China
၂၇ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ စက်မှုကုန်စည်ပြပွဲ ဖွင့်လှစ်

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
၂၇ ကြိမ်မြောက် ပေကျင်း နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ စက်မှုကုန်စည်ပြပွဲ (ပေကျင်း သိပ္ပံနှင့် နည်းပညာ ကုန်စည်ပြပွဲ) ကို “သိပ္ပံနှင့် နည်းပညာ ဦးဆောင်မှုဖြင့် အနာဂတ်ကို ဖန်တီးမည်” ဟူသော ခေါင်းစဉ်ဖြင့် အမျိုးသား ကွန်ဗင်းရှင်းစင်တာ၌ မေ ၈ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။
ယခုအကြိမ် ပေကျင်း သိပ္ပံနှင့် နည်းပညာ ကုန်စည်ပြပွဲတွင် သတင်းအချက်အလက် နည်းပညာ၊ ဉာဏ်ရည်တု ထုတ်လုပ်မှု၊ ဆေးဘက်ဆိုင်ရာ ကျန်းမာရေး၊ အစိမ်းရောင်ကဏ္ဍ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး နှင့် ကာဗွန်ထုတ်လုပ်မှုမျှခြေအဆင့်ရောက်ရှိရေး၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့် ဒေသဆိုင်ရာ ဆန်းသစ်တီထွင်မှုစသည့် အထူးပြခန်း ၆ ခုကို စီစဉ်ထားပြီး ပြပွဲစုစုပေါင်း ဧရိယာမှာ ၅၀,၀၀၀ စတုရန်းမီတာခန့်ရှိကာ တရုတ်နှင့် နိုင်ငံခြား ကုမ္ပဏီလုပ်ငန်းများနှင့် အဖွဲ့အစည်းပေါင်း ၈၀၀ ကျော် ပါဝင်ပြသရန်ကို ဆွဲဆောင်နိုင်ခဲ့သည်။ (Xinhua)

၂၇ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ စက်မှုကုန်စည်ပြပွဲတွင် ဒစ်ဂျစ်တယ် တရုတ်ရိုးရာဆေးကုထုံး စက်ရုပ်ကို လေ့လာနေသော ပရိသတ်များအား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၇ ကြိမ်မြောက် တရုတ်နိုင်ငံ ပေကျင်း နိုင်ငံတကာ သိပ္ပံနှင့် နည်းပညာ စက်မှုကုန်စည်ပြပွဲရှိ တာ့ရှင်းပြခန်းတွင် ဘောလုံးကန်ပြနေသော စက်ရုပ်များအား မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………
(Chinese Version)
新华全媒+丨第二十七届中国北京国际科技产业博览会开幕
新华社照片,北京,2025年5月8日
5月8日至11日,以“科技引领 创享未来”为主题的第二十七届中国北京国际科技产业博览会(简称北京科博会)在国家会议中心举办。据了解,本届北京科博会设有信息科技、智能制造、医药健康、绿色双碳、数字经济和区域创新6个专题展区,展览总面积约5万平方米,吸引800余家中外企业和机构参展。
图说1:5月8日,观众在第二十七届中国北京国际科技产业博览会参观。 新华社记者 张晨霖 摄
图说2:5月8日,观众在第二十七届中国北京国际科技产业博览会上了解数字中医循经调理机器人。新华社记者 李欣 摄
图说3:5月8日,机器人在第二十七届中国北京国际科技产业博览会大兴展台展示踢足球。新华社记者 任超 摄