China
တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေး အဆင့်မြင့်အလွှာ တွေ့ဆုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ သတင်းထောက်၏ မေးမြန်းမှုကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းသည် တရုတ်-အမေရိကန် စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ တရုတ်နိုင်ငံဘက်မှဦးဆောင်သူအနေဖြင့် ဆွစ်ဇာလန်နိုင်ငံသို့ ခရီးစဉ် သွားရောက်သည့်ကာလအတွင်း အမေရိကန်ဘက်မှ ဦးဆောင်သူ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်စ်စန့်နှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
အမေရိကန်ဘက်က တရုတ်နှင့် စေ့စပ်ညှိနှိုင်းရန် မျှော်လင့်ကြောင်း လတ်တလောတွင် အဆက်မပြတ် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှု ကျင်းပရန် အမေရိကန်ဘက်မှ တောင်းဆိုခြင်းဖြစ်ကြောင်း၊ အမေရိကန်၏ စည်းကြပ်ခွန် အလွဲသုံးခြင်းကို တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်သည့် ဤရပ်တည်ချက်မှာ မည်သည့်ပြောင်းလဲမှုမျှ မရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မေ ၇ ရက်၌ ပြောကြားခဲ့သည်။
“တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့လည်း အကြိမ်ကြိမ်အခါခါပြောဖူးပါတယ်၊ တရုတ်နိုင်ငံဘက်က ဆွေးနွေးမှုတွေအပေါ် ပွင့်လင်းတဲ့ သဘောထားရှိတယ်၊ ဒါပေမဲ့ ဘယ်လိုဆွေးနွေးမှုမျိုးမဆို တန်းတူညီမျှမှု၊ လေးစားမှုနှင့် အပြန်အလှန်အကျိုးမှုတွေအပေါ် အခြေခံရမှာဖြစ်တယ်။ ဘယ်လိုဖိနှိပ်ခြိမ်းခြောက်မှုပုံစံမျိုးမဆို တရုတ်အပေါ် အလုပ်ဖြစ်မှာမဟုတ်ဘူး။ တရုတ်အနေနဲ့ မိမိရဲ့ တရားဝင်အကျိုးစီးပွားနဲ့ နိုင်ငံတကာ တရားမျှတမှုကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းသွားမှာဖြစ်တယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ပမာဏကြီးမားသော စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကြောင့် ဖြစ်ပေါ်လာသော “ဖိအား” ကို ခံနိုင်ရည်မရှိဟု အမေရိကန်၏ လတ်တလော ပုံကြီးချဲ့ပြောဆိုမှုကို တုံ့ပြန်သော အားဖြင့် လျင်ကျန့်က မည်သည့်ပြင်ပရိုက်ခတ်မှုကမျှ တရုတ်နိုင်ငံ စီးပွားရေး၏ အုတ်မြစ်ခိုင်ခံ့မှု၊ ခံနိုင်ရည်စွမ်းအားကောင်းမှု၊ အလားအလာကြီးမားမှုရှိသော အခြေခံအနေအထားကို ပြောင်းလဲနိုင်မည်မဟုတ်သလို တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အခိုင်အမာလက်တွေ့ မြှင့်တင်လျက်ရှိသော တည်ငြိမ်ခိုင်မြဲသည့် အရှိန်အဟုန်ကိုလည်း ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ပင်ကိုတရားဝင် အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်ဖို့ ကျွန်တော်တို့မှာ အားကောင်းလှတဲ့ ဖိအား ခံနိုင်ရည်နဲ့ လုံလောက်တဲ့ အစီအမံနည်းလမ်းတွေရှိတယ်၊ ညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဖို့၊ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် ဗိုလ်ကျအနိုင်ကျင့်မှု လုပ်ရပ်တွေကို အတူ ခုခံတားဆီးဖို့၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းကာကွယ်ဖို့၊ နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ လုပ်ဆောင်သွားလိုပါတယ်” ဟု လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
外交部发言人就中美经贸高层会谈答记者问
新华社北京5月7日电(记者马卓言、刘杨)国务院副总理何立峰作为中美经贸中方牵头人,将在访问瑞士期间,与美方牵头人美国财长贝森特举行会谈。外交部发言人林剑7日在例行记者会上答问时说,美方近期不断表示希望同中方进行谈判。这次会谈是应美方请求举行的。中方坚决反对美国滥施关税,这一立场没有任何变化。
“同时,我们也多次说过,中方对对话持开放态度,但任何对话都必须建立在平等、尊重、互惠的基础上。任何形式的施压胁迫对中国都是行不通的。中方将坚定维护自身的正当利益,维护国际的公平正义。”林剑表示。
针对近日美方不断渲染中方难以承受加征高额关税带来的“压力”,林剑在答问时表示,任何外部冲击都改变不了中国经济基础稳、优势多、韧性强、潜力大的基本面,也改变不了中国高质量发展扎实推进的稳固态势。
“我们有强大抗压能力和充足措施手段维护自身正当权益,也愿同国际社会加强团结协调,共同抵制单边主义、保护主义和经济霸凌行径,维护多边贸易体制,捍卫国际公平正义。”林剑说。(完)