Europe
နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန်အတွက် လွန်စွာ အရေးကြီးဟု မလေးရှားနိုင်ငံ အစိုးရအရာရှိ ဆို

မီလန်၊ အီတလီ၊ မေ ၇ ရက် (ဆင်ဟွာ)
နိုင်ငံတကာအသိုက်အဝန်းက နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးမူဝါဒနှင့် စည်းမျဉ်းကိုအခြေခံသည့် နိုင်ငံစုံ ကုန်သွယ်ရေးယန္တရားအား ကာကွယ်ထိန်းသိမ်းရန် မျှော်လင့်ကြောင်း၊ ယင်းသည် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန်အတွက် လွန်စွာအရေးကြီးကြောင်း မလေးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Amir Hamzah Azizan သည် ၂၈ ကြိမ်မြောက် အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား (၁၀+၃) ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကာလအတွင်း ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံများ၏ လူဦးရေသည် သန်း ၇၀၀ နီးပါးရှိကြောင်း၊ ၂၀၂၄ ခုနှစ် စုစုပေါင်း ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၃.၈ ထရီလီယံနီးပါးရှိကြောင်း၊ ဒေသတွင်းစီးပွားရေးတက်ကြွမှုအင်အားကြောင့် အာဆီယံနိုင်ငံများက ပြင်ပမတည်ငြိမ်မှုများကို ရင်ဆိုင်ရသည့် အခြေအနေတွင် အာရှတိုက်ဒေသ ကုန်သွယ်ရေးအား စဉ်ဆက်မပြတ် တွန်းအားပေးနိုင်ခြင်းဖြစ်ကြောင်း Amir Hamzah Azizan က ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
အာဆီယံသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးမူဝါဒကို ကာကွယ်ထိန်းသိမ်းရန် အားထားဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ အပါအဝင် ပိုမိုများပြားသည့်နိုင်ငံများပါဝင်လာရန် ဆွဲဆောင်ခြင်းဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်တိုးချဲ့ကာ အဖွဲ့ဝင်နိုင်ငံအားလုံးကို အကျိုးဖြစ်ထွန်းစေသည့် နိုင်ငံစုံ ကုန်သွယ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးအား တက်ကြွစွာ တွန်းအားပေးလျက်ရှိကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
တရုတ်ဈေးကွက်၏ အရေးပါမှုနှင့်စပ်လျဉ်း၍ Amir Hamzah Azizan က တရုတ်နိုင်ငံစီးပွားရေး အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ ပြည်တွင်းဈေးကွက်တိုးချဲ့လာကြောင်း၊ အာဆီယံအနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့မှုကို တစ်ဆင့်တိုး တိုးချဲ့ကာ နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ဖော်ဆောင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များကို အတူမျှဝေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
အာဆီယံနှင့် တရုတ်နိုင်ငံသည် ၅ နှစ်ဆက်တိုက် အပြန်အလှန်အားဖြင့် အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။ ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံက အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။
ယခုအကြိမ် (၁၀+၃) ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို မေ ၄ ရက်က အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပခဲ့ပြီး ကမ္ဘာလုံးနှင့် ဒေသတွင်း မက်ခရိုစီးပွားရေးအခြေအနေ၊ ၁၀+၃ ဒေသတွင်း ဘဏ္ဍာရေးနှင့် ငွေကြေး ပူးပေါင်းဆောင်ရွက်မှု စသည့် အကြောင်းအရာများကို အဓိကအားဖြင့် ဆွေးနွေးခဲ့သည်။ (Xinhua)
——————-
(Chinese Version)
马来西亚官员:多边主义对实现长期发展至关重要
新华社意大利米兰5月6日电(记者高婧妍 张馨文)马来西亚财政部第二部长阿米尔·哈姆扎·阿齐赞在第28届东盟与中日韩(10+3)财长和央行行长会议期间表示,希望国际社会维护多边主义和以规则为基础的多边贸易体制,这对实现长期发展至关重要。
阿米尔·哈姆扎接受新华社记者专访时说,东盟人口近7亿,2024年国内生产总值总量达3.8万亿美元,区域经济活力使东盟能够在面临外部不确定性的情况下持续推动亚洲地区贸易。他强调,东盟致力于维护多边主义,正在通过吸引包括中国在内的更多国家参与,不断扩大区域合作,积极推动重建惠及所有成员的多边贸易体制。
在谈到中国市场的重要性时,阿米尔·哈姆扎表示,随着中国经济不断增长、国内市场持续扩大,东盟期待进一步扩大对华出口,并通过深化跨境合作共享发展成果。
数据显示,东盟与中国已连续五年互为最大贸易伙伴。2025年,马来西亚担任东盟轮值主席国。
本届10+3财长和央行行长会议4日在米兰举行,主要讨论全球和区域宏观经济形势、10+3区域财金合作等议题。(完)
图说:5月4日,在意大利米兰,与会嘉宾在会前合影。新华社记者 李京 摄