Connect with us

မြန်မာ-中文

ကမ္ဘာ့အမြင့်ဆုံးတံတား၏ အလှမြင်ကွင်းများကို အတူတကွ ကြည့်ရှုကြရအောင်

နေဝင်ဆည်းဆာအချိန်တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းလျှိုမြောင် အထူးတံတားကြီးကို စက်တင်ဘာ ၂၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

ကျန်းဖုန်း (ကွေ့ကျိုး)၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အချိန် ၃ နှစ်ကြာ တည်ဆောက်ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးတံတားအသစ်ဖြစ်သော တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းလျှိုမြောင် အထူးတံတားကြီးကို စက်တင်ဘာ ၂၈ ရက်က တရားဝင် တည်ဆောက်ပြီးစီး၍ ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။
ဟွားကျန်းလျှိုမြောင် မဟာအထူးတံတားသည် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် လျို့ကျီးဒေသမှ အန်းလုန်အမြန်လမ်းမအထိ ထိန်းချုပ်မှုအင်ဂျီနီယာလုပ်ငန်းဖြစ်ကာ အထူးတံတား စုစုပေါင်းအရှည်မှာ ၂,၈၉၀ မီတာ၊ ပင်မခန်းဖွင့် ၁,၄၂၀ မီတာရှိပြီး လက်ရှိ ကမ္ဘာပေါ်တွင် တောင်တန်းဒေသ လျှိုမြောင်ရှိ ခန်းဖွင့်အရှည်ဆုံးသံမဏိ ကြိုးဆိုင်းတံတားဖြစ်သည်။ ယင်းတံတား မျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင်နှင့် ဒေါင်လိုက်အမြင့် ၆၂၅ မီတာတွင်ရှိပြီး ကမ္ဘာ့အမြင့်ဆုံးဖြစ်ခဲ့သော ပေဖန်ကျန်းမြစ်ကူးတံတားကို ကျော်လွန်၍ ကမ္ဘာ့အမြင့်ဆုံးတံတားအသစ်ဖြစ်လာခဲ့ရာ “အလျားလိုက်၊ ဒေါင်လိုက် ထိပ်တန်းပထမ” ဟူ၍ လူသိများကြသည်။ မတူညီသောအချိန်ကာလများနှင့် အလင်းရောင်အောက်တွင် ဤကမ္ဘာ့အမြင့်ဆုံးတံတားသည် မတူညီသောအလှမြင်ကွင်းများကို ဖော်ပြလျက်ရှိသည်။ (Xinhua)

ညအချိန်အခါတွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်ရှိ ဟွားကျန်းလျှိုမြောင် အထူးတံတားကို စက်တင်ဘာ ၂၈ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
一起来看世界第一高桥的美景
新华社照片,贞丰(贵州),2025年9月28日
经过三年多建设,新的世界第一高桥——贵州花江峡谷大桥于9月28日正式建成通车。
花江峡谷大桥是贵州六枝至安龙高速公路的控制性工程,大桥全长2890米,主跨1420米,是目前世界山区峡谷第一大跨度钢桁梁悬索桥;其桥面距水面垂直高度625米,超越北盘江第一桥成为新的世界第一高桥,被誉为“横竖都是第一”。在不同时段的光线下,世界第一高桥呈现出不同的美景。
图说1:9月28日拍摄的夕阳下的贵州花江峡谷大桥(无人机照片)。新华社记者 杨文斌 摄
图说2:9月28日拍摄的夜幕下的贵州花江峡谷大桥(无人机照片)。新华社记者 杨文斌 摄