Connect with us

မြန်မာ-中文

ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်တွင် အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်

ရုရှားနိုင်ငံ Kamchatka ဒေသ Petropavlovsk-Kamchatsky မြို့တွင် ငလျင်ကြောင့် ပျက်စီးသွားသော မူကြိုကျောင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Government of the Kamchatka Territory of Russia)

မော်စကို၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်၌ ဇူလိုင် ၃၀ ရက်တွင် အင်အား ၆.၅ အဆင့်ရှိ ငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ ထိုနေ့သတင်းဖော်ပြချက်ကို ကိုးကား၍ ရုရှားမီဒီယာများက သတင်းဖော်ပြခဲ့ကြသည်။
ငလျင်သည် Kuril ကျွန်းစု Severo-Kurilsk ခရိုင်နှင့် ၁၇၈ ကီလိုမီတာအကွာ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ ငလျင်အနက်သည် ၆၈ ကီလိုမီတာဖြစ်ကြောင်း၊ ထို့နောက် အဆိုပါဒေသ၌ အင်အား ၅.၃ အဆင့်ရှိ ငလျင် နောက်ထပ်တစ်ကြိမ် လှုပ်ခတ်မှုအား တိုင်းတာတွေ့ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
ရုရှားသိပ္ပံအကယ်ဒမီ ဘူမိရူပဗေဒဆိုင်ရာ ပေါင်းစပ်ဝန်ဆောင်မှုအဖွဲ့ Kamchatka ဌာနခွဲ၏ သတင်းအရ Kamchatka ကျွန်းဆွယ်တွင် ဇူလိုင် ၃၀ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အင်အား အဆင့် ၅ နှင့် အထက်ရှိ နောက်ဆက်တွဲငလျင်များ အကြိမ် ၁၀၀ ကျော် ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
堪察加半岛近海再次发生强震
新华社莫斯科7月30日电(记者包诺敏)俄罗斯媒体30日援引俄罗斯科学院“统一地球物理局”堪察加分部消息报道说,堪察加半岛近海当天再次发生6.5级地震。
报道说,地震发生在距离位于千岛群岛的北库里尔斯克区178公里处,震源深度为68公里。随后,该区域又记录到一次5.3级地震。
据俄科学院“统一地球物理局”消息,堪察加半岛30日发生强震后,已伴随发生100多次5级及以上余震。(完)
图说1:这是7月30日拍摄的俄罗斯堪察加彼得罗巴甫洛夫斯克市在地震中受损的幼儿园。新华社发(俄罗斯勘察加边疆区政府供图)
图说2:7月30日,在智利瓦尔帕莱索大区康孔市,一名女士准备向安全地带撤离。新华社发