Connect with us

China

တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့က အပြန်အလှန်ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆို

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား မေ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ မေ ၇ ရက် (ဆင်ဟွာ)
နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့သည် အပြန်အလှန်ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုများအား ဖြေကြားရာတွင် မိတ်ဆက်ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်များတွင် တရုတ်-ဥရောပ ဥပဒေပြုအဖွဲ့အစည်းများအကြား ကူးလူးဖလှယ်ရေးသည် လူအများသိပြီးသားဖြစ်သော အကြောင်းရင်းများကြောင့် အခက်အခဲတစ်ချို့နှင့် ကြုံတွေ့ခဲ့ရကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်-ဥရောပ ဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးသည် လွန်စွာအရေးပါသည်ဟု နှစ်ဖက်စလုံးက ယူဆကြကြောင်း၊ သို့ဖြစ်၍ နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ တရုတ်နိုင်ငံနှင့် ဥရောပပါလီမန်တို့သည် အပြန်အလှန်ကူးလူးဖလှယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို တစ်ပြိုင်နက်တည်း ဘက်စုံရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း လျင်က ပြောကြားခဲ့သည်။

“တရုတ်-ဥရောပ ဥပဒေပြုအဖွဲ့အစည်းတွေအကြား ကူးလူးဖလှယ်ရေး ဘက်စုံ ပြန်လည်ကောင်းမွန်လာခြင်းနဲ့အတူ နှစ်ဖက် ကူးလူးဖလှယ်မှုနဲ့ အပြန်အလှန်နားလည်မှု ပိုမိုနက်ရှိုင်းလာမယ်၊ ဒါတွေက တရုတ်-ဥရောပ ဆက်ဆံရေး စဉ်ဆက်မပြတ် ကောင်းမွန်ရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း စွမ်းအားအသစ်တွေ ဖြည့်တင်းသွားမှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပြီး မျှော်လင့်ပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
………………………………
(Chinese Version)
外交部:中方和欧洲议会决定同步全面取消对相互交往的限制
新华社北京5月6日电(记者刘杨、许可)外交部发言人林剑6日在例行记者会上应询介绍,经双方商定,中方和欧洲议会决定同步全面取消对相互交往的限制。
林剑说,过去几年,中欧立法机构交往因为众所周知的原因,出现了一些波折。当前形势下,双方都认为,中欧加强对话合作十分重要。经双方商定,中方和欧洲议会决定同步全面取消对相互交往的限制。
“我们相信并期待,随着中欧全面恢复立法机构交往,双方交流和理解将更加深入,这将为中欧关系持续健康稳定发展注入新动力。”林剑说。(完)