Connect with us

မြန်မာ-中文

ဝမ်ရိနှင့် ကာတာနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့၊ မီဒီယာစင်တာရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ၂၀၂၆ ခုနှစ် မတ် ၈ ရက်တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေး” ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိတ်ကြားချက်အရ ကာတာနိုင်ငံ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman Al Thani နှင့် မတ် ၁၀ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

Al Thani က ဒေသတွင်းအခြေအနေနှင့် ကာတာနိုင်ငံ၏ ရပ်တည်ချက်အား အသိပေးပြောကြားခဲ့ရာ ကာတာနိုင်ငံအနေဖြင့် လိုအပ်သည့် မိမိကိုယ်ကို ခုခံကာကွယ်မှုများကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သလို တစ်ချိန်တည်းတွင်ပင် သံတမန်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ဆောင်ရွက်ကာ အကျပ်အတည်းများ ပျံ့နှံ့ပြီး အရှိန်မြင့်တက်လာခြင်းကို တားဆီးလျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။ ကာတာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည်ချက်နှင့် ကြားဝင်ညှိနှိုင်းပေးမှုများကို တန်ဖိုးထားချီးကျူးကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် တိုက်ပွဲရပ်တန့်ရေးအတွက် တရုတ်နိုင်ငံဘက်က ပိုမိုကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်သွားရန်မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာတွင် အခြေခံမူများကို အစဉ်တစိုက် ကိုင်စွဲကာ တရားမျှတမှုကို လက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် အစ္စရေးသည် လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရှိဘဲ အီရန်အား လက်နက်အင်အားဖြင့် တိုက်ခိုက်ခြင်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်အခြေခံမူနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် မိမိတို့အနေဖြင့် တိုက်ခိုက်သည့်အတိုင်းအတာ တိုးချဲ့ခြင်းကိုလည်း လက်မခံသလို အရပ်သားနှင့် စစ်ရေးမဟုတ်သောပစ်မှတ်များအပေါ် ခွဲခြားမှုမရှိဘဲ တိုက်ခိုက်ခြင်းကို ပြစ်တင်ရှုတ်ချကြောင်း၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည်စုံမှုကို အပြည့်အဝ လေးစားသင့်ကြောင်း၊ စစ်ပွဲဆက်လက်ဖြစ်ပွားခြင်းမှာ ဆိုးကျိုးများ၍ ကောင်းကျိုးတစ်ခုမျှ ရှိမည်မဟုတ်ဘဲ ဘက်ပေါင်းစုံကို နစ်နာဆုံးရှုံးမှု ပို၍ များစေမည်သာဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ချက်ချင်း အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲရပ်တန့်ရန်၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး ကြိုးပမ်းရန် တိုက်တွန်းသလို ဒေသတွင်းအနာဂတ်ကံကြမ္မာကို ပင်လယ်ကွေ့နိုင်ငံများက မိမိ၏လက်ထဲတွင် ထားရှိခြင်းအပေါ် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံသည် မိမိ၏နည်းလမ်းဖြင့် အခြေအနေပြေလျော့ရေး၊ ပြန်လည်ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆက်လက် ပါဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
王毅同卡塔尔首相兼外交大臣穆罕默德通电话
新华社北京3月10日电 3月10日,中共中央政治局委员、外交部长王毅应约同卡塔尔首相兼外交大臣穆罕默德通电话。
穆罕默德通报了地区局势和卡方立场,强调卡方不得不进行必要自卫,同时加大外交努力,遏制危机蔓延升级。卡方赞赏中方秉持公正立场并开展斡旋,希望中方为停火止战发挥更大作用。
王毅表示,中国作为联合国安理会常任理事国,在国际事务中历来坚持原则,主持公道。美国和以色列未经安理会授权对伊朗动武,明显违背《联合国宪章》宗旨原则和国际关系基本准则。同时,我们也不认同扩大打击范围,谴责无差别攻击平民和非军事目标。海湾阿拉伯国家的主权、安全和领土完整应得到尊重。战争持续下去有百害而无一利,只会使各方遭受更大损失。中方呼吁立即停火止战,寻求政治解决,支持海湾国家把地区的前途命运掌握在自己手中。中方将继续以自己的方式为缓和局势、恢复和平发挥建设性作用。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 曹祎铭 摄