မြန်မာ-中文
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးက ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးကို ထောက်ခံအားပေး

ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ ဘဏ္ဍာရေးဝန်ကြီးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဇွန် ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည်။ အစည်းအဝေး တက်ရောက်လာသူ ဘက်အသီးသီးက SCO ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှု တွန်းအားပေးခြင်း၊ SCO ဘဏ္ဍာရေး တတ်သိပညာရှင်ကွန်ရက် တည်ထောင်ခြင်း စသည်တို့အပါအဝင် လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းဖြင့် ဒေသတွင်း ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေးကို ထောက်ခံအားပေးခဲ့သည်။
အစည်းအဝေးကို အွန်လိုင်းနှင့် အော့ဖ်လိုင်းပေါင်းစပ်သည့် နည်းလမ်းဖြင့် တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး လန်ဖူအန်းနှင့် တရုတ်နိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဖန်ကုန်းစိန့်တို့က အတူတကွ သဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း စီးပွားရေး၊ ဘဏ္ဍာရေး အခြေအနေများနှင့် စိန်ခေါ်မှုများကို နက်ရှိုင်းစွာဆွေးနွေးခဲ့ကြပြီး နိုင်ငံအသီးသီးက ဘဏ္ဍာရေး၊ ငွေကြေး၊ အစိမ်းရောင် အသွင်ကူးပြောင်းမှု၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု စသည့်ကဏ္ဍများတွင် မူဝါဒ လက်တွေ့ဖော်ဆောင်မှုများကို မျှဝေခဲ့သည်။ ဘက်အသီးသီးက ဒေသတွင်း ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေး လှုပ်ရှားဆောင်ရွက်ရန်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဖွံ့ဖြိုးတိုးတက်ရေးဘဏ် တည်ထောင်မှု တွန်းအားပေးရေး ကဏ္ဍတွင် လက်တွေ့တိုးတက်မှုများရရှိရန် ထောက်ခံအားပေးခဲ့ပြီး SCO ဘဏ္ဍာရေး တတ်သိပညာရှင်ကွန်ရက် တည်ထောင်ခြင်းကို သဘောတူညီခဲ့ကာ ကိုယ်ပိုင်ငွေကြေးဖြင့် စာရင်းရှင်းမှု စီစဉ်ခြင်းနှင့် အားလုံးပါဝင်သော ဒစ်ဂျစ်တယ်ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် လန်ဖူအန်းက လက်ရှိတွင် ကမ္ဘာ့ ရာစုနှစ် အပြောင်းအလဲများသည် အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိရာ အသစ်တစ်ကြိမ် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် ကုန်ထုတ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေးတို့ နက်ရှိုင်းစွာ တိုးတက်လျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းခြင်း၊ အစိမ်းရောင် အသွင်ပြောင်းခြင်း၊ စမတ်အသွင်ပြောင်းခြင်း အလားအလာတို့သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများအတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ထောက်ပံ့ပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
တစ်ချိန်တည်းတွင် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နောက်ပြန်လှည့်မှု၊ ပထဝီနိုင်ငံရေး ပဋိပက္ခ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများ ရောယှက်ပေါင်းစပ်လာခြင်းက တစ်ကမ္ဘာလုံးနှင့် ဒေသတွင်း စီးပွားရေးနှင့် ဘဏ္ဍာရေးအတွက် ဆိုးရွားသော စမ်းသပ်မှုများ သယ်ဆောင်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းခြင်း၊ မက်ခရိုစီးပွားရေး မူဝါဒညှိနှိုင်းမှု မြှင့်တင်ခြင်း၊ ဘဏ္ဍာရေး လက်တွေ့တကျ ပူးပေါင်းဆောင်ရွက်မှု စဉ်ဆက်မပြတ် နက်ရှိုင်းစေခြင်း၊ “ရှန်ဟိုင်းစိတ်ဓာတ်” တိုးတက်ပြန့်ပွားအောင် လုပ်ဆောင်ခြင်းတို့ဖြင့် SCO ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက် အခြေအနေအသစ်ကို အဆက်မပြတ် ဖန်တီးဖွင့်လှစ်ကာ ပိုမိုနီးကပ်သော SCO အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် ပိုမိုကြီးမားသည့် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း လန်ဖူအန်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
上合组织成员国财长和央行行长会议支持深化财金合作
新华社北京6月4日电(记者申铖)2025年上海合作组织成员国财长和央行行长会议3日在北京举行。会议各方支持采取行动深化区域财金合作,包括推进成立上合组织开发银行、建立上合组织财金智库网络等。
会议采取线上线下相结合的方式,由财政部部长蓝佛安和中国人民银行行长潘功胜共同主持。
会议深入讨论了全球和区域经济金融形势和挑战,分享了各国在财政货币、绿色转型、金融发展等方面的政策实践。各方支持采取行动深化区域财金合作,在推进成立上合组织开发银行方面取得实质性进展,同意建立上合组织财金智库网络,并探讨了完善本币结算安排和深化数字普惠金融合作等议题。
蓝佛安在会上表示,当前百年变局加速演进,新一轮科技革命和产业变革深入发展,数字化、绿色化、智能化趋势为上合组织成员国提供了新的合作机遇。同时,贸易保护主义、全球化逆流、地缘冲突、气候变化等多重挑战交织叠加,给全球和地区经济金融稳定带来严峻考验。
蓝佛安称,各成员国应坚定维护多边主义,加强宏观经济政策协调,持续深化财金务实合作,弘扬“上海精神”,不断开创上合组织财金合作新局面,为构建更加紧密的上合组织命运共同体作出新的更大贡献。(完)
图说:这是6月3日拍摄的2025年上海合作组织成员国财长和央行行长会议现场。新华社记者 李鑫 摄