင်း၏ တည်ငြိမ်မှုနှင့် သေချာရေရာမှုများဖြင့် ကမ္ဘာကြီး၏ မတည်ငြိမ်မှုနှင့် မသေချာရေရာမှုများအား ရင်ဆိုင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
东盟与中日韩财长和央行行长会议在意大利举行
新华社意大利米兰5月4日电(记者高婧妍 张馨文)第28届东盟与中日韩(10+3)财长和央行行长会议4日在意大利米兰举行,主要讨论全球和区域宏观经济形势、10+3区域财金合作等议题,并发表了联合声明。
中国财政部部长蓝佛安、中国人民银行行长潘功胜与马来西亚财政部第二部长阿米尔·哈姆扎·阿齐赞、马来西亚中央银行行长阿卜杜勒·拉希德·加富尔作为联合主席主持会议。
会议支持更新10+3财金合作战略方向,同意推出聚焦中长期结构性问题的技术援助工具,肯定了清迈倡议多边化融资模式讨论进展,欢迎10+3宏观经济研究办公室(AMRO)高管顺利换届、10+3财金智库网络成功扩员、区域本币债券市场深化发展,批准灾害风险融资倡议未来路线图概念文件。
蓝佛安表示,当前世界经济格局深刻调整,全球化遭遇逆流,单边主义、保护主义抬头,不稳定不确定性因素明显增多。10+3区域经济展现较强韧性、拥有较大增长空间,但也面临复杂严峻的内外部挑战。中方愿同10+3各方一道,坚持开放包容,团结协作,不断深化区域财金合作,以本区域的稳定性和确定性应对世界的不稳定和不确定。(完)