Connect with us

Asia

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူဆောက်လုပ်ပေးသော ကာဇက်စတန် ကတ္တရာစက်ရုံ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်း တရားဝင် စတင် ထုတ်လုပ်

ကာဇက်စတန်နိုင်ငံ အက်ခ်တောင်းမြို့၌ ကက်စပိန်ကတ္တရာစက်ရုံ အဆောက်အဦကို မေ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CITIC Construction Co., Ltd.)

အယ်လ်မာတီ၊ မေ ၆ ရက် (ဆင်ဟွာ)
ကာဇက်စတန် ကတ္တရာစက်ရုံ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်း စတင် ထုတ်လုပ်ခြင်း အခမ်းအနားကို မေ ၅ ရက်က ကာဇက်စတန်နိုင်ငံ အနောက်ပိုင်းမြို့ဖြစ်သော အက်ခ်တောင်း၌ ကျင်းပခဲ့သည်။

ကက်စပိန်ကတ္တရာစက်ရုံကို တရုတ်နိုင်ငံ CITIC Construction Co., Ltd. မှ တာဝန်ယူတည်ဆောက်ကာ ပြုပြင်တည်ဆောက်ပြီးနောက် နှစ်စဉ်ရေနံစိမ်း စီမံနိုင်စွမ်းသည် တနှစ်လျှင် တန်ချိန် ၁ သန်းမှ ၁.၅ သန်းအထိ တိုးမြင့်လာပြီး နှစ်စဉ်ထုတ်လုပ်နိုင်သော ကတ္တရာပမာဏမှာ တန်ချိန် ၅ သိန်းမှ ၇.၅ သိန်းအထိ တိုးတက်လာမည်ဖြစ်သည်။ ဤပြုပြင်တည်ဆောက်မှုက ကာဇက်စတန်နိုင်ငံ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် လိုအပ်သော လမ်းဖောက်လုပ်ရေးတွင် ကတ္တရာလိုအပ်ချက်ကို ထိရောက်စွာ ဖြေလျှော့ပေးနိုင်မည်ဖြစ်ပြီး တရုတ်-ကာဇက်စတန် အတူတည်ဆောက်သော “ရပ်ဝန်းနှင့် ပိုးလမ်းမ” စီမံကိန်း၏ နောက်ထပ်လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုရလဒ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

ပြုပြင်တည်ဆောက်စဉ်ကာလအတွင်း တရုတ်နိုင်ငံ၏ ဆောက်လုပ်မှုအရည်အသွေးနှင့် ထိရောက်မှုနှုန်းမှာ “အံ့အားသင့်ဖွယ်” ရှိပြီး ကျွမ်းကျင်သော ဆောက်လုပ်ရေးအဖွဲ့၏ အရည်အချင်းနှင့် တာဝန်ဝတ္တရား လိုက်နာဆောင်ရွက်မှု စိတ်ဓာတ်ကို အပြည့်အဝ ပြသခဲ့ကြောင်း ကာဇက်စတန် နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ (KazMunayGas) ဥက္ကဋ္ဌ Askhat Khassenov က ပြောကြားခဲ့သည်။

စီမံကိန်းအဖွဲ့အနေဖြင့် ကာဇက်စတန်ဈေးကွက်ကို ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း လေ့လာဆောင်ရွက်သွားမည်ဖြစ်ပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွ တည်ဆောက်ရေးအား ပံ့ပိုးကူညီရန် ဒေသအတွင်း အရေးတကြီး လိုအပ်နေသော အမျိုးသားစီးပွားရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ စီမံကိန်းများ လက်တွေ့ဖော်ဆောင်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း CITIC Construction ၏ အဆိုပါစီမံကိန်း မန်နေဂျာဖြစ်သူ လျိုဟုန်လျန့်က ပြောကြားခဲ့သည်။

ကက်စပိန်ကတ္တရာစက်ရုံသည် ကာဇက်စတန်နိုင်ငံ လွတ်လပ်ရေးရပြီးနောက် တည်ဆောက်သော ပထမဆုံး အကြီးစား ရေနံဓာတု စီမံကိန်းဖြစ်သလို ဗဟိုအာရှဒေသ၏ စံနှုန်းမြင့် လမ်းခင်း ကတ္တရာ သီးသန့်ထုတ်လုပ်သည့် တစ်ခုတည်းသော စက်ရုံလည်းဖြစ်သည်။ အဆိုပါစက်ရုံသည် ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး စတင်ထုတ်လုပ်ခဲ့သည်။ စက်ရုံကို တရုတ်နိုင်ငံ CITIC Group နှင့် ကာဇက်စတန် နိုင်ငံပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ (KazMunayGas) တို့ကို အတူ ရင်းနှီးမြှုပ်နှံ၍ CITIC က တာဝန်ယူတည်ဆောက်သည်။ ကာဇက်စတန်နိုင်ငံ၏ လမ်းမတည်ဆောက်မှု လိုအပ်ချက် ကျယ်ပြန့်လာသည်နှင့်အမျှ ကက်စပိန်ကတ္တရာစက်ရုံ တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်းကို လွန်ခဲ့သည့်နှစ် မေလတွင် တရားဝင် စတင်လုပ်ဆောင်ခဲ့ရာ CITIC သည် မူလ စက်ရုံနေရာအား အခြေခံ၍ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်မှုကို ဖော်ဆောင်ခဲ့သည်။ (Xinhua)

ကာဇက်စတန်နိုင်ငံ အက်ခ်တောင်းမြို့၌ ကျင်းပသော ကက်စပိန်ကတ္တရာစက်ရုံ ထုတ်လုပ်ရေးစွမ်းရည်တိုးချဲ့ပြုပြင်တည်ဆောက်မှုစီမံကိန်း စတင်ထုတ်လုပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသော ဧည့်သည်တော်များအား မေ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- CITIC Construction Co., Ltd.)

……………………..
(Chinese Version)
中企承建哈萨克斯坦沥青厂扩能改造项目正式投产
新华社阿拉木图5月5日电(记者苟洪景)哈萨克斯坦里海沥青厂扩能升级改造项目投产仪式5日在哈西部城市阿克套举行。
里海沥青厂由中国中信建设有限责任公司承建,改造后原油年处理能力从每年100万吨提升至150万吨,沥青年产量由50万吨增至75万吨,将有效缓解哈萨克斯坦基础设施建设所需的道路沥青缺口,成为中哈共建“一带一路”的又一务实合作成果。
哈萨克斯坦国家石油天然气公司总裁哈谢诺夫说,在改造过程中,中方的施工质量与效率“令人赞叹”,充分展现了专业施工组织能力和履约精神。
中信建设该项目经理刘宏亮说,项目团队将继续深耕哈市场,推进当地亟需的国计民生项目落地,为共建“一带一路”作出贡献。
里海沥青厂是哈萨克斯坦独立后建设的第一个大型石化项目,也是中亚地区唯一专门生产高标准道路沥青的炼厂,2013年建成投产。工厂由中国中信集团和哈萨克斯坦国家石油天然气公司共同投资,中信建设承建。随着哈萨克斯坦公路建设需求扩张,里海沥青厂改扩建工程于去年5月正式启动,中信建设在原厂址基础上实施扩能升级改造。(完)
图说1:这是5月5日在哈萨克斯坦阿克套拍摄的里海沥青厂设施。新华社发(中信建设有限责任公司供图)
图说2:5月5日,嘉宾出席在哈萨克斯坦阿克套举行的里海沥青厂扩能升级改造项目投产仪式。新华社发(中信建设有限责任公司供图)