North America
အမေရိကန်-ဗြိတိန် အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိ၊ သို့သော် အသေးစိတ် အတည်မပြုရသေး

ဝါရှင်တန်/လန်ဒန်၊ မေ ၉ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် ဗြိတိန် အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှု အသစ်တစ်ရပ် ရရှိထားပြီး အထူးသတ်မှတ်ထားသော ကဏ္ဍ၏ စည်းကြပ်ခွန် တစ်စိတ်တစ်ပိုင်းကို ရုပ်သိမ်းခဲ့ကာ နှစ်ဖက် ထုတ်ကုန်ပစ္စည်းများ၏ ဈေးကွက်ဝင်ရောက်မှုကို တစ်ဆင့်တိုး တိုးချဲ့ခဲ့ကြောင်း၊ သို့သော် များစွာသော အသေးစိတ်အကြောင်းအရာများမှာ အတည်ပြုရန် ကျန်ရှိနေသေးကြောင်း၊ အမေရိကန်ဘက်က ယင်းမတိုင်မီ တိုးမြှင့်ကောက်ခံသော ၁၀ ရာခိုင်နှုန်း ဟူသည့် “အလားတူ စည်းကြပ်ခွန်” ကိုလည်း မပယ်ဖျက်ရသေးကြောင်း အမေရိကန် သမ္မတ ထရမ့်က မေ ၈ ရက်တွင် အိမ်ဖြူတော်၌ ကြေညာခဲ့သည်။
သဘောတူညီချက်၏ နောက်ဆုံး အသေးစိတ်အကြောင်းအရာများကို လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အတည်ပြုသွားမည်ဖြစ်ကြောင်း ထရမ့်က အိမ်ဖြူတော်တွင် မီဒီယာများအား ပြောကြားခဲ့သည်။ ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမာက အဆိုပါနေ့တွင် အဝေးမှ တယ်လီဖုန်းဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
နှစ်စဉ် ဗြိတိန်မှ အမေရိကန်သို့ တင်သွင်းသော ပထမ မော်တော်ယာဉ်အစီးရေ ၁၀၀,၀၀၀ ကို အပိုစည်းကြပ်ခွန်နှုန်းထား ၁၀ ရာခိုင်နှုန်းဖြင့် ကောက်ခံမည်ဖြစ်ပြီး ထိုပမာဏထက်ကျော်လွန်ပါက အပိုစည်းကြပ်ခွန်နှုန်းထား ၂၅ ရာခိုင်းနှုန်းဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ ဗြိတိန်ကမူ စည်းကြပ်ခွန်မဟုတ်သော အတားအဆီးများကို လျှော့ချ သို့မဟုတ် ပယ်ဖျက် ပေးမည်ဖြစ်ပြီး အမေရိကန်၏ အမဲသား၊ အီသနော၊ ကောက်နှံစသည့် ထုတ်ကုန်များနှင့် စက်မှုထုတ်ကုန်အချို့အား ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့မည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်သော စာရွက်စာတမ်းများအရ သိရသည်။
ဗြိတိန်-အမေရိကန် အနေဖြင့် စည်းကြပ်ခွန်ကို အပြန်အလှန် လျှော့ချမည်ဖြစ်ကြောင်း၊ ဗြိတိန်မှ အမေရိကန်သို့ တင်ပို့သော သံမဏိနှင့် အလူမီနီယံ ထုတ်ကုန်များ၏ စည်းကြပ်ခွန်ကို ရုပ်သိမ်းမည်ဖြစ်ကြောင်း၊ ဗြိတိန်မှ အမေရိကန်သို့ တင်ပို့သော မော်တော်ကား စည်းကြပ်ခွန်မှာ လက်ရှိ ၂၇.၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့နည်းသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် သတ်မှတ်ထားသော ခွဲတမ်းပမာဏအတွင်း အမေရိကန်သို့ တင်ပို့သော ဗြိတိန် စိုက်ပျိုးရေးထုတ်ကုန်ကိုလည်း စည်းကြပ်ခွန်ကင်းလွတ်ခွင့် ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ဗြိတိန်သို့ တင်သွင်းသော အမေရိကန်၏ အီသနော စည်းကြပ်ခွန်ကိုလည်း သုညအထိ လျှော့ချပေးမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက အဆိုပါနေ့တွင် တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် အမေရိကန်၏ ယင်းမတိုင်မီချမှတ်ထားသော ကုန်သွယ်ရေးမိတ်ဖက်များထံ တိုးမြှင့်ကောက်ခံသော ၁၀ ရာခိုင်နှုန်းဟူသည့် “အလားတူ စည်းကြပ်ခွန်” ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်ဘက်က အလေးထား ပြောကြားခဲ့သည်။
ဗြိတိန်၏ ၁၀ ရာခိုင်နှုန်း စည်းကြပ်ခွန်က အခြားသော နိုင်ငံများအတွက် နမူနာပုံစံမဟုတ်ကြောင်း၊ ယင်းမှာအနိမ့်ဆုံး စည်းကြပ်ခွန် ဖြစ်နိုင်ပြီး အခြားသော နိုင်ငံများသည် ဤစည်းကြပ်ခွန်နှုန်းထားထက် ပို၍ မြင့်မားနိုင်ကြောင်း ထရမ့်က မီဒီယာများအား ပြောကြားခဲ့သည်။
အမေရိကန်-ဗြိတိန် အကြား ရရှိခဲ့သော ဤသဘောတူညီချက်သည် မူဘောင်သဘောတူညီချက်တစ်ခုနှင့် ပိုတူကြောင်း၊ ပြီးပြည့်စုံသော ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် မဟုတ်ကြောင်း၊ နှစ်ဖက်အနေဖြင့် အထူးသတ်မှတ်ထားသော ကုန်ပစ္စည်းတချို့၏ စည်းကြပ်ခွန်ကို ရုပ်သိမ်းရန် သဘောတူခဲ့ပြီး အခြားသော ကဏ္ဍများတွင် ယေဘုယျသဘောတူညီချက် ရရှိခဲ့သော်လည်း နှစ်နိုင်ငံ အစိုးရ အရာရှိများအနေဖြင့် နောင်လာမည့် လအနည်းငယ်အတွင်း ထပ်မံတွေ့ဆုံဆွေးနွေးကာ တိကျသော သတ်မှတ်ချက်များကို အတည်ပြုရန် လိုအပ်သေးကြောင်း “The New York Times” သတင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
美英达成贸易协议 但细节尚待敲定
新华社华盛顿/伦敦5月8日电(记者熊茂伶 张亚东)美国总统特朗普8日在白宫宣布,美国与英国达成一项新的贸易协议,部分撤回特定领域的关税,进一步扩大双方产品的市场准入。然而,协议的诸多细节尚待敲定,美方此前加征的10%所谓“对等关税”也未取消。
特朗普在白宫对媒体说,协议最终细节将在接下来几周内敲定。英国首相斯塔默当天通过电话远程进行了发言。
根据白宫发布的文件,每年从英国出口到美国的前10万辆汽车将按照10%的额外关税税率征税,超过部分则按25%的额外关税税率征税。英国将削减或者取消非关税壁垒,对美国牛肉、乙醇、谷物等产品及一些工业产品扩大市场准入。
英国政府当天在官网发表声明说,英美将互相削减关税。英国出口至美国的钢铝产品的关税将被取消。英国进口到美国的汽车关税将由现在的27.5%下调至10%。此外,在一定配额内,英国的农产品出口美国也将实行零关税。英国将把自美国进口的乙醇的关税降至零。
此外,白宫方面强调,美国此前对贸易伙伴加征的10%所谓“对等关税”将继续保留。特朗普对媒体说,英国10%的关税并不是其他国家的模板,这可能是最低关税,其他国家可能高于这个关税税率。
《纽约时报》报道说,美英达成的这项协议看起来更像是一个框架协议,而非完整的贸易协议。双方同意取消部分特定商品的关税,并在其他领域达成总体性共识,但两国政府官员仍需在未来几个月内会面,敲定具体的条款。(完)
图说:5月8日,美国总统特朗普在华盛顿白宫出席活动。新华社记者 胡友松 摄