Connect with us

မြန်မာ-中文

အမေရိကန်နှင့်ကုန်သွယ်ရေးသဘောတူညီချက်က ဥရောပ၏ အခွင့်အရေးနှင့် အကျိုးစီးပွားအပေါ် ထိခိုက်သည်ဟု ဥရောပနိုင်ငံအများအပြား ယူဆ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပသော ဥရောပသမဂ္ဂ ထိပ်သီးအစည်းအဝေး အခမ်းအနားမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ‌ - European Union)

ပဲရစ်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂနှင့် အမေရိကန်သည် နှစ်ဖက်အကြား ဇူလိုင်လတွင် ရရှိထားသော ကုန်သွယ်ရေးသဘောတူညီချက်၏ အသေးစိတ် အကြောင်းအရာများအား မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။ သဘောတူညီချက်သည် ဥရောပသမဂ္ဂနှင့် အမေရိကန်၏ ကုန်သွယ်ရေးတင်းမာမှုအခြေအနေကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပေးပြီး အတိုင်းအတာတစ်ခုရှိသည့် “တည်ငြိမ်မှု” ကို ဆောင်ကြဉ်းပေးသော်လည်း ဥရောပ ကိုယ်ပိုင်ရပ်တည်မှုအနေအထား၏ လျော့ရဲအားနည်းမှုကို ထပ်မံဖော်ပြခြင်းဖြစ်သလို အတ္တလန္တိတ်သမုဒ္ဒရာဖြတ်ကျော်ဆက်ဆံရေး စိန်ခေါ်မှုများရင်ဆိုင်နေရသည်ကို လှစ်ဟပြသလျက်ရှိကြောင်း ဥရောပသမဂ္ဂနိုင်ငံအများအပြားက ယူဆကြသည်။

လက်ရှိ ဥရောပသမဂ္ဂ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက် ဗားရှင်းသည် ဥရောပသမဂ္ဂက အမေရိကန်အပေါ် “အလျှော့ပေး” ခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ အချို့နိုင်ငံများ၏ အရာရှိများက ဝေဖန်ကြသည်။ ဘယ်လ်ဂျီယမ် နိုင်ငံခြားရေးဝန်ကြီး Maxime Prevost က “ဒါက ဂုဏ်ပြုထိုက်တဲ့ သဘောတူညီချက်တစ်ရပ် မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။ အီတလီဝန်ကြီးချုပ် Giorgia Meloni က ယင်းသဘောတူညီချက်သည် “ပြည့်စုံမှုမရှိ” ကြောင်း၊ လယ်ယာစားသောက်ကုန် အခွန်ကင်းလွတ်ခွင့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ထပ်မံရှင်းလင်းရန် လိုအပ်ကြောင်း ယူဆသည်။
စာချုပ်သည် “မျှတမှုမရှိ” ကြောင်း၊ ဥရောပသည် ထို့ကြောင့်ပင် “မှောင်မိုက်သည့်နေ့ရက်များ” ကို ဖြတ်သန်းနေရကြောင်း ပြင်သစ်ဝန်ကြီးချုပ် François Bayrou ပြစ်တင်ခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် ခြိမ်းခြောက်မှုတန်ပြန်ခြင်းကိရိယာများကို အသုံးပြု၍ တန်ပြန်တုံ့ပြန်မှုများပြုလုပ်ရန် တောင်းဆိုသည့် အသံများက ပြင်သစ်နိုင်ငံရေးလောကတွင် ကျယ်လောင်လျက်ရှိသည်။

စပျစ်ဝိုင်တင်ပို့မှုတွင် စည်းကြပ်ခွန်ကင်းလွတ်ခွင့်မရသည့်အမိန့်အပေါ် ပြင်သစ်နှင့် အီတလီမှ ကုန်ထုတ်လုပ်သူများက “အလွန်အမင်း စိတ်ပျက်” ကြရာ အဆိုပါနှစ်နိုင်ငံက အမေရိကန်သို့ စပျစ်ဝိုင်တင်ပို့မှုသည် ဥရောပသမဂ္ဂတွင် အချိုးအစား အတော်အသင့်မြင့်မားသည်။ ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးအား တာဝန်ယူရသော ဝန်ကြီးအဆင့် ကိုယ်စားလှယ် Laurent Saint-Martin က “ကျွန်တော်တို့ရဲ့ ပို့ကုန်လုပ်ငန်းကို ကာကွယ်ရမှာက ထိပ်တန်းတာဝန်ဝတ္တရားဖြစ်ဆဲပါ” ဟု ပြောကြားခဲ့ပြီး အနာဂတ်တွင် တစ်ဆင့်တိုး စေ့စပ်ဆွေးနွေးရန်အလားအလာ ရှိသေးကြောင်း အလေးထားပြောကြားခဲ့သည်။

ဥရောပ-အမေရိကန် ကုန်သွယ်ရေးသဘောတူညီချက်သည် ယူရိုဇုန်တစ်ခုလုံး၏ စီးပွားရေးတိုးတက်မှုကို ရိုက်ခတ်မှု ဖြစ်စေကြောင်း ဥရောပဗဟိုဘဏ် (ECB) က ကြိုတင်ခန့်မှန်းထားသည်။ တစ်ချိန်တည်းတွင်ပင် သက်ဆိုင်ရာ စည်းကြပ်ခွန်အစီအမံများသည် ကမ္ဘာ့စီးပွားရေးကို ဂယက်ရိုက်ခတ်မည်ဖြစ်သလို ကာလလတ် ငွေကြေးဖောင်းပွမှုဖိအား သယ်ဆောင်လာနိုင်ကြောင်း သိရသည်။

အမေရိကန်အစိုးရက ညီမျှမှုမရှိသည့် မူဘောင်ကို အတင်းအဓမ္မ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း၊ ယင်းမှာ ဥရောပသမဂ္ဂက အမေရိကန်ထုတ် စက်မှုလုပ်ငန်းထုတ်ကုန်ပစ္စည်းများနှင့် အမေရိကန် လယ်ယာထုတ်ကုန်ပစ္စည်းများ သက်သာချောင်ချိမှုဖြင့် ဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးခြင်းဖြင့် အမေရိကန်က ဥရောပသမဂ္ဂသွင်းကုန်ပစ္စည်းအများစုအပေါ် စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းကောက်ခံခြင်းကို လဲလှယ်ရခြင်းဖြစ်ကြောင်း ပြင်သစ်မီဒီယာများက ထောက်ပြကြသည်။ ဥရောပသမဂ္ဂသည် ကုန်သွယ်ရေးပွတ်တိုက်မှုများကို ရှောင်ရှားလိုက်သော်လည်း အမေရိကန်အပေါ် မှီခိုမှုအား ပို၍နက်ရှိုင်းစေခြင်းဖြင့် ပေးဆပ်လိုက်ရကြောင်း၊ ၎င်းတို့အနက် လာမည့် သုံးနှစ်တွင် အမေရိကန်မှ ကန်ဒေါ်လာ ၇၅၀ ဘီလီယံ တန်ဖိုးရှိ စွမ်းအင်ထုတ်ကုန်ပစ္စည်းနှင့် ကန်ဒေါ်လာ ၄၀ ဘီလီယံတန်ဖိုးရှိ ဉာဏ်ရည်တုချိ(ပ်) တို့ ဝယ်ယူရန် စသည်တို့ ပါဝင်ကြောင်း သိရသည်။
ဘယ်လ်ဂျီယမ် Think Tank အဖွဲ့ Bruegel သုတေသနဌာနမှ သုတေသီ Nicolas Poitier က ဤအတ္တလန္တိတ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူစာချုပ်သည် ယမန်နှစ်နှင့်နှိုင်းယှဉ်လျှင် “နှစ်ဖက်ကုန်သွယ်ရေးဆက်ဆံမှုကို ကြီးကြီးမားမား ဆိုးရွားစေကြောင်း” ၊ “ကုန်သွယ်စီးပွားအလွှာတွင် ကပ်ဘေးအသွင်ဟု ဆိုနိုင်ကြောင်း” ယူဆသည်။ (Xinhua)

——————–
(Chinese Version)
综述|欧洲多国认为对美贸易协议损害欧洲利益
新华社巴黎8月24日电 综述|欧洲多国认为对美贸易协议损害欧洲利益   新华社记者崔可欣
欧盟与美国日前公布双方在7月达成新贸易协议的具体细节。不少欧盟国家认为,协议虽部分缓解了欧盟与美国的贸易紧张局势,带来一定程度的“稳定”,但进一步显示欧洲自主地位的脆弱性,也反映出跨大西洋关系面临的挑战。
一些欧盟国家官员批评当前的欧美贸易协议版本是欧洲对美国的“屈服”。比利时外交大臣马克西姆·普雷沃表示:“这并非一项值得庆祝的协议。”意大利总理梅洛尼认为,该协议“不完整”,美国需就农业食品豁免条款作出进一步说明。
法国总理贝鲁指责协议“不平衡”,欧洲因此经历“黑暗日”。法国政界要求欧盟动用反胁迫工具进行反制的呼声高涨。
葡萄酒出口未获关税豁免令法国和意大利生产商“极度失望”,两国对美葡萄酒出口在欧盟占比较高。法国负责对外贸易的部长级代表洛朗·圣-马丁表示,“捍卫我们的出口行业仍是首要任务”,强调未来仍有进一步谈判空间。
欧洲央行预计,欧美贸易协议会对欧元区整体经济增长带来冲击。同时,相关关税措施将波及全球经济,可能带来中期通胀压力。
法国媒体指出,美国政府强行设定了不对等框架:欧盟需取消对美国产工业品的关税并为美农产品提供优惠市场准入,以换取美国对大多数欧盟输美商品征收15%的关税。欧盟虽避免了贸易摩擦升级,但代价是加深了对美依赖,其中包括未来3年计划从美国购买7500亿美元能源产品及400亿美元人工智能芯片等。
比利时智库布鲁盖尔研究所研究员尼克拉斯·普瓦捷认为,这份跨大西洋贸易协议和去年相比“大大恶化了双方贸易关系”,“在经贸层面堪称灾难”。(完)
1. 这是6月26日在比利时布鲁塞尔拍摄的欧盟峰会现场。新华社发(欧盟供图)