မြန်မာ-中文
အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်မည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

တီဟီရန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အီရန်နှင့် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုကို ဇူလိုင် ၂၅ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
စဉ်းစားမှုများလုပ်ဆောင်ပြီးနောက် အီရန်က အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံတို့နှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန် သဘောတူညီပြီးဖြစ်ကြောင်း၊ အသေးစိတ်အချိန်နှင့် နေရာအား ဆွေးနွေးအတည်ပြုဆဲဖြစ်ကြောင်း အီရန် Tasnim သတင်းဌာနက ဇူလိုင် ၂၀ ရက်တွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်ထံသို့ “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်မှု” လုပ်ငန်းစဉ် စတင်မည့် ဆုံးဖြတ်ချက်အား ဖော်ပြ၍ နျူကလီးယားအရေး ဆွေးနွေးညှိနှိုင်းမှုအား အမြန်ဆုံး ပြန်လည်စတင်ရန် အီရန်အား တိုက်တွန်းခဲ့ကြောင်း ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇူလိုင် ၁၄ ရက်တွင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု လုပ်ဆောင်ခဲ့ရာ ဩဂုတ်လကုန်အား အီရန်နှင့် အမေရိကန် နျူကလီးယားအရေး သဘောတူညီချက် ရရှိသည့် နောက်ဆုံးကန့်သတ်ချက်အဖြစ် ထားရှိရန်၊ သို့မဟုတ်ပါက ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ သုံးနိုင်ငံက အီရန်ထံသို့ “ဒဏ်ခတ်အရေးယူမှု အမြန်ဆုံး ပြန်လည်ဖော်ဆောင်မှု” လုပ်ငန်းစဉ် စတင်၍ အီရန်အပေါ် ဒဏ်ခတ်အရေးယူမှု ပြန်လည် လုပ်ဆောင်သွားမည်ကို သဘောတူခဲ့ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ (Xinhua)
——————
(Chinese Version)
伊朗外交部:伊将与英法德三国进行核谈判
新华社德黑兰7月21日电 伊朗外交部21日发表声明说,伊朗与英国、法国、德国的副外长级核谈判将于25日在土耳其伊斯坦布尔举行。
另据伊朗塔斯尼姆通讯社20日援引知情人士的话报道,经过考虑,伊朗已同意与英国、法国、德国三国就伊朗核问题举行会谈,具体时间地点仍在商榷。
法国外交部17日说,英法德三国外长向伊朗表明启动“快速恢复制裁”程序的决心,敦促伊朗尽快恢复核谈判。美国阿克西奥斯新闻网站报道,美国务卿鲁比奥14日与英法德外长进行电话会商,同意将8月底设定为伊朗与美国达成核协议的最后期限,否则英法德三国将启动“快速恢复制裁”程序,恢复对伊制裁。(完)
图说:这是6月24日在伊以停火协议生效后拍摄的伊朗首都德黑兰街景。新华社发