Connect with us

မြန်မာ-中文

နှစ် ၄၀ ကြာ စောင့်ကြပ်ကာကွယ်ရေး လမ်းကြောင်း- တရုတ်နိုင်ငံတွင် မွန်ဂိုလီးယားမြင်းရိုင်း အကောင်ရေ ၉၀၀ ကျော်ထိရှိလာ

တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့တွင် ကျင်းပသော “မွန်ဂိုလီးယားမြင်းရိုင်းများ ပြန်လည်ရောက်ရှိခြင်း နှစ် ၄၀ ပြည့်” အခမ်းအနားကို ဩဂုတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူးလူမုချီ၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) အကောင်ရေသည် ၉၀၀ ကျော်ထိရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံး၏ သုံးပုံတစ်ပုံ အချိုးအစားရှိရာ နိုင်ငံတကာက အသိအမှတ်ပြုသော မျိုးစိတ်ပြန်လည်တင်သွင်းမှုအစပျိုးရေး၏ အောင်မြင်သည့် စံနမူနာဖြစ်ကြောင်း၊ လက်ရှိတွင် ရှင်းကျန်း၊ ကန်းစု၊ နင်းရှ၊ အတွင်းမွန်ဂိုလီးယားစသည့် ဒေသများတွင် မွန်ဂိုလီးယားမြင်းရိုင်းများအား ဘေးမဲ့ပြန်လွှတ်ပေးရေးလုပ်ငန်းကို စဉ်ဆက်မပြတ်မြှင့်တင်လျက်ရှိရာ ၎င်းတို့နေထိုင်ကျက်စားရာနေရာများသည် အဆက်မပြတ် တိုးချဲ့လာခဲ့ကြောင်း သတင်းထောက်က တရုတ်နိုင်ငံ ရှင်းကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့တွင် ဩဂုတ် ၆ ရက်က ကျင်းပသော “မွန်ဂိုလီးယားမြင်းရိုင်းများ ပြန်လည်ရောက်ရှိခြင်း နှစ် ၄၀ ပြည့်” အခမ်းအနားမှ သိခဲ့ရသည်။

မွန်ဂိုလီးယားမြင်းရိုင်းများသည် ကမ္ဘာပေါ်တွင် တစ်မျိုးတည်းသော အသက်ရှင်ကျန်ရစ်သည့် မြင်းအမျိုးအစားဖြစ်သလို နိုင်ငံ ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားသော တိရစ္ဆာန်၊ ကမ္ဘာတစ်ဝန်း မျိုးသုန်းရန် အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်ဖြစ်သည်။ ၁၉၈၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် “မြင်းရိုင်းများ ဇာတိပြန်ရေး” အစီအစဉ် စတင်ဖော်ဆောင်ခဲ့ပြီး နိုင်ငံခြားမှ မြင်းရိုင်းများ ပြန်လည်တင်သွင်းခဲ့ပြီး ရှင်းကျန်းနှင့် ကန်းစုဒေသတွင် သားဖောက်မျိုးပွါးမွေးမြူရေးအခြေစိုက်စခန်းများ တည်ဆောက်ခဲ့သည်။ ရှင်းကျန်း Kalamely တောင်တွင် ခွာပါ တောရိုင်းတိရစ္ဆာန် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်သည် ၎င်း၏ ထူးခြားသောပထဝီဝင်အနေအထားနှင့် ဂေဟစနစ်အားသာချက်များကို အခြေခံ၍ မွန်ဂိုလီးယားမြင်းရိုင်းများ မျိုးပွားကျက်စားရာ အချက်အချာ မိသားစုဥယျာဉ်ဖြစ်လာသည်။ ရှင်းကျန်းဒေသ မြင်းရိုင်း မျိုးပွားရေးသုတေသနစင်တာသည် ယခုအချိန်ထိ မွန်ဂိုလီးယားမြင်းရိုင်း အကောင်ရေ စုစုပေါင်း ၈၀၀ ကျော် မွေးဖွားပြီး မြင်းရိုင်းအကောင်ရေ ၁၄၆ ကောင်ကို ၁၈ ကြိမ် သဘာဝအတွင်း ပြန်လည်လွှတ်ပေးခဲ့သည်။

မကြာသေးမီနှစ်များတွင် ရှင်းကျန်းဒေသသည် မွန်ဂိုလီးယားမြင်းရိုင်းမျိုးစိတ်အုပ်စု ကျယ်ပြန့်စေရန်နှင့် ပြန်လည်လွှတ်ပေးရေး စမ်းသပ်မှုကို တိုးချဲ့စေရန် မွန်ဂိုလီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ ကန်းစု၊ နင်ရှ၊ အတွင်းမွန်ဂိုလီးယား ပြည်နယ်ဒေသအများအပြားတွင် မွန်ဂိုလီးယားမြင်းရိုင်း ၄၁ ကောင် ပို့ဆောင်ခဲ့ပြီး ဒေသဖြတ်ကျော်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မွန်ဂိုလီးယားမြင်းရိုင်းများ စောင့်ရှောက်ရေးအား စုပေါင်းမြှင့်တင်ကာ မွန်ဂိုလီးယားမြင်းရိုင်းအတွက် ပိုမိုကျယ်ပြန့်သော နေထိုင်ကျက်စားရာနေရာ ပံ့ပိုးပေးပြီး မွန်ဂိုလီးယားမြင်းရိုင်းမျိုးစိတ်အုပ်စုအား ပိုမိုထိရောက်စွာ ပြန်လည်ကောင်းမွန်စေမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တာ့ချင်းဆန်းအမျိုးသား သဘာဝထိန်းသိမ်းစောင့်ရှောက်ရေးဇုန်တွင် မွန်ဂိုလီးယားမြင်းရိုင်းများအား ၂၀၂၅ ခုနှစ် ဇူလိုင် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
新华全媒+|40年守护之路:我国普氏野马数量突破900匹
新华社照片,乌鲁木齐,2025年8月7日
记者8月6日从在乌鲁木齐举行的“普氏野马回归40周年”活动上获悉,我国普氏野马种群数量已突破900匹,占全球总量的三分之一,被国际公认为物种重引入的成功典范。目前,新疆、甘肃、宁夏、内蒙古等地正持续推进普氏野马野化放归工作,其栖息地不断扩大。
普氏野马是世界上唯一存活的野生马种,是国家一级保护动物、全球濒危大型野生动物。1985年我国启动实施“野马返乡”计划,从国外引回野马并在新疆和甘肃建立繁育基地。新疆卡拉麦里山有蹄类野生动物自然保护区依托独特的地理与生态优势,成为普氏野马繁衍生息的核心家园。新疆野马繁殖研究中心至今已累计繁殖普氏野马800余匹,野放18批次146匹。
近年来,新疆加快推进普氏野马种群扩散和扩大放归试验,先后向蒙古国以及甘肃、宁夏、内蒙古多省区输送普氏野马41匹,通过跨区域合作,合力推进普氏野马保护,为普氏野马提供更广阔的栖息地,让普氏野马种群得到更有效的恢复。
图说1:8月6日,新疆乌鲁木齐举行“普氏野马回归40周年”活动。新华社记者 丁磊 摄
图说2:这是在内蒙古大青山国家级自然保护区拍摄的普氏野马(7月14日摄)。 新华社发(张赫凡 摄)