Connect with us

Africa & Middle East

လွင်တီးခေါင်ပြင်က ”ဘဝ၏ စိမ့်စမ်းရေ” အား တူးဖော်ခြင်း – သဲကန္တာရထဲက တရုတ်ရေတွင်းတူးအဖွဲ့

အီဂျစ်နိုင်ငံ နယူးဗယ်လီပြည်နယ်တွင် အီဂျစ် ZPEC ကုမ္ပဏီ၏ Owainat ရေတွင်းစီမံကိန်း လုပ်ငန်းခွင်ကို မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၇ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံမြို့တော် ကိုင်ရိုမှ ကီလိုမီတာ ၁,၃၀၀ ကွာဝေးသော တောင်ပိုင်း လွင်တီးခေါင်ပြင်ဒေသတွင် နွေးထွေးသောနေရောင်ခြည်ဖြာလျက်ရှိသလို အဆုံးအစမရှိသော သဲပင်လယ်တွင် ရွှေရောင်ဂျုံစပါးခင်းများ ယိမ်းနွဲ့လို့နေပေသည်။ စပါးရိတ်စက်များ၏ ဆူညံသံများနှင့်အတူ ယခုနှစ်ပထမဆုံး အထွက်ကောင်းသည့်ဂျုံများကို ဝမ်းမြောက်ဖွယ် ရိတ်သိမ်းနိုင်ခဲ့သည်။

”အရင်တုန်းက ဒီတစ်ခွင်လုံးက သဲကန္တာရကြီးပဲ၊ အခုတော့ ရေတွင်းတူးအဖွဲ့တွေက ဒီနေရာကို လယ်ယာမြေများအဖြစ် ပြောင်းလဲပေးလိုက်တယ်” ဟု အီဂျစ်နိုင်ငံရှိ China’s Zhongman Petroleum and Natural Gas Group Corp., Ltd. (ZPEC) ၏ Owainat ရေတွင်းစီမံကိန်းတွင် အလုပ်လုပ်ကိုင်နေသော Mohamed Gabar က ဂုဏ်ယူစွာပြောကြားခဲ့သည်။

မကြာသေးမီရက်က သတင်းထောက်သည် အီဂျစ်နိုင်ငံ တောင်ပိုင်းမြို့ဖြစ်သော Aswan မှ ထွက်ခွာကာ သဲကန္တာရလမ်းမကြီးမှ ၈ နာရီကြာ မောင်းနှင်ပြီး Owainat ရေတွင်းစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိခဲ့သည်။ သဲမှုန်များ လွင့်ဝဲ့နေသော အဝါရောင်သဲသောင်ပြင်တွင် အလုပ်သမားများသည် လုပ်ငန်းခွင် လုံခြုံရေးဦးထုပ်များဆောင်းကာ အလုပ်ယူနီဖောင်းများဝတ်ဆင်ပြီး မိမိတို့တာဝန်များကို စနစ်တကျ လုပ်ကိုင်နေကြသည်။ ကြီးမားမြင့်မားသော ခိုင်ခံ့စွာ ထောင်ထားသည့် ရေတွင်းတူးစက်ပလက်ဖောင်း ၆ ခုသည် စက်ယန္တရားအသံများ ဆူညံလျက် သဲကန္တာရအတွင်းပိုင်း နက်ရှိုင်းသော နေရာအထိ ရေအရင်းအမြစ်များကို တူးဖော်ရှာဖွေကြသည်။

စီမံကိန်းမှာ လက်ရှိတွင် ရေတွင်းတူးအဖွဲ့ ၆ ဖွဲ့ရှိပြီး တရုတ်- အီဂျစ် အလုပ်သမား ၁၃၀ ကျော်က အလှည့်ကျ တာဝန်ထမ်းဆောင်ကာ ရေတွင်းတူးစက်သည် ၂၄ နာရီ လည်ပတ်လျက်ရှိကြောင်း၊ စက်ကိရိယာနှင့် နည်းပညာအားသာချက်များကြောင့် ဤအဖွဲ့များသည် အီဂျစ်လုပ်ငန်းရှင်များ အားကိုးအားထားပြုသော တူးဖော်ရေးအင်အား ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစ၍ အလုပ်လုပ်ကိုင်သောအဖွဲ့သည် အပူချိန်မြင့်မားခြင်း၊ သဲလေထန်ခြင်း၊ မြေဆီလွှာရှုပ်ထွေးခြင်းနှင့် စက်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးစသည့် အခက်အခဲများကို ကျော်ဖြတ်ခဲ့ပြီး တစ်နှစ်အတွင်း အနက် မီတာ ၄၅၀ ခန့်ရှိသော ရေတွင်း ၆၃ တွင်းကို တူးဖော်ပြီးစီးခဲ့ကြောင်း စီမံကိန်းမန်နေဂျာ ကျောက်ပေါင်ကျန်းက စီမံကိန်းစခန်းတွင် သတင်းထောက်ထံ မိတ်ဆက်ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံ၏ ၉၆ ရာခိုင်နှုန်းခန့်သည် သဲကန္တာရဖြစ်သော်လည်း လူဦးရေ သန်းရာချီကျော် နေထိုင်ကြသည်။ စားနပ်ရိက္ခာတင်သွင်းမှု ဖိအားကို ဖြေလျှော့ရန်အတွက် အီဂျစ်အစိုးရသည် ၂၀၁၅ ခုနှစ်မှစ၍ သဲကန္တာရများကို စိုက်ပျိုးမြေအဖြစ် ပြောင်းလဲရန်နှင့် စိုက်ပျိုးမြေအသစ်များ တိုးချဲ့ရန် အားထုတ်မှုများကို အဆက်မပြတ် တိုးမြှင့်လျက်ရှိသည်။ ZPEC Group သည် ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် အီဂျစ် ZPEC ကုမ္ပဏီ စတင် ထူထောင်ခဲ့ပြီး ဒေသတွင်း ရေတွင်းဈေးကွက်ကို နက်နက်ရှိုင်းရှိုင်း လေ့လာဆောင်ရွက်ခဲ့သည်။ ဆိုင်းနိုင်းကျွန်းဆွယ်မှ Minya ပြည်နယ် ဆဟာရသဲကန္တာရ နက်ရှိုင်းသော နေရာအထိ၊ Matrouh ပြည်နယ်ရှိ စိဝအိုအေဆစ်မှ Aswan မြို့ Kom Umbu သဲကန္တာရအထိ…၈ နှစ်ကျော် ကာလအတွင်း တရုတ်- အီဂျစ် အလုပ်သမားများဖြင့် ဖွဲ့စည်းထားသော ဤရေတွင်းတူးဖော်သည့် ဆောက်လုပ်ရေးအဖွဲ့သည် အခက်အခဲမျိုးစုံကို ကျော်လွှားကာ အီဂျစ်တွင် သဲကန္တာရ ရေတွင်းပေါင်း ၆၈၀ ကျော် တူးဖော်ရှာဖွေရန် ကူညီခဲ့သည်။ ရေတွင်းရေ၏ အထောက်အကူပြုမှုအောက်တွင် လွင်တီးခေါင်ပြင် သဲကန္တာရသည် ကောင်းမွန်သော လယ်ခင်းများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။

ရွှေရောင်သန်းနေသော သဲကန္တာရနေဝင်ဆည်းဆာအချိန်တွင် မြင့်မားသော ရေတွင်းတူးစက်ကြီးများသည် “ဘဝ၏ စိမ့်စမ်းရေ” ကို တူးဖော်ရှာဖွေရန် မြည်ဟိန်းသံများနှင့်အတူ အဆက်မပြတ် လည်ပတ်လျက်ရှိသည်။ (Xinhua)

အီဂျစ်နိုင်ငံ နယူးဗယ်လီပြည်နယ်၊ Owainat ရေတွင်းစီမံကိန်း လုပ်ငန်းခွင်တွင် ရေတွင်းတူးစက်ပစ္စည်းအား တူးဖော်မည့်နေရာအသစ်ဆီသို့ ရွှေ့ပြောင်းနေသော အလုပ်သမားများကို မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ နယူးဗယ်လီပြည်နယ်ရှိ Owainat ရေတွင်းစီမံကိန်း လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသော အီဂျစ် ZPEC ကုမ္ပဏီမှ အလုပ်သမားများအား မေ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………
(Chinese Version)
荒漠中钻出“生命之泉”——沙漠里的中国打井队
新华社照片,开罗,2025年5月5日
距离埃及首都开罗1300多公里的南部荒漠暖阳高照,无垠的沙海中涌动着金色的麦浪。伴随着收割机的轰鸣,今年第一茬小麦喜获丰收。
“以前这是一片沙漠,如今钻井队让它变成了农田。”中曼埃及公司奥瓦伊纳特水井项目的工人穆罕默德·贾巴尔自豪地说。
近日,记者从埃及南部城市阿斯旺出发,沿沙漠公路行驶8小时,抵达奥瓦伊纳特水井项目现场。漫天黄沙中,工人头戴安全帽,身穿作业服,各司其职,有序忙碌。6座高大的钻机平台矗立轰鸣,向大漠深处钻探水源。
在项目营地,项目经理赵宝江向记者介绍,项目现有6支打井队,130多名中埃员工轮班作业,钻机24小时运转。凭借装备和技术优势,这些队伍成为埃及业主倚重的钻井力量。自2024年10月以来,作业队克服高温、风沙、地层复杂、设备运输等困难,不到一年时间已完钻63口深约450米的水井。
埃及约96%的国土为沙漠,却承载着过亿人口。为缓解粮食进口压力,埃及政府2015年以来不断加大开垦沙漠、新增耕地的力度。中曼集团于2016年10月成立中曼埃及公司,深耕当地水井市场。从西奈半岛到明亚省撒哈拉沙漠深处,从马特鲁省的锡瓦绿洲到阿斯旺考姆翁布沙漠……8年多来,这支由中埃员工组成的水井施工队克服各种困难,帮助埃及累计钻探沙漠水井680余口。在井水滋润下,荒芜的沙漠逐步变为良田。
沙漠夕阳下,金色余晖中,高耸的钻机还在为钻探“生命之泉”而轰鸣不息。
图说1:这是5月3日在埃及新河谷省拍摄的中曼埃及公司奥瓦伊纳特水井项目现场。新华社记者 隋先凯 摄
图说2:5月3日,在埃及新河谷省的奥瓦伊纳特水井项目现场,工人将钻机设备转移到新的打井点。新华社记者 隋先凯 摄
图说3:5月3日,中曼埃及公司工人在埃及新河谷省的奥瓦伊纳特水井项目现场作业。新华社记者 隋先凯 摄